ပဥ္စမအကြိမ်မြောက် ကထိန်အလှူပွဲကို အစဉ်လာမပျက်ကျင်းပပြုလုပ် လှူဒါန်းပြီးဖြစ်ခဲ့ပါပြီ။ တကယ်တမ်းတွေးကြည့်တော့ ကျွန်တော်တို့တစ်ဦးတစ်ယောက်တည်းနဲ့ ဘယ်လိုမှလုပ်လို့ မဖြစ်နိုင်တဲ့အရာတွေကို အဖွဲ့အားနဲ့ညီညီညွတ်ညွတ်လုပ်ခဲ့လို့သာ ဖြစ်နိုင်ခဲ့ပါတယ်။ ဒီအတွက် စိတ်အား၊ ငွေအား၊ လူအားဖြင့်သော်လည်းကောင်း အကြံဉာဏ်အားဖြင့် တတက်တအား ပါဝင်ခြင်း အားဖြင့်သော်လည်းကောင်း၊ သဒ္ဒါတရားထက်သန်စွာ ပါဝင်လှူဒါန်းကြသော သူငယ်ချင်းအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း အနူးအညွတ်ပြောလိုပါတယ်။
ထို့အပြင် ဓါတ်ပုံရိုက်ပေးကြသော ကိုနိုင်ဝင်း၊ ကိုကျော်လွင်ဝင်းနှင့် facebook မှဓါတ်ပုံများ မျှဝေပေးကြသော သူငယ်ချင်းများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလိုပဲရှေ့ဆက်ပြီး ကျေးဇူးရှင် ဆရာဆရာမအတွက်သော်လည်းကောင်း၊ မိမိတို့ကုသိုလ်ရေးအတွက်သော်လည်းကောင်း စုစည်းညီညာစွာနဲ့ ဆက်လက်လုပ်ကိုင်ကြရအောင်လို့လည်း ဆန္ဒပြုပါတယ်။
ကထိန်အတွက် ကောက်ခံရရှိသော အလှူငွေမှာ အကျဉ်းချုပ်အားဖြင့်....
အလှူကောက်ခံရရှိငွေ = S$ ၄၃၄၅.၃၀
အကျွေးအမွေး ကုန်ကျငွေ = ၆၀၁.၈၀
ပဒေသာပင် = ၅၃၇.၅၀
သင်္ကန်း (၁၀) စုံ = ၃၀၀.၀၀
သံဃာတော်များဝတ္ထုငွေ = ၂၁၅၀.၀၀
၁' ပတ်လည်မြေ (၇) ကွက် အလှူ = ရ၅၆.၀၀
အသေးစိတ်စာရင်းကို ပူတွဲမှာကြည့်ရှုနိုင်ပါတယ်။ (Download Link 1, Link 2)
နာက်ဆုံး UPDATE စာရင်းလေးမှာ iBanking နဲ့လွှဲထားတဲ့စာရင်းတစ်ခုနဲ့ အသစ်ရငွေ ၅၀ ထပ်တိုးလာတဲ့အတွက် ဘုန်းကြီးကျောင်းမှာ ငွေသားသက်သက်ချည်း လှူခဲ့ပေးဖို့ ကိုကျော်လွင်ဝင်းကို အကူအညီတောင်းပြီး (၁၁)ရက် ကျောင်းကထိန်နေ့မှာ သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။
အားလုံးအတွက် အမှတ်တရဖြစ်စေဖို့ အပင်ပန်းခံ ရိုက်ကူးမှတ်တမ်းတင် တည်းဖြတ်ထားသော ကျွန်တော်တို့ရဲ့ "ပဥ္စမအကြိမ်မြောက် ကထိန်သင်္ကန်းကပ်လှူပွဲ ရုပ်သံမှတ်တမ်း" နှင့် ဓါတ်ပုံ Album ကို အောက်ပါလင့်များမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
" 5th Ka-Htain 2012 Singapore"
Part 1
Part 2
Photos Album (Click Here)
အပိုင်း (၂) မှာ တရားမနာလိုက်ရသူများအတွက် ရေစက်ချ၊ တရားနာသံများ ထည့်ပေးထားပါတယ်။ မြန်မာ့စောင်းသံ အများအားဖြင့် အသုံးပြုထားသော်လည်း မငြီးငွေ့စေရန်အတွက် ကျောင်းသီချင်းတစ်ပုဒ်ကို ကျောင်းပုံရိပ်များနှင့်အတူ ထည့်သွင်းထားပါတယ်။ နောက်ပိုင်းတွင် ကြည့်ရှုခံစားနိုင်ပါတယ်။
ကထိန်တရားအနေနဲ့ ကထိန်အကျိုး (၅)ပါးကို ချီးမြင့်ဟောကြားခဲ့ပါတယ်။ သိသူ၊ မြင်သူ၊ ကြားသူ အားလုံးပဲ ကုသိုလ်ကောင်းမှှုအစုစုတို့အား အမျှရကြပါစေ။
တစ်ဆက်တည်းမှာပဲ အောက်တိုဘာလ ကန်တော့ခံဆရာဆရာမများအတွက် လှူဒါန်းငွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ ့မှာ ရန်ကုန်ရှိ မကေသီထွန်းအား ပေးပို့ဖြစ်ခဲ့ကြောင်း အသိပေးအပ်ပါတယ်။ ဆရာဆရာမစာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ဒေါ်ခင်လေးနွယ် (စာပေဌာန)
၂။ ဒေါ်မာလာစိုး (စာပေဌာန)
၃။ ဒေါ်ရီရီမြင့် (မြို့ပြ)
၄။ ဒေါ်အေးအေးမြင့် (မြို့ပြ)
၅။ ဒေါ်မီမီစန်း (စက်မှုစွမ်းအား)
၆။ ဦးခင်မောင်လတ် (စက်မှုပုံစံပြု)
နိုဝင်ဘာလအတွက် လပတ်အစည်းအဝေးကိုတော့ လာမည့် ၂၄-၁၁-၁၂ နေ့တွင် မနန္ဒာအိမ်မှာ ပြုလုပ်ဖို့ရှိပြီး အဆင်ပြေရင် အချိန်ပေးတက်ရောက်အကြံဉာဏ်များ လာရောက်ပြီး မျှဝေပေးကြပါဦးလို့ဖိတ်ခေါ်လိုက်ပါတယ်။
လေးစားစွာဖြင့်...
(အဖွဲ့ကိုယ်စား)
No comments:
Post a Comment