စင်ကာပူရောက်မော်လမြိုင်GTI/GTC ကျောင်းသူကျောင်းသားများရဲ့ ပထမအကြိမ်မြောက် ကထိန်သင်္ကန်းကပ်လှူ ပွဲကို အောက်တိုဘာလ(၂၇)ရက်နေ့ နံနက်တွင် စင်ကာပူနိုင်ငံ Eunos ရှိ ဓါတ်တော်တိုက်ကျောင်းတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ ပွဲသို့ မော်လမြိုင် GTI/GTC ကျောင်းသူ ကျောင်းသားဟောင်းများ တစ်ရာကျော် တက်ရောက်ခဲ့ပါသည်။
အစီအစဉ်အရ မနက် (၁၀)နာရီခန့်တွင် ဆရာတော်မှ တရားရေအေးတိုက်ကျွေးပြီး ဆုံးမဩဝါဒမြွက်ကြားပါသည်။ မေတ္တာသုတ်ရွတ်ဆိုခြင်း၊ ရေစက်ချခြင်း၊ တရားနာခြင်းဖြင့် အလှူကိစ္စပြုပြီးသည့်နောက်တွင် တက်ရောက်လာသူ ပရိတ်သတ်များအား သတ်သတ်လွတ်သစ်သီးစုံဒန်ပေါက်နှင့် အအေးများဖြင့် တည့်ခင်းကျွေးမွေးခဲ့ပါသည်။
ထို့အပြင် ကျောင်းသူကျောင်းသားဟောင်းများရဲ့လစဉ်ကောက်ခံနေကြ ငွေစာရင်းနှင့် ဆရာဆရာမများထံမှ လက်ခံရရှိသော စာများအား အမှတ်တရကြည့်ရှုရန် ပြသထားပါသည်။
ဝေးကွာနေသော သူငယ်ချင်းများပြန်လည်တွေ့ဆုံဖြစ်ကြပြီး အလှူကိစ္စတွင် ပျော်ပျော်ရွှင်ရွှင် ပါဝင်လှူဒါန်းကုသိုလ်ယူသွားကြပါသည်။
No comments:
Post a Comment