ဒီတစ်ပတ်တော့ ကိုဘလူးဖီးနစ်ရဲ့ မြန်မာအင်ဂျင်နီယာနည်းပညာများဆိုတဲ့ ဆိုဒ်လေးကို ညွှန်းချင်ပါတယ်။ သူရဲ့profile ကိုတော့ ဒီနေရာမှာသွားဖတ်စေချင်ပါတယ်။
Website ခေါင်းစဉ်ကို Open Engineering for Myanmar လို့ပေးထားပြီး our technology is for our people ဆိုပြီး ရည်ရွယ်ချက်ကို ရိုးရိုးလေး ရေးသားထားပါတယ်။
‘‘ဘယ်အချိန်မှာမဆို သေဆုံး သွားနိုင်တယ်။ မသေခင် ဘဝ အချိန်တွေကို အဓိပ္ပါယ်ရှိရှိ၊ အကျိုးရှိရှိ နေသွားမယ်။’’ ဆိုတဲ့သူ့ရဲ့ အတွေးအခေါ်အတိုင်း သူ့ရဲ့ အလုပ်တွေက သက်သေပြနေပါတယ်။
လက်ရှိဘွဲ့လွန်(Phd.)တက်နေစဉ်အတွင်း ရုရှား-မြန်မာ အဘိဓာန်ပြုစုသူအဖြစ်လည်းကောင်း၊ မြန်မာဝီကီ(စွယ်စုံကျမ်း)မှာ Adminအဖြစ်လည်းကောင်း၊ တာဝန်ယူထားပြီး ကိုယ်ပိုင်website မှာတော့ အင်ဂျင်နီယာနှင့် အိုင်တီဆိုင်ရာ နည်းပညာများကို ရေးသားဖြန့်ဖြူးနေပါတယ်။
နည်းပညာဆိုင်ရာပိုစ့်တွေဖြစ်လို့ အခက်အခဲအနည်းငယ် ရှိနိုင်ပေမယ့် ကျွန်တော်တို့ လိုအပ်တာလေးတွေ ရှာဖွေဖတ်ရှု လေ့လာစေချင်ပါတယ်။
ကဲသူငယ်ချင်းတို့ရေ....စိတ်ဝင်းစားရင်တော့ ဒီနေရာလေးကို သွားကြည့်ရအောင်လားဗျာ။
Open Engineering for Myanmar
No comments:
Post a Comment