
ကျွန်တော် က သုတေသန စာတမ်းတွေရေးပြီး International Peer Review Journal မှာ ဖော်ပြဖို့ ဆန္ဒရှိပါတယ်။ မြန်မာနိုင်ငံမှာ ကျွန်တော့်လို လူငယ်တစ်ယောက် အတွက် Research လုပ်ပြီး ပုံနှိပ်ဖော်ပြဖို့ ခွင့်ပြုချက်ရဖို့ ခက်ခဲပါတယ်။ ဒီမှာကတော့ အရေးကြီးတဲ့ လေ့လာတွေ့ရှိချက်တွေကို အချိန်နဲ့တစ်ပြေးညီ ပုံနှိပ်ဖော်ပြပြီး နိုင်ငံတကာက ပညာရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းတာတွေ ရှိပါတယ်။ ဒီက စီမံချက်တော်တော်များများက အစိုးရက ထောက်ပံ့ပေးတာဖြစ်ပြီး သုတေသနပညာရှင်တွေ အနေနဲ့ လစာကောင်းကောင်း ရကြပါတယ်။ ဒီနှစ်ချက်ကြောင့် စင်ကာပူမှာဆက်ပြီး အလုပ်လုပ်ဖြစ်နေတာပါ”-
ဒေါက်တာ ထွန်းလင်းသိန်း(၂၉ နှစ် )၊
ပညာအရည်အချင်း - Master of Public Health (Chulalongkorn University)
အလုပ်အကိုင် - Research Fellow
“ကျွန်တော့်ရဲ့လစာနဲ့ ငွေကြေးဖောင်းပွမှုနှုန်းနဲ့ ရပ်တည်ဖို့ ခက်ခဲတာကြောင့် ကျွန်တော် စင်ကာပူ ရောက်နေတာပါ။ ကျွန်တော်မြန်မာနိုင်ငံမှာ Software အင်ဂျင်နီယာအနေနဲ့ အလုပ်လုပ်ခဲ့တုန်းက တစ်လကို ငွေကျပ် ၅၀၀၀၀ လောက်ရတယ်။ ကျွန်တော်ရဲ့ တစ်ကိုယ်ရေ အသုံးစရိတ်က ၁၀၀၀၀၀ လောက်ရှိပါတယ်။ အဲဒီအချိန်မှာ နန်ယန်းနည်းပညာတက္ကသိုလ် ကို မာစတာတက်ခွင့်ရလို့ စင်ကာပူကို ထွက်လာခဲ့ပါတယ်။ ကျွန်တော် ကျောင်းတက်နေရင်းနဲ့ Part Time အလုပ်လုပ်တော့ တစ်လကို စင်ကာပူဒေါ်လာ (၅၀၀) လောက်ရပါတယ်။ နောက်ပိုင်းမှာ Software အင်ဂျင်နီယာ အနေနဲ့အလုပ်ရတော့ တစ်လကို ဒေါ်လာ ၂၅၀၀ လောက်ရပြီး ကျွန်တော့်ရဲ့ ကျောင်းစရိတ်ကိုကာမိခဲ့ပါတယ်။ ဒီမှာ အလုပ်လုပ်နေရတာက အစိုးရနဲ့ လူအများစုက ပညာတတ်တွေကို အထင်ကြီးပြီး အရေးအရာပေးကြပါတယ်။ လူအများစုကလည်း ပညာတတ်ဖို့ကိုပဲ အာရုံစိုက်နေကြတာပါ။ ပညာတတ် တစ်ယောက်ဖြစ်မယ်ဆိုရင် ဝင်ငွေပိုကောင်းပြီး မိသားစုကို ပိုမိုထောက်ပံ့နိုင်ဖို့ အာမခံချက်တွေရှိပါတယ်။ နောက်တစ်ခုက ကိုယ်ရပ်တည်နိုင်ဖို့အတွက် လူတွေအားလုံးက အလုပ်ကိုမဖြစ်မနေ လုပ်ရတယ်။ အသက် ၁၈ နှစ်အရွယ် လူငယ်အရွယ်ကတည်း ကစပြီး အလုပ်ကို လုပ်ကြရတော့ ငွေရဲ့တန်ဖိုးကိုသိကြတယ်။ ကျွန်တော်မြန်မာပြည်ကို ပြန်လာချင်ပါတယ်။ မြန်မာပြည်မှာလည်း အလုပ်တွေ အများကြီးလုပ်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် သင့်တင့်လျောက်ပတ်တဲ့ လုပ်ငန်းခွင်တစ်ခုရှိနေဖို့ ပြုပြင်ပြောင်းလဲမှုတွေ မဖြစ်မနေလိုအပ်ပါတယ်။ ကျွန်တော့်ရဲ့အတွေ့အကြုံ၊ ကျွန်တော့်ရဲ့ပညာ အရည်အချင်းနဲ့ ကိုက်ညီမယ့်နေရာနဲ့ လစာရဖို့တော့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော် မြန်မာနိုင်ငံကိုပြန်လာခဲ့ရင် Software Firm လေးတစ်ခု တည်ဆောက်ပြီး ကျွန်တော်တို့ တိုင်းပြည်အတွက် လိုအပ်မယ့် အသုံးဝင်မယ့် Applications တွေရေးချင်ပါတယ်။ နောက်တစ်ခု က ကျွန်တော်တို့တိုင်းပြည်မှာ ပညာရေးစနစ်ကို မဖြစ်မနေ ပြုပြင်ပြောင်းလဲရမယ်လို့ ထင်ပါတယ်။ အရေအတွက်ထက် အရည်အချင်းကို ပိုပြီး ဦးစားပေး စေချင်ပါတယ်။”
ကိုသန့်သူရမျိုး (၂၆ နှစ်)
ပညာအရည်အချင်း - B.C.I.S (London Metropolitan University, UK),M.Sc (Digital Media Technology, NTU Singapore)
အလုပ်အကိုင် - Software Engineer
“စင်ကာပူ ရောက်နေတာနဲ့ ပတ်သက်ပြီးအမှန်တိုင်း ဝန်ခံရရင်တော့ ကျောင်းပြီးပြီးချင်း IT နဲ့ပတ်သက်ပြီး အလုပ်ကောင်းကောင်း ရဖို့အတွက် မြန်မာပြည်မှာ ခက်ခဲနေတာကြောင့် နောက်ပြီး စင်ကာပူမှာက အလုပ်အကိုင ္အခွင့်အလမ်း ပိုများတယ်ဆိုလို့ ထွက်လာခဲ့တာပါ။ ဝန်ထမ်းအနေနဲ့ ရေရှည်လုပ်သွားမယ် ဆိုရင်တော့ စင်ကာပူနိုင်ငံက မကောင်းဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီမှာက အလုပ်ချည်းပဲ ဖိလုပ်နေရတော့ အလုပ်ထဲမှာပဲ တစ်ရက်နဲ့ တစ်ရက်က လည်နေတယ်။ Research Department မှာမဟုတ်ဘူးဆိုရင် လက်ရှိထက်ပိုပြီး ပညာထပ်ဖြည့်ဖို့ အချိန်မရှိဘူး။ ဒီလိုနေရာမျိုး ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ကိုယ်လုပ်နေရတဲ့ တစ်နေရာတစ်ကွက်ကိုပဲ သိပြီး ကျန်တာတွေ အဆက်ပြတ် ကုန်ပါတယ်။ ပညာတတ်လူငယ်ကနေ ပညာသိပ်မတတ် လူကြီးဖြစ်သွားမှာလည်း စိုးရတယ်။ နောက်တစ်ချက်က သူတို့ကိုယ့်အပေါ် ဘယ်လိုပဲ ဆက်ဆံဆက်ဆံ သေချာတာက ကိုယ်က သူတို့နိုင်ငံသားမဟုတ်ဘူး။ ဒါပေမယ့် ဝင်ငွေနဲ့အတွေ့အကြုံအတွက် ခဏအလုပ်လုပ်တာတို့၊ ကျောင်းကောင်းကောင်း တက်တာမျိုးတို့၊ နောက်ထပ် တခြားနိုင်ငံသွားဖို့ တစ်ဆင့်နေတာမျိုးတို့ကတော့ စင်ကာပူက ကောင်းပါတယ်။ ကျွန်တော်အခု လုပ်နေရတဲ့ Project က စင်ကာပူတိရိစ္ဆာန်ရုံအတွက် လက်မှတ်နဲ့ပတ်သက်တဲ့ Software ရေးပေးနေရတာပါ။ ကျွန်တော်က ြ Report ပိုင်းကို ကိုင်ထားပါတယ်။ ဒီလိုဟာမျိုးတွေ ရေးတိုင်းမှာ မြန်မာပြည်ကို သတိရတယ်။ မြန်မာပြည်အတွက်လည်း ဒါမျိုးတွေ ကိုယ်တိုင်ရေးချင်တယ်။ ဒီလို Application မျိုးတွေရှိမယ်ဆိုရင် ကုမ္ပဏီအတွက်လည်း လုပ်ငန်းလုပ်ရတာ ပိုမြန်ဆန် တိကျလာမယ်။ Customer တွေဘက်ကလည်း ပိုအဆင်ပြေလာမယ်။ နောက်ပြီး IT နည်းပညာကိုမှီပြီး လုပ်ရတဲ့အတွက် IT ဌာနတွေလည်း ဖွဲ့စည်းလာကြတယ်။ အဲဒီတော့ IT နဲ့ပတ်သက်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း ပိုများလာပါတယ်။”
ကိုဝင်းဇေယျသူ (၂၈ နှစ်)
ပညာအရည်အချင်း- B.C.I.S (London Metropolitan University, UK)
အလုပ်အကိုင် - Software Engineer
(Eleven Media Group) မှ အင်တာဗျူး သတင်းတစ်ပုဒ်ပါ။ ကဲ ကျွန်တော်တို့အသံတွေကိုလည်း ထုတ်ပြောကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။
No comments:
Post a Comment