
တကယ်တော့ အလှူဖိတ်စာနဲ့ attach လုပ်လိုက်ရမယ့် မြေပုံလမ်းညွှန်လေးပါ။ ပဒေသာပင်အတွက် ပစ္စည်းတွေသွားထားတော့မှ ကားမှတ်တိုင်ကနေ ဘုန်းကြီးကျောင်းကို လမ်းမှားနိုင်တယ်လို့တွေးမိပြီး လမ်းညွှန်လုပ်ပေးသင့်တယ်လို့ သတိရမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လိပ်စာထဲကလမ်းကို ကားမှတ်တိုင်ဆင်းဆင်းချင်း ရှာတွေ့နိုင်မှာ မဟုတ်လို့ပဲ။ တော်တော်လည်း အူကြောင်ကြောင်နိုင်တဲ့ လမ်းနာမည်ပေးပုံလို့လည်း ထင်မိတယ်။
ဒီလိုနဲ့ ကိုကျော်ကျော်အောင်ဆီ အကူညီတောင်း၊ သူ့ဆီကရတာနဲ့ သူငယ်ချင်းတွေကို forward လုပ်ပေးလိုက်ပါတယ်။
(ကိုကျော်ကျော်အောင်ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ တစ်ခါတစ်လေ ကျွန်တော်လည်း တစ်ယောက်တည်းလုပ်ရတာ သိပ်အဆင်မပြေပါဘူးဗျာ။)
No comments:
Post a Comment