၂၀၁၀ ခုနှစ် ရန်ကုန်ဆရာကန်တော့ပွဲတွင် တွေ့ရသောဆရာမ ဒေါ်ခင်ဝင်းမာ |
ခင်မင်လေးစားရပါသော ဆရာ/ဆရာမများ နှင့် သူငယ်ချင်းများ
ကျွန်တော် ပို့နေကျစာတွေ balance sheet သူငယ်ချင်းတို့တွေဆီကို မပို့ဖြစ်တာကြာပါပြီ။ မတွေ့ရတာ-မရောက်လာတာကြာနေတဲ့ email တစ်စောင်ကိုအခု အားတုန်းလေးပို့လိုက်ပါတယ်။
ဘယ်လိုမှအားချိန်မရှိလို့ MON-GTI အဖွဲ့ရဲ့ကိစ္စတွေမှာတောင် ၀င်မလုပ်ဖြစ်တာကြာပါပြီ။ ကိုစောအောင်ထွန်းဦး တို့ကပဲရှိတဲ့အချိန်လေးမှာ ရတဲ့အချိန်လေးမှာ ဆရာ-ဆရာမတွေအတွက် ပေးပို့လှူဒါန်းငွေကိစ္စတွေ ဆက်လုပ်ပေးနေကြတာပါ။ အခု ကိုစောကြီးကလဲ ကျမ္မာရေးကြောင်းပြပြီး ရန်ကုန်ပြန်လို့ တစ်လတန်သည် နှစ်လတန်သည် အနားသွားယူတော့မှာပါ။
တဖြည်းဖြည်းနဲ့ MON-GTI အဖွဲ့ရဲ့လစဉ်ဆုံနေကြ သူငယ်ချင်းတွေလဲ နည်းနည်းလာတယ်။
လွန်ခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် ကျွန်တော့်ရဲ့အိမ်သေးသေးလေးရယ် နန္ဒာ့အိမ်ခပ်လတ်လတ်ရယ် ထွေးစိုးဟန်အိမ်ခပ်ကျယ်ကျယ်ရယ်-ဘယ်အိမ်မှာပဲတွေ့တွေ့ သူငယ်ချင်းတွေပြည့်ကျပ်နေဖြစ်တာ။ ပြောကြ ဆိုကြ ညင်းခုန်ကြနဲ့ ရုန်းရုန်း-ရုန်းရုန်းနဲ့ တော်တော်ပျော်ဖို့ကောင်းခဲ့တာ။
နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ လူကနည်းလာတာ။ ကောက်ခံရရှိငွေက ပုံမှန်လုံလုံလောက်လောက်ရနေလို့ တော်သေးတာပေါ့လို့ ဖြေရသေးတယ်။ အဲဒီအတွက်အားလုံးသောသူငယ်ချင်းများကိုအဖွဲ့ကိုယ်စားကျေးဇူးတင်ပါတယ်လို့ထပ်ပြောပါရစေ။
အခုကြိုးစားပြီးသူငယ်ချင်းတွေကိုစာပို့ဖြစ်တာလဲ အားလုံးရဲ့ချစ်ခင်လေးစားရတဲ့ ဆရာမ ဒေါ်ခင်ဝင်းမာရဲ့စာရောက်လာတာနဲ့ ဆရာမစာကိုဖက်ရင်း MON-GTI သူငယ်ချင်းတွေကိုမျှဝေဖို့တာဝန်လစ်ဟင်းနေတာ သတိရရင်း ကောက်ထရေးဖြစ်တာပါ။
အဓိကပြောချင်တာက သူငယ်ချင်းတို့ ဆီကနေပေါင်းစုထားတဲ့ငွေတွေနဲ့ ကျွန်တော်တို့ MON-GTI ရဲ့ ကျေးဇူးရှင် ဆရာ-ဆရာမတွေကိုလတိုင်းပို့နေဆဲပါ ၊ လှူဒါန်းနေဆဲပါ၊ အခုဆိုရင် ငါးနှစ်ပြည့်မြောက်ခဲ့ပါပြီ။ ဆရာမစာကိုဖက်ပြီးတော့မှ အချိန်တွေကုန်သွားလိုက်တာမြန်လိုက်တာလို့။ ပထမနှစ်မှာ တစ်လကို တစ်ဦး မြန်မာငွေ တစ်သိန်းစီနဲ့ -တစ်လကို ငါးဦးစီ။ နောက်ပိုင်းမှာ တစ်လ ကို ဆရာ-ဆရာမ ခုနှစ်ဦးစီ စသည်ဖြင့်တိုးပြီးလှူဖြစ်ပါတယ်။ ပျဉ်းမျှတွက်ရင် ငါးနှစ်အတွင်းမှာ သိန်း ၃၀၀ ကျော်သွားပါပြီ။ သူငယ်ချင်းများအားလုံးရဲ့ စေတနာတွေပါ။
ဆရာမစာကိုဖက်ကြည့်ပါ- အချို့ဆိုရင် ကျွန်တော်တို့ဆီကပေးပို့လှူဒါန်းငွေကိုစောင့်မျှော်နေကြတာ။ ၀မ်းနည်း ၀မ်းသာ နဲ့ ပီတိဖြစ်ရပါတယ်။ အချို့ ဆရာ-ဆရာမတွေဆို သူတို့ ရနေကျလတွေ ငွေမရောက်လာရင်း အချင်းချင်းမေးနေကြတာ။
စင်ကာပူက ကျောင်းသားတွေအဆင်ရောပြေကြရဲ့လား ဘာလားနဲ့။ ကျွန်တော်တို့ အလုပ်အကိုင် နဲ့ အစစအရာရာ အဆင်ပြေအောင်သူတို့ဆုတောင်းပေးနေကြမှာပါ။
နောက်ဆုံးအနေနဲ့ အဲဒီလိုမျိုး လိုအပ်နေတဲ့ ဆရာ-ဆရာမတွေကို ပြန်လည်ပေးဆပ်ခွင့်ရနေတာ ကျေနပ်စရာပါ။
ကျွန်တော်တို့ MON-GTI အဖွဲ့နေနဲ့ လှူနေဆဲပါ၊ အလှူငွေလဲကောက်ခံနေဆဲပါ ဆိုတာသူငယ်ချင်းများကိုအသိပေးပါရစေ။
ဆရာမ စာက registered နဲ့လာတာပါ။ ကျွန်တော့အိမ်အဟောင်းကိုပို့တာ July မှာ- ကျွန်တော့်ဆီစာရွေးဖို့စာရောက်တော့ August ထဲမှာ။ စာတိုက်ကိုချက်ချင်းသွားတော့-ကျေနပ်စရာ စင်ကာပူစာပို့စနစ်ပါ- တစ်ပတ်အတွင်းလာမရွေးတော့ နေရပ်ပြန်ပို့လိုက်ပါပီတဲ့။ အဲဲတာနဲ့ ဆရာဆီဖုန်းပြန်ဆက်ရတယ်။ စည်းစနစ်ရှိတဲ့ ဆရာမက သူမှာ copy ကူးထားတဲ့ရှိတယ်တဲ့ ထပ်ပို့ပေးမယ်ဆိုတာနဲ့ အိမ်အသစ်လိပ်စာပေးလိုက်တော့မှရောက်လာတဲ့စာပါ။ အောက်မှဖက်ကြည့်ပေးပါ ချစ်သောသူငယ်ချင်းများခင်ဗျား--
လေးစားစွာဖြင့်
သောင်းဆွေဝင်း ( 95 MP )
65-90290429
No comments:
Post a Comment