စင်္ကာပူရောက် Mon GTI ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ရဲ့နှစ်စဉ်နှစ်တိုင်းလိုလို ပါဝင်ဆင်နွှဲနေကြဖြစ်သော တိုးပါးရိုးသင်္ကြန်ပွဲတော် စတုဒီသာကျွေးမွေးရေးအစီအစဉ် ဖြစ်မြောက်ရေးအတွက်ကြိုတင်ညှိုနှိုင်းပွဲအစီအစဉ်ကို ပြီးခဲ့သော သောကြာနေ့ ၁၇-၀၂-၁၂ က ကိုသန်းကျော်ဦးနေအိမ်တွင် လပတ်အစည်းအဝေးနှင့်အတူ ပြုလုပ်ဖြစ်ခဲ့ပါတယ်။
၂၀၁၁ - ၂၀၁၂ ဘတ်ဂျက်နှစ်မှ ကန်တော့ငွေပေးပို့ရန်ကျန်ရှိသော ဆရာဆရာမ ၁၇ ဦး အနက် မော်လမြိုင်နယ်မှ အောက်ပါဆရာဆရာမ (၉) ဦးအား ဖေဖော်ဝါရီလအတွက် ရွေးချယ်ဖြစ်ခဲ့ပါတယ်။
၁။ ဒေါ်ကျင်လွမ် (Academic)
၂။ ဒေါ်မာမာရီ (Academic)
၃။ ဒေါ်ဥမ္မာသူ (Civil)
၄။ ဒေါ်မာမာစိန် (Civil)
၅။ ဦးကျော်ဝေ (E.P)
၆။ ဒေါ်လွင်လွင်ဟန် (E.P)
၇။ ဦးအောင်ကျော်ဇော (M.P)
၈။ ဦးစောအုံးအုံး (M.T)
၉။ ဦးအောင်ခင် (M.T)
ငွေစျေးနှင့် ငွေလွှဲလုပ်ငန်း မတည်မငြိမ်ဖြစ်ပြီး ငွေလွှဲရက်နောက်ကျခြင်း၊လူကြုံနှင့်ပေးပို့ခြင်းကြောင့် အားလုံးကိုအသိပေးနောက်ကျသည်မှလွဲ၍ လစဉ်လတိုင်းဆရာဆရာမများအား ကန်တော့ငွေ ပေးပို့ဖြစ်ခဲ့ပါတယ်။ ထို့အတူ လက်ကျန်ဆရာဆရာမ (၈) ဦးအား လာမည့်မတ်လတွင် ပေးပို့လှုဒါန်း မည်ဖြစ်ပါတယ်။ အဖွဲ့နှင့်လက်တွဲမပျက် ပါဝင်လှုဒါန်းခဲ့ကြသော သူငယ်ချင်းအားလုံး၊ ညီအစ်ကိုမောင်နှမများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယခုလို ဆက်ဆက်လက်၍ လက်တွဲလှုဒါန်းသွားနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။ (ဇန်နဝါရီလအထိ ငွေစာရင်းရှင်းတမ်းကိုလည်း ပူးတွဲ ဒီနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါတယ်)
ထို ့နောက် တိုးပါးရိုးသင်္ကြန်ပွဲတော် စတုဒီသာကျွေးမွေးရေးအစီအစဉ် ဖြစ်မြောက်ရေးအား ဆက်လက်တိုင်ပင်ဆွေးနွေးဖြစ်ခဲ့ပြီး ခန့်မှန်းခြေ ဧပြီလ ဒုတိယအပတ် ကျင်းပပြုလုပရန််ရှိသော တိုပါးရိုးဘုန်းကြီးကျောင်းသင်္ကြန်ပွဲတော်တွင် အဖွဲ့မှ ရွှေရင်အေးတိုက်ကျွေးရန် သဘောတူညီ ဆုံးဖြတ်ခဲ့ပါတယ်။ နေ့ရက်နှင့်တကွ အစီအစဉ်အသေးစိတ်ကို ထပ်မံအသိပေးမည်ဖြစ်ပါတယ်။
ယခုနှစ်တွင်လည်း အဖွဲ့ရဲ့တူညီဝတ်စုံ (T-Shirt) ရိုက်ကူးဖြန့်ဝေရန်ရှိပြီး ဒီဇိုင်းနာအဖွဲ့စတင် ဒီဇိုင်းရေးဆွဲနေပြီဖြစ်ပါတယ်။ ဝတ်စုံတစ်စုံခန့်မှန်းခြေ ၁၀ ဒေါ်လာခန့်ကုန်ကျမည်ဖြစ်ပြီး လိုအပ်သူများ အောက်ပါအဖွဲ့ဝင်များထံဖေဖော်ဝါရီလကုန်နောက်ဆုံးထားပြီး မှာယူနိုင်ပါပြီ။ (လောလောဆယ် စာရင်းနှင့် ဆိုဒ်(size) ပေးရန်သာလိုအပ်ပါတယ်။)
၁။ ကိုသောင်းဆွေဝင်း (Phone: 90290429)
၂။ ကိုစောအောင်ထွန်းဦး+မဝေဝေနွယ် (Phone: 90987864 or 90227357)
၃။ ကိုကျော်လွင်ဝင်း (Phone: 93887324)
၄။ ကိုမင်းသူ + မကြေးမုံဝင်း (Phone: 91094657 or 97262457)
၅။ ကိုထွေးစိုးဟန် + မဇာဇာထွန်း (Phone: 98517127 or 98581104)
၆။ ကိုသန်းကျော်ဦး + မစုမာဝင်း (Phone: 81185773)
၇။ ကိုအောင်ခိုင်လင်း (Phone: 98386351)
၈။ ကိုနိုင်ဝင်း (Phone: 94556441)
၉။ မအိအိခိုင် (Phone: 96478237)
၁၀။ ကိုဇင်မင်းအောင် (Phone: 82998210)
အားလုံးပဲ မြန်မာ့နှစ်သစ်ကူးကာလမှာ သင်္ကြန်ရေးအေးနှင့်အတူ စတုဒီသာစားရင်း ပျော်ပျော်ပါးပါး ဆင်နွှဲကြပါစို့လား။
လေးစားစွာဖြင့်...
Admin
စင်္ကာပူရောက် Mon GTI ကျောင်းသူကျောင်းသားများကိုယ်စား
Website: www.mongti.com
Facebook Fan page: http://www.facebook.com/mongtigtcgtu
Google+ Fan page: https://plus.google.com/u/0/109618606963489719538#109618606963489719538/posts

No comments:
Post a Comment