၂၀၀၈ခုနှစ် နှစ်ဆန်းပိုင်းတွင် စင်္ကာပူရောက် ကျောင်းသားဟောင်းများဖြစ်ကြသော ကိုသောင်းဆွေဝင်း၊ ကိုစောအောင်ထွန်းဦးနှင့် သူငယ်ချင်းတစ်စုမှစ၍ ဖြစ်တည်လာသော စိတ်ကူးတစ်ခုမှာ မြန်မာနိုင်ငံရှိ မော်လမြိုင် GTI ဆရာ၊ဆရာမများအား မိမိတို့တတ်နိုင်သည့် ငွေကြေးများ ကူညီထောက်ပံ့ ကန်တော့ကြရန် ဖြစ်ပါသည်။
ထို့ကြောင့်လက်လှမ်းမှီသော သူငယ်ချင်းများမှတဆင့် တဖြည်းဖြည်းစုစည်း စည်းရုံးလာခဲ့ရာ လစဉ်ငွေကြေးများကောက်ခံ၍ လစဉ် မြန်မာနိုင်ငံသို့ကန်တော့ငွေများ ပြန်လည်ပေးပို့ကြရန် ဆုံးဖြတ်ကြပါသည်။ လစဉ်အလှုငွေကို သက်ဆိုင်ရာ မေဂျာအလိုက် ခေါင်းဆောင်များမှ ကောက်ခံပြီး စုစုပေါင်းပမာဏကို Bank Account တစ်ခုဖွင့်၍ သိမ်းဆည်းထားပါသည်။
ကန်တော့ခံ ဆရာ၊ဆရာမများအားရွေးခြယ်ရာတွင် Civil, EC, EP, MP, MT, Academic မှ တစ်လလျှင် ခြောက်ဦးရွေးခြယ်ကြပါသည်။ သို့ရာ တွင် ဆရာ၊ဆရာမ စာရင်းများ မပြည့်စုံသေး၍ မေဂျာအလိုက်ရွေးခြယ်မှုမှာ အခက်ခဲများစွာ ရှိပါသည်။ (ဤနေရာတွင် ကျောင်းသားကျောင်းသူများအားလုံး ပါဝင်ကူညီပေးဖို့ရန် လိုအပ်ပါသည်။)
မည်သို့ဆိုစေ သဲတစ်ပွင့်ဖြစ်ဖြစ် စုစည်းလိုက်လျှင် အဆောက်ဦးတစ်ခု ဖြစ်လာနိုင်သကဲ့သို့ ကျွန်တော်တို့ လက်တွေ စုစည်းပြီး ကျေးဇူးရှင် ဆရာ၊ဆရာမများရဲ့ ဘဝတစ်စိတ်တစ်ပိုင်းအတွက် ပါဝင် ဖြည့်ဆည်းကူညီကြရန် တိုက်တွန်းအပ်ပါသည်။
ဤစာမျက်နှာများသည် မော်လမြိုင် GTI /GTC/GTUကျောင်းသူ ကျောင်းသား ဟောင်းများရဲ့ စည်းလုံးမှုအရ ဖြစ်ပေါ်လာသော အစီအစဉ်များ၊ ရည်ရွယ်ချက်များ၊ သတင်းအချက်အလက်များကို ဖော်ပြနိုင်ရန် ဖန်တီးထားခြင်း ဖြစ်ပါသည်။ ကဗျာ ဆောင်းပါး ဓါတ်ပုံ စာမူများ မည်သူမဆို ပေးပို့ နိုင်ပါသည်။
ကျွန်တော်တို့ရဲ့Website သို့ ဝင်ရောက်လည်ပတ်ကြသူ အားလုံးအဆင်ပြေစေရန် ကျွန်တော်တို့ကြိုးစား ဖန်တီးလျှက် ရှိပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ တိုက်ခိုက်ခြင်း၊ ထိခိုက်ခြင်း မရှိစေရန် ကြိုးစားထားပါသည်။
အားလုံးပါဝင် ကူညီပေးပါရန် လေးစားစွာ ဖိတ်ခေါ်ပါသည်။
ရည်ရွယ်ချက်အနေနဲ့
(၁) Mon GTI/GTC ကျောင်းသား/သူဟောင်းများရဲ့ အမှတ်တရ စာမျက်နှာတစ်ခုဖြစ်စေရန်၊
(၂) ပညာရပ်ဆိုင်ရာ ဗဟုသုတများ၊ အတွေ့အကြုံများ ဝေမျှရန်၊
(၃) သူငယ်ချင်းများအားလုံး ပြန်လည်စုစည်း ဆက်သွယ်မိရန် ရည်ရွယ်ပါသည်။
ထို့အတူ သူငယ်ချင်းများအားလုံးပျော်ပျော်ရွင်ရွင်ပြန်လုံဆုံဆည်းနိုင်ဖို့ရာ Mon GTI/GTC/GTU Facebook လေးတစ်ခုလည်းရှိပါတယ်။ အောက်ကလင့်လေးကို ကလစ်နှိပ်ပြီး သွားရောက်နိုင်ပါတယ်။
(Link)
လေးစားစွာဖြင့်....
Admin
www.mongti.com
http://www.facebook.com/mongtigtcgtu
Email Address: admin.mongti@gmail.com
No comments:
Post a Comment