စင်္ကာပူရောက် မွန်GTI/GTC ကျောင်းသူကျောင်းသားဟောင်းများရဲ့ တွေ့ဆုံပွဲကို စက်တင်ဘာလ (၁၄)ရက်နေ့တနင်္ဂနွေနေ့ မနက်ပိုင်း စင်္ကာပူနိုင်ငံ Eunos ရှိ ဓါတ်တော်တိုက် ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသည် လစဉ်တွေ့ဆုံနေကြ အစီအစဉ် တစ်ခုဖြစ်ပြီး မွန် GTI/GTC ကျောင်းသား ကျောင်းသူဟောင်း သူငယ်ချင်းများ တတ်ရောက်ခဲ့ကြပါသည်။
ပုံမှန်ကောက်ခံနေကြ အလှူငွေများကောက်ခံခြင်း၊ ကန်တော့ခံ ဆရာဆရာမများ ရွေးခြယ်ခြင်းနှင့် ကထိန်သင်္ကန်းကပ်လှူရန် အလှူ ကိစ္စများကို ဆွေးနွေးတိုင်ပင်ကြပါသည်။ ကထိန်သင်္ကန်းအလှုကို အောက်တိုဘာလ (၂၈)နေ့တွင် ဓါတ်တော်တိုက် ဘုန်းကြီးကျောင်းတွင် ပြုလုပ်မည် ဖြစ်ပြီး သစ်သီးစုံ ဒံပေါက်နှင့် အချိုရည်များ ကျွေးမွေးမည်ဟု သိရှိရပါသည်။
သူငယ်ချင်းများအားလုံးရဲ့ဆန္ဒသဘောတူညီမှုအရ အလှည့်ကျ ကန်တော့ခံ ဆရာဆရာမများကို အောက်ပါအတိုင်း ရွေးခြယ်ကြပြီး ကန်တော့ငွေ စင်္ကာပူဒေါ်လာ ၆၀၀ တိတိကို မြန်မာနိုင်ငံသို့ပေးပို့ခဲ့ပါသည်။ စက်တင်ဘာလအထိ ကောက်ခံထားသော အလှူငွေ လက်ကျန်စာရင်းမှာ စင်္ကာပူဒေါ်လာ ၃၂၄၈ တိတိ ဖြစ်ပါသည်။
ဆရာဆရာမများ (စက်တင်ဘာလအတွက်)
(၁) ဦးမင်းကြည်လွင် (MP)
(၂) ဒေါ်ဝါဝါမိုး (EC)
(၃) ဦးခင်ဝင်း (EP)
(၄) ဦးမင်းသိန်းကြွယ် (Civil)
(၅) ဦးထွန်းဝေ (Civil)
(၆) ဒေါ်ဖြူဖြူညွန့်(English)
No comments:
Post a Comment