Saturday, 27 September 2008
မြေနီလမ်းကလေး(သို့).....
သူ့ဆီမှာ......
တင့်တယ်မှုတွေမရှိပါဘူး
နူးညံ့တဲ့မြေသင်းရနံ့နဲ့
လေအဝှေ့မှာမျောလွင့်လာတဲ့
ရေတမာရွက်ခြောက်တွေ
တောက်ပမှုကင်းမဲ့စွာ
လှပနေပါတယ်.....။
သူ့ဆီမှာ.......
မာန်မာနတွေမရှိပါဘူး
နွေးထွေးတဲ့အပြုံးတွေနဲ့
၀င်လာသူတိုင်းကို
ရင်းနှီးစွာဆီးကြိုနေပါတယ်.....။
သူ့ဆီမှာ......
ကျောင်းသားကျောင်းသူတိုင်းရဲ့
အမှတ်တရခြေရာလေးတွေ
ရင်ခုန်သံကဗျာလေးတွေ
စီးမျောရှင်သန်နေပါတယ်....။
လမင်းသူ (E P )
(၁၉၉၇နှစ်များမှမော်လမြိုင် GTI ကျောင်းအဝင်မြေနီလမ်းလေးသို့...အမှတ်တရ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment