Saturday, 8 November 2008
ရွာဆော်ကြီး
သူငယ်ချင်းများတို့ရေ...
ဒီတစ်ပါတ်လာမည့် တနင်္ဂနွေနေ့နိုဝင်ဘာ (၉)ရက်နေ့ တွင် Enous ဓါတ်တော်တိုက်ကျောင်းကြီး ကထိန်ခင်းမည်ဖြစ်ပါသောကြောင့် ဒါနကုသိုလ်၊ လုပ်အားကုသိုလ်များ လာရောက်ယူနိုင်ကြရန် ဖိတ်ခေါ်ပါသည်။
ကျွန်တော်တို့ Mon GTI/GTC ကျောင်းသား/သူဟောင်းများရဲ့ ကထိန်အလှူ ပဒေသာပင်လည်း အတူတကွ ကထိန်ခင်းမည်ဖြစ်ပါ၍ ကျွန်တော်တို့ အားလုံး ပါဝင်သင့်ပါသည်။
နိုဝင်ဘာလဆန်းမှစ၍ ဓါတ်တော်တိုက်ကျောင်း ပြောင်းရွှေ့သွား၍ ကိုသောင်းဆွေဝင်းနှင့် သူငယ်ချင်းများမှ တနင်္ဂနွေနေ့ နံနက် (၇)နာရီ(၁၅)မိနစ်ခန့်တွင် သူငယ်ချင်းတို့ အခက်အခဲမဖြစ်စေရန် Enous MRT မှ စောင့်ကြိုခေါ်ဆောင်သွားမည် ဖြစ်ပါသည်။
အခက်ခဲတစ်စုံတရာရှိလျှင် အောက်ပါဖုန်းနံပါတ်များကို စုံစမ်းမေးမြန်းနိုင်ပါသည်။
ကိုသောင်းဆွေဝင်း ဖုန်း(၉၃၃၈၂၈၈၇)
ကိုကျော်လွင်ဝင်း ဖုန်း(၉၃၈၃၇၃၂၄)
ကိုမင်းသူ ဖုန်း(၉၁၀၉၄၆၅၇)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment