ပင်ပျိုဘဝ (သို့) ၂၀၀၉ ခုနှစ် နှောင်းပိုင်းနှင့် လက်ရှိအခြေအနေ ဤနေရာတွင် မူလရည်ရွယ်ချက် ဖြစ်သော ကျေးဇူးရှင် ဆရာဆရာမများအား လစဉ်လူဒါန်းကန်တော့ခြင်း ရည်ရွယ်ချက် ပိုမိုလွယ်ကူ အကောင်အထည် ပေါ်လာခြင်းမှာ စိတ်ကူးစတင် သန္ဓေတည်စ ကတည်းက ပါဝင်လာသော ကိုစောအောင်ထွန်းဦး(MT 97) မှာ မြန်မာနိုင်ငံသို့ပြန်သွားရခြင်း၊ မြန်မာနိုင်ငံဖက်မှနေ၍ ဆရာ၊ ဆရာမများထံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ပေးလှူကန်တော့ဖြစ်ခြင်းသည်။
ထိရောက်သောအချက် အောင်မြင်စေသော အဓိကကျသောအချက်တစ်ချက်ဖြစ်ခဲ့ပါသည်။ ထိုနည်းဖြင့်သာ ဆရာ၊ ဆရာမများထံဆက်သွယ်ရလွယ်ကူလာခဲ့ပြီး ရည်ရွယ်ချက်များကို တိုက်ရိုက်ပြောပြနိုင်ခဲ့ပါသည်။ ကိုစောအောင်ထွန်းဦးမှတဆင့် ဆရာဆရာမများ၏ ဓါတ်ပုံများ၊ စာများပြန်လည်ဖြန့်ဖြူးပေးသဖြင့် စင်္ကာပူရောက် ကျောင်းသားကျောင်းသူဟောင်းများအနေဖြင့် ပိုမိုပီတိဖြစ်ကာ ကျေးဇူးရှင် ဆရာ၊ ဆရာမများနှင့် ကျောင်းတော်အား ပိုမိုသတိရလွမ်းဆွတ်လာရပြီး မိမိတို့၏ ရည်ရွယ်ချက် မပျောက်ပျက်အောင် တက်စွမ်းသမျှ ကြိုးစားအားထုတ်လိုစိတ် ပိုမိုဖြစ်ထွန်းလာပါသည်။ ထိုနည်းဖြင့် လက်ရှိ အချိန်ကာလ အခြေအနေသို့ အောင်မြင်စွာ ရောက်ရှိလာခဲ့ပါသည်။
ယနေ့အချိန်ကာလတွင် မူလဆရာဆရာမများ(၈၀)ဦးအပြင် ထပ်တိုးအနေဖြင့် IT မေဂျာမှာ သုံးဦးနှင့် ထပ်တိုးရန်ရည်ရွယ်ထားသော အခြား(၆) ဦးဖြစ်ပြီး ၂၀၁၀ ခုနှစ်မှ စတင်ကာ တစ်လလျှင် (၇)ဦးနှုန်း လှူဒါန်းငွေ ပေးပို့ဖြစ်ပါသည်။ ဆရာဆရာမများ အား ရွေးချယ်ရာတွင် ကျောင်းပြန်လည် စတင်ဖွင့်လှစ်ချိန်မှစပြီး ၂၀၀၄ ခုနှစ် အထိ မော်လမြိုင်ကျောင်းတွင် လုပ်သက် ၃ နှစ်ဆက်တိုက်နှင့်အထက် ဆရာ၊ ဆရာမများ ပါဝင်ပြီး မူလသတ်မှတ် ထားသော တစ်ဦးလျှင် စင်္ကာပူဒေါ်လာ (၁၂၀) အစား ငွေလဲနှုန်း အတက် အကျရှိ၍ ကွာခြားမှုများမရှိစေရန် မြန်မာငွေ ကျပ်တစ်သိန်းတိတိ ဖြင့်ပြန်လည်သတ်မှတ် ပေးပို့လှူဒါန်း ဖြစ်ပါသည်။ ကိုစောအောင်ထွန်းဦး စင်္ကာပူသို့ ပြန်လည် ရောက်ရှိပြီးချိန်မှစ၍ မြန်မာနိုင်ငံသို့ငွေလွှဲရာတွင် ရန်ကုန် (မကေသီထွန်း(Civil 97 မှတဆင့်)နှင့် မော်လမြိုင် (ဆရာမဒေါ်ဥမ္မာသူ) ထံသို့ အလှည့်ကျ လွှဲပြောင်း ပေးပို့ဖြစ်ခဲ့ပါသည်။
ထို့အပြင် ကျန်းမာရေးအရေးပေါ်ရန်ပုံငွေမတည်ထားပြီး ဆရာ၊ ဆရာမများ ဆေးရုံတက်ခြင်းနှင့် နာရေးအကူညီများ ပေးရန်ဆုံးဖြတ်ထားပါသည်။ တိုက်တိုက်ဆိုင်ဆိုင် ၂၀၀၉ ခုနှစ် ဆရာကြီးဦးဌေးအောင်နာရေးတွင် ဆရာကြီးအား နှမြောတမ်းတ ဝမ်းနည်းစွာနှင့် ပေးလှူ ဖြစ်ခဲ့ပါသည်။ ထို့အတူ ဆရာမ ဒေါ်နွယ်နွယ်အောင် (Civil) ဆေးရုံးတက်ခြင်းတွင်လည်း ကူညီဖြစ်ခဲ့ပါသည်။ ထို့အတူ နှစ်စဉ်နှစ်တိုင်း ပိုလျှံသော ကျန်းမာရေးအရေးပေါ်ရန်ပုံငွေ လက်ကျန်ကို နောင်နှစ် စာရင်းတွင် ပေါင်းထည့်ကာ အဆင်သင့်ဖြစ်စေရန်စီမံထားပါသည်။ လက်ရှိအခြေအနေမှာဖြင့် လစဉ်ကောက်ခံရရှိငွေနှင့် ပေးပို့လှူဒါန်းငွေမှာ လုံလောက်ရုံမျှသာ ဖြစ်ပြီးရှေ့ဆက် လှမ်းလျှောက်နိုင်ဖို့ ထပ်မံ လှုံ့ဆော်အားပေးခြင်း၊ ရည်ရွယ်ချက်များနှင့် ငွေကြေးဆိုင်ရာစာရင်းများ မှန်မှန်ထုတ်ပြန်ခြင်းဖြင့် ဆက်လက် ထိန်းသိမ်းသွားနိုင်ကြရန် အထူးလိုအပ်ပါသည်။
အချုပ်အနေဖြင့် လောကတွင် အထူးဖြစ်သော အနနေ ၱာ၊ အနန ၱငါးပါးဝင် ဆရာ၊ ဆရာမများ၏ ကျေးဇူးကို မြူမှုန်တစ်စမျှပင်ဖြစ်စေ သဒ္ဓါတရားထက်သန်စွာ ဤသို့ရိုသေမြတ်နိုး ပေးဆပ်လှူဒါန်းရခြင်း အကျိုးအဖြစ် ရရှိသော ကုသိုလ်တရားအား သံသရာတွင်ကျင်လည်ကြကုန်သော လုံးစုံသတ္တဝါတို့အားလုံးအားရရှိစေရန် ဝေမျှပါ၏။
ဆရာသခင်ကျေးဇူးရှင်တို့အားလည်း အောက်ပါ “အာစရိယဂုဏ်အင်” ကဗျာဖြင့် အဝေးမှနေပြီး ပူဇော်ကန်တော့ လိုက်ပါသည်။ ကျေးဇူးရှင်ဆရာဆရာမများအားလုံး ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေ။
လေးစားစွာဖြင့်
စင်္ကာပူရောက် မော်လမြိုင်GTI/GTC ကျောင်းသူ ကျောင်းသားဟောင်းများအဖွဲ့(ကိုယ်စား)
(၂၀၁၀ ခုနှစ် ဩဂုတ်လ)
“အာစရိယဂုဏ်အင်”
ဆရာသင်ပြ၊ ထိုသိပ္ပကြောင့်
ဘဝအသိ၊ ဒို့ရရှိခဲ့။
ဆရာဆုံးမ၊ ဩဝါဒကြောင့်
ဘဝရေးရာ၊ ဒို့လိမ္မာခဲ့။
ဆရာညွှန်ကြား၊ ထိုစကားကြောင့်
ဒို့များထံဝယ် ပညာကြွယ်ခဲ့။
ဆရာထိုထို၊ ထိုပုဂ္ဂိလ်တို့
ခုလိုချိန်ခါ၊ အိုမင်းလာပြီ
ဇရာလွှမ်းမိုး၊ ဤချိန်မျိုးဝယ်
ရှိခိုးကန်တော့ကြပါစို့။
ဆရာသေမှ၊ ရွှေမချနှင့်၊
ဆရာသေမှ၊ မတမ်းတနှင့်၊
ဆရာသေမှ၊ မငိုကြနှင့်၊
ဆရာမသေခင်၊ ကိုယ်သေလျှင်လည်း
တွေ့မြင်ကြဖို့၊ မရှိတော့။
ဒို့များဆရာ၊ အချို့မှာလည်း
သွားနှင့်ရှာပြီ၊ တမလွန်ဆီသို့။
သို့ဖြစ်တာကြောင့်၊
ဆရာသခင်၊ အသက်ရှင်ခိုက်၊
မြင်နိုင်တွေ့နိုင်၊ ပြောဆိုနိုင်ခိုက်၊
ရယ်နိုင်မောနိုင်၊ ခံစားနိုင်ခိုက်၊
ဦးခိုက်ကန်တော့ကြပါစို့။ ။ (ကဗျာစာဆို၊ မြန်မာ့အသံဦးကျော်ဦး)
No comments:
Post a Comment