
မေး။ ။ မင်္ဂလာပါ ခင်ဗျာ။ နာမည်၊မေဂျာ၊ကျောင်း၊ ကျောင်းဆင်းခဲ့တဲ့ခုနှစ်နဲ့  မိတ်ဆက်ပြီး စလိုက်ကြရအောင်။
မင်္ဂလာပါ။ နံမည်ကတော့ မဇာဇာထွန်းပါ။ ၂၀၀၀ခုနှစ် မတ်လမှာ မြို့ပြနဲ့ AGTI ရခဲ့ပါတယ်။ ပြီးတော့ B Tech နဲ့ BE ကို ၂၀၀၂ မှာ ဆက်တက်ခဲ့ပါတယ်။
မေး။ ။ ကျောင်းတက်တုန်းကဘဝကို အနည်းအကျဉ်းလေးပြောပါလား။
ကျောင်းတက်တုန်းက အရမ်းကို ပျော်ခဲ့ တာပါ အထူးသဖြင့်တော့ GTI တက်တုန်းကပေါ့။ ကျောင်းကိုရောက်တာ ၁၇.၀၃.၁၉၉၈ မှာပါ ဗိုလ်ကြီးသန်းနောင် အဆောင်မှာပေါ့။ မှတ်မှတ်ရရပေါ့ ကျောင်းရောက်ပြီး သိပ်မကြာဘူး အဆောင်က လူတွေနဲ့ ကျိုက်ထီးရိုးဘုရားဖူး လိုက်သွားတယ်လေ။ အဲဒီက ပြန်လာပြီးတော့ ကျောင်းမတက်ချင်တော့ပါဘူးဆိုပြီး အိမ်ကို ငိုပြီးပြောတော့ ဦးလေးတစ်ယောက် လွှတ်ပြီး ပြန်ဖို့လာခေါ်တယ်။ ဆရာမကသိတော့ တားတယ်။ ဆက်တက်ကြည့်လိုက်ပါအုံးတဲ့။ နောက်မှ အင်ဂျင်နီယာ ဖြစ်ချင်လို့ မရတော့ဘူးနော်တဲ့။ အဲတာနဲ့ ပဲ ဆက်တက်လိုက်တာ ၆နှစ်ကြာတယ် မော်လမြိုင်မှာ။ အိမ်ကလူတွေကတောင် တောသူမလို့ ခေါ်တယ်။ ကျွန်မတို့ ရပ်ကွက်က လူတွေဆိုရင် ကျွန်မကို မသိကြဘူး။
မေး။ ။ ကျောင်းပြီးတော့ရော ဘာတွေလုပ်သေးလဲ။
BE ကျောင်းပြီးတော့ ရန်ကုန်မှာ ME ဆက်တက်လိုက်သေးတယ်။ Thesis လုပ်နေရင်းနဲ့ သွင်းကုန်ထုတ်ကုန် တစ်ခုမှာ အလုပ်ဝင်လုပ်လိုက်တယ်။ ဘာရယ်လို့တော့ မဟုတ်ပါဘူး အမေက လုပ်ဆိုလုပ်လိုက်တာပဲ။
မေး။ ။ စင်္ကာပူကိုထွက်လာရတဲ့အကြောင်းရင်းနဲ့ စီစဉ်ပုံများနည်းနည်းလောက်ပြောနိုင်မလား။
စင်္ကာပူကိုလာဖို့ ရည်ရွယ်ချက် အစက လုံးဝမရှိခဲ့ပါဘူး မန္ဒနာ စင်္ကာပူမှာ NUS ကျောင်းတက်ခွင့် ရပြီလို့ မသိရခင် အချိန်ထိပေါ့။ ရန်ကုန်မှာ Master တက်နေရင်း သူကြိုးစားနေတာသိပါတယ်။ ဒါပေမဲ့ စိတ်မ၀င်စားခဲ့ပါဘူး။ အဲဒီကာလမှာ ကျွန်မတို့ GTC ကနေ စင်္ကာပူမှာ M.Sc တက်လို့ရတယ်ဆိုတာ မသေချာသေးဘူး။ သူကတော့ ကျွန်မတို့ မော်လမြိုင် GTC ရဲ့ ပထမဆုံး စင်္ကာပူ NUS က M.Sc ကို အရယူသူပေါ့။ သူသွားတော့မယ်လို့ သိရတော့မှ သွားချင်စိတ်ဖြစ်လာခဲ့တာ။ အဲဒါနဲ့ အမေ့ကို ပူဆာတာပေါ့။ အမေက ပထမ သဘောမတူဘူး။ နောက်အစ်ကို ကို စစ်ကူခေါ်ပြီး မောင်နှမတစ်တွေ ၀ိုင်းပြောမှ သဘောတူလိုက်တာ။ အဓိကက ကျန်းမာရေးကို စိတ်မချတာပါ။ အဲတာနဲ့ ကျောင်းတက်ဖို့ ဖြစ်လာတာ။ ကျောင်းတက်ဖို့ ဘယ်လိုလျှောက်ခဲ့ လဲဆိုတာကတော့ မန္ဒနာက အစစ အရာရာ သူပဲလုပ်ပေးခဲ့တာ။ ကျွန်မက ရန်ကုန်ကနေ လိုအပ်တဲ့ စာရွက်တွေ ပို့လိုက်တာ။ ဘယ်လိုလျှောက်လဲ ဆိုတာကို သိချင်ရင်တော့ ခေါင်းစဉ်တစ်ခု သပ်သပ်လိုပါလိမ့်မယ်။ အဲတာနဲ့ပဲ ကျွန်မ ဇာဇာထွန်း M.Sc (Civil Engineering) ဆိုတာကို NUS ကနေ ရခဲ့ပြန်တာပေါ့။
မေး။ ။ အခုလက်ရှိအလုပ်လုပ်နေတဲ့ဘဝ အကြောင်းလေးလည်း သိချင်ပါတယ် ခင်ဗျာ။
အခုလက်ရှိကတော့ Consultants Firm (Surbana International Consultants PTE Ltd) မှာ Resident Engineer လုပ်နေပါတယ်။ ကျွန်မအလုပ်ရဲ့ လုပ်ရိုးလုပ်စဉ်ကိုတော့ အားလုံးပဲ သိကြမယ်လို့ ထင်ပါတယ်။ မသိရင်လည်း အကြမ်းဖြင်းကတော့ Supervision of Civil Engineering Work ပါ။ RE တစ်ယောက်အနေနဲ့ လစာ အများကြီးရမယ်လို့တော့ မထင်ပါနဲ့။ J
မေး။ ။ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်လို့ ဘာတွေများဆက်လက်လေ့လာဖြစ်သလဲ။ ဆိုလိုတာက ကျောင်းကသင်ပေးလိုက်တာအပြင် ဘယ်လိုများကိုယ့်ကိုကိုယ် လေ့လာဖြည့်ဆည်းခဲ့ပါသလဲ။
ကျောင်းကသင်ပေးလိုက်တာနဲ့တော့ မလုံလောက်တာ အမှန်ပါ။ ဒါပေမဲ့ ပေးတုန်းမှာ ရအောင်ယူနိုင်ရဖို့လဲ အရေးကြီးပါတယ်။ ကျွန်မရဲ့ သူငယ်ချင်း(ကိုဇော်ရှင်း ၂၀၀၀ Civil) တစ်ယောက်က စာဖတ်ဖို့ ပြောပါတယ်။ ဖတ်ဖို့စာအုပ်တွေလည်း သူပေးပါတယ်။ တကယ်တန်းတော့ စာဖတ်ဖို့က မလွယ်ပါဘူး။ အချိန်မရှိတာရော ပျင်းတာရောပေါ့။ ခုလောလောဆယ်မှာတော့ ကျွန်မတို့ရဲ့ စီနီယာ (ကိုဇော်ရှင်း မိတ်ဆွေပါ) တစ်ယောက်စီမှာ design course နဲ့ software တွေကို သင်ယူနေပါတယ်။
မေး။ ။ လူငယ်တွေအတွက် အခွင့်အလမ်း၊လမ်းကြောင်းတွေ ရှာဖွေဖို့ အခက်အခဲရှိတယ်လို့  ကျွန်တော်ထင်ပါတယ်။ တကယ်လို့ များ အကြံပေးနိုင်ရင် ဘယ်လိုလမ်းကြောင်း၊ဘယ်လို professional မျိုးရွေးသင့်တယ်။ ဘယ်လိုအသုံးဝင်နိုင်တယ် စသည်ဖြင့် အစ်မ အတွေ့ အကြုံနဲ့ ယှဉ်ပြီး အကြံပေးနိုင်မလား။
ကျွန်မကတော့ ဘယ်အရာမကို မဆိုကိုယ်တကယ် စိတ်ဝင်စားလားလို့ သိဖို့ အရင်လုပ်စေချင်ပါတယ်။ ဒါပေမဲ့ ရောက်တဲ့ နေရာမှာ ကိုယ့်အတွက် ရအောင်ဘာလေးပဲ ဖြစ်ဖြစ်ရအောင်ယူပါ
မေး။ ။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ ရဲ့ ဂျူနီယာ ညီ၊ညီမလေးတွေကို စကားလက်ဆောင်လေးပေးချင်တာများရှိရင် ကျေးဇူးပြု၍…….
ရောက်တဲ့နေရာမှာ ရပ်မနေပါနဲ့။ စာဖတ်ပါ။ ခုလောလောဆယ်မှာ ၀ါသနာပါလို့်ပဲ ဖြစ်ဖြစ် မပါလို့ပဲဖြစ်ဖြစ် လုပ်နေရတဲ့ အလုပ်ကို စိတ်မပျက်ပါနဲ့။ တချိန်မှာ အထောက်အကူ ဖြစ်လာမှာပါ။ အနည်းဆုံးတော့ ငါဒါမျိုးလုပ်တတ်တယ်လို့ ပြောလို့ရတာပေါ့။ ကိုယ်လိုချင်တဲ့ နေရာမရောက်သေးလို့လဲ စိတ်ဓါတ်မကျပါနဲ့။ အခုချိန်ထိ ကျွန်မလည်းဘာမှ မတတ်သေးပါဘူး။ ပြဿနာတစ်ခုကြုံလာရင် ဟိုလူ့မေး ဒီလူ့မေးနဲ့ ဖြေရှင်းနေရတာပါပဲ။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အိုင်ဖုန်းဖြင့် မိမိ၏ ကားအား အဝေးထိမ်း ရီမုတ်ကွန်းထရိုး အဖြစ် အသုံးချနိုင် © ( www.wired.com )
မွန်ဂျီတီအိုင် ကျောင်းသူ/ကျောင်းသားဟောင်းများ၏ ဒီဇင်ဘာလပတ် အစည်းအဝေးကို CHOA CHU KANG ရှိ မဇာဇာထွန်းရဲ့ နေအိမ်မှာ (၁၂.၁၂.၂၀၀၉)က ကျင်းပခဲ့ပါတယ်။ အစည်းအဝေးသို့  ကိုသောင်းဆွေဝင်း(95-MP)၊ စောအောင်ထွန်းဦး(97-MT)၊ ကိုနိုင်ဝင်း(99-EC)၊ ကိုအောင်ခိုင်လင်း(98-MP)၊ မအေးနန္ဒာဝင်းမောင်(97-CIVIL)၊ မဝေဝေနွယ်(97-MT)၊ မကြေးမုံဝင်း(99-EP)၊ မဇာဇာထွန်း(2000-CIVIL)၊ တို့  တက်ရောက်ခဲ့ကြပါတယ်။
မွန်ဂျီတီအိုင်ကျောင်းသူ/ကျောင်းသားဟောင်းများ၏ နိုဝင်ဘာလပတ်အစည်းအဝေးကို CHOA CHU KANG ရှိ မဇာဇာထွန်းရဲ.အိမ်တက်မင်္ဂလာနဲ.အတူ သူမရဲ.နေအိမ်မှာ (၁၅.၁၁.၂၀၀၉)က ကျင်းပခဲ့ပါတယ်။ အစည်းအဝေးသို. ကိုဝင်းကျော်မိုး(92EP)၊ ကိုအေးမင်းစိုး(92MP)၊ ကိုသောင်းဆွေဝင်း(95MP)၊ စောအောင်ထွန်းဦး(97MT)၊ ကိုကျော်လွင်ဝင်း(96-MP)၊ ကိုမင်းသူ(99-EP)၊ ကိုနိုင်ဝင်း(99-EC)၊ ကိုဇင်မင်းအောင်(2000-IT)၊ ကိုထွေးစိုးဟန်(2000-EP)၊ မခင်ထိပ်တင်(97-CIVIL)၊မနွယ်ဇင်နှင်း(97-MT)၊ မအိအိခိုင်(98-EP)၊ မစုမာဝင်း(97-CIVIL)၊ မဥမ္မာမြင့်(97-CIVIL)၊ မရည်မွန်သောင်း(97-CIVIL)၊မကြေးမုံဝင်း(99-EP)၊ မဇာဇာထွန်း(2000-CIVIL)၊ မပပဆွေ(2000-CIVIL) တို.တက်ရောက်ခဲ့ကြပါတယ်။
(ဆရာတော်အရှင်ဇဝနဟောကြားတော်မူသော မိရိုးဖလာဗုဒ္ဓဘာသာနှင့် ကတယ့်ဗုဒ္ဓဘာသာတရားတော်အား ဝေမျှလိုက်ပါတယ်။
ညီလေးရေ…
'
(ဒီပို့စ်က (Electronics, Electrical, Mechatronics) နည်းပညာဘာသာရပ်ကို လေ့လာနေဆဲဖြစ်တဲ့ ညီငယ်ညီမများအတွက် ရည်ရွယ်ပြီး ကျွန်တော့်အလုပ်ခွင်ထဲမှ ကျွန်တော်သိသမျှကို အတတ်နိုင်ဆုံးရေးထားတာ ဖြစ်ပါတယ်။ ဤပို့စ်သည် အတွေ့ အကြုံရှိပြီးသားသူများအတွက် လွယ်ကူမည်ဖြစ်သော်လည်း အတွေ့အကြုံမရှိသေးသော ကျောင်းပြီးကာစသူများအတွက်၊ ဤ လောကထဲသို့ စတင်ဝင်ရောက်လာသောသူများအတွက် အဖိုးတန်လိမ့်မည်လို့ယူဆပါသည်။ Theory နဲ့ Practical ဘယ်လိုဆက်စပ်ပြီးနားလည်ရမလဲဆိုသော၊ လုံးဝမသိသေးသဖြင့် လေ့လာသိချင်သောသူများအတွက် အဖိုးတန်ပါလိမ့်မည်ဟုယူဆပါသည်။)
(စာမရေးတာ ကြာပြီဖြစ်တဲ့ ကိုသောင်းဆွေဝင်းရဲ့ email မှ စာကို ပြန်လည် ဝေမျှလိုက်ပါတယ်။ အစည်းဝေးမှတ်တမ်းလည်း အခုထိ မတင်နိုင်သေးတဲ့ အချိန်မှာ တစ်စုံတစ်ရာ အကျိုး သက်ရောက်စေမယ်လို့  မျှော်လင့်ပါတယ်။)
အို...နံနက်ခင်း
မကြာခင်ရောက်တော့မယ့် ဒီဇင်ဘာနှင့် ခရစ်စမတ်အတွက် သီချင်းသစ်နှစ်ခွေ ထွက်ရှိလာပါတယ်။
(ဒီပို့စ်က အရင်တုန်းကတင်ခဲ့ပြီးဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ရဲ့ 
အရင်တုန်းကတော့
(အရင်တုန်းက Little Buddha ဆိုတဲ့ movie ကို ကြည့်ခဲ့ဖူးပါတယ်။ ဗုဒ္ဓရာဇဝင်ကို ဟောလိဝုဖ်က ရိုက်ကူးခဲ့တာပါ။ ဗုဒ္ဓဝင်နဲ့လူဝင်စားဇာတ်လမ်းကို အခြေခံရိုက်ကူးခဲ့ပြီး မြန်မာဗုဒ္ဓဘာသာတွေအမြင်မှာတော့ တစ်မျိုးဖြစ်ခဲ့ပါတယ်။
Swiss Company တစ်ခုမှလာမည့်နှစ်တွင် Lithium ion batteries ထက် စွမ်းအင် ၃ဆ သိုလှောင်နိုင်ပြီး ဈေးနှုန်းထက်ဝက်ချိုသော rechargeable Zinc-air batteries များကို ဈေးကွက်ထဲသို့ စတင်မိတ်ဆက်မည်ဖြစ်ကြောင်းပြောကြားလိုက်ပါသည်။ ၄င်းကို hearing aids အတွက်သုံးမည့် Small button cells အဆင့်မှ Cell Phone, Electric bicycle နှင့် Electric Vehicles များတွင်သုံးရန် အကြီးစား larger batteries နှင့် large-format batteries များထိ ထုတ်လုပ်ရန် ရည်ရွယ်ထားကြားသိရှိရပါတယ်။
စွန့်လာထွက်ခွာခဲ့သော


သစ်ပင်သည် တစ်နှစ်တစ်ခါ ရွက်ဟောင်းကြွေ၍ ရွက်သစ်လောင်းလေ့ရှိသည်မှာ လောကဓမ္မာတာပင်ဖြစ်သည်။ သို့ သော် ကျွန်တော်တို့ ၏ ဤ website မှာကား အခုတစ်မျိုး တော်ကြာတစ်မျိုးနှင့် ပြောင်းလိုက် လဲလိုက် ဖြစ်နေသည်မှာ မျက်စိရှုပ်စရာပေတည်း။ အတတ်လွန်ကျူး၍ အပြောင်းလဲများနေခြင်း မဟုတ်သလို လက်တည့်စမ်း၍ စမ်းသပ်နေခြင်းလည်း မဟုတ်ပါ။ အတတ်နိုင်ဆုံး အဆင်ပြေအောင် ကြိုးစားနေကြခြင်းသာ ဖြစ်ပါသည်။


ဒီ post ကတော့ စင်ကာပူကို လာပြီး အလုပ်ရှာတဲ့ သူများအတွက် ရည်ရွယ်ပါတယ်။ ဒီကို မလာခင် စင်ကာပူရဲ့ Situation နဲ့ Condition ကို အများကြီးနားလည်ထားဖို့ လိုအပ်ပါတယ်။ ကျွှန်တော်က ဒီအကြောင်းအရာ တွေကို ကျွှန်တော်နဲ့ အင်ဂျင်နီယာအသင်း မှာဆုံခဲ့တဲ့ သူငယ်ချင်း မျိုးဆက်သစ် အင်ဂျင်နီယာများက (ဒီကိုလာပြီး အလုပ်လုပ်ချင်တဲ့) သူတွေအတွက် ရည်ရွယ် ပြီးရေးထာတဲ့ ပို့စ်တစ်ခု ကို ကျွှန်တော်ဒီ မလာခင်မှာ လက်ခံရရှိပါတယ်။ ကျွှန်တော့်အတွက် အရမ်း အသုံဝင်ပြီး အကျိုးရှိပါတယ်။ ဒီမလာခင် စင်ကာပူ ဆိုတဲ့ ခပ်သေးသေးမြို့ငယ်ကိုလာပြီးအလုပ်ရှာရင် ဘယ်လိုကြိုတင်ပြင်ဆင်ပြီး လာရမလဲဆိုတာကို သိထားဖို့လိုအပ်ပါတယ်။
ဟိုတလောက ကိုမြိတ်ပေးတဲ့ လင့်ကနေဆိုဒ်တစ်ခုကို စမ်းဝင်ကြည့်မိတယ်။ Ebooks Sharing Site ပါ။ သာမန်အားဖြင့် ကျွန်တော် စာအုပ်ရှာချင်ရင် 



နိုင်ငံခြားသားအလုပ်သမားများအတွက် လမ်းညွှန်
ဟိုးခပ်ဝေးဝေးက မမြင်ရတဲ့တနေရာမှာ
