နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် ကိုစောအောင်ထွန်းဦးကိုယ်တိုင်သွားရောက်ခဲ့သော ခရီးစဉ်၊ ဆရာကန်တော့ပွဲနှင့် ဆရာဆရာမများထံမှ စာများကို ဝေမျှလိုက်ပါတယ်။
အချိန်အခက်ခဲ၊ နေရာအခက်ခဲတွေကြားထဲမှာ ရသလောက်ကြိုးစားပြီး ဆရာဆရာမများကို သွားရောက်တွေ့ဆုံဖြစ်ခဲ့ပါတယ်။ ထိုသို့တွေ့ဆုံရာတွင် အမှတ်တမဲ့ မထင်မှတ်ပဲ ဆရာဦးထင်အောင်(MT)ရဲ့နာရေးသတင်းရရှိပြီး ဆရာဇနီး ဒေါ်မာမာရီ (Academic) အား နာရေးအလှူငွေ ၂ သိန်းတိတိအား လှူဒါန်းခဲ့ပါတယ်။ (မှတ်ချက်။ ။ ထိုငွေမှာ ငွေလွှဲစာရင်းတွင်မပါပါ။)
ထို့အပြင် ကြုံကြိုက်ခဲ့သော ရန်ကုန်ဆရာကန်တော့ပွဲအားလည်း ကိုယ်တိုင်တက်ရောက်ပြီး မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ပါတယ်။ ဓါတ်ပုံအယ်လ်ဘမ်အား အောက်ပါလင့်တွင် ကြည့်ရှုဒေါင်းလုပ်ရရှိနိုင်ပါတယ်။
![]() |
| 12-12-2010 Album |
ဆရာဆရာမများထံမှစာများကိုမူ scribd document reader နှင့် အောက်ပါတိုင်းကြည့်ရှုနိုင်ပါတယ်။
[scribd id=50717153 key=key-kny8q3coip5gnr7jssp mode=list]

No comments:
Post a Comment