Saturday, 27 December 2008

လမ်းတစ်ခုရဲ့ ဒဏ္ဍာရီ

(ကျွန်တော်မအားလပ်လို့  ပို့ စ်တင်ရန် ကြာသွားသည့်အတွက် တောင်းပန်ပါသည်။ ဤအပိုင်းသည် မကြေးမုံဝင်းရဲ့  ကျောင်းတက်ချိန် ကျောင်းတစ်ဖက် အလုပ်တစ်ဖက် အတွေ့  အကြုံများဖြစ်ပြီး personal ဆန်နေပါသော်လည်း အကျိုးရှိသော အတွေ့ အကြုံများဖြစ်၍ သည်းခံစွာ ဖတ်ပေးကြပါရန်လည်း တောင်းပန်ပါသည်။)

အပိုင်း(၂)

ကြိုးဝိုင်းထဲမှာ....

စကာင်္ပူရောက်ပြီး နောက်တစ်ရက်မှာ ကျောင်းခေါ်စာနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေယူပြီး  ကျောင်းအပ်ပါတယ်။ နောက်တစ်ရက်မှာ ICA(Immigration and Check point Authority) ကို သွားပြီး Students Pass apply လုပ်ပါတယ်။ Application တင်ပြီးရင် Card ပြန်ထုတ်ရမယ့် အချိန်ကိုပြောပါတယ်။ အဲဒီအချိန်မှာ သွားထုတ်ရုံပါပဲ။ Pass လျှောက်တဲ့ကိစ္စကတော့ တစ်နေ့ ထဲနဲ့  ပြီးပါတယ်။ သက်တမ်းက နှစ်နှစ်ရပါတယ်။ Student pass နဲ့ ကျောင်းသားကဒ်လေးကိုင်ပြီး စာသင်ခွင့်ရပြီလို့ တွေးရင်း ပျော်နေမိပါတယ်။



ကျောင်းတက်ရတာ ကျွန်မတို့ မြန်မာတွေအတွက် အခက်ခဲတွေအများကြီးပါ။ ငွေကြေးတတ်နိုင်တဲ့ သူတွေအတွက်တော့ နည်းနည်းပိုသက်သာတာပေါ့။ ကျောင်းတက်ရတဲ့ အပိုင်းကို အရင်ပြောရလို့ ရှိရင် ကျွန်မတို့  ကျောင်းချိန်က ညနေ(၆း၀၀)ကနေ (၉း၀၀) အထိပါ။ Weekdays (5)ရက်လုံးပေါ့။ ကိုယ်ယူတဲ့ Module အရေအတွက်ပေါ်မူတည်ပြီး ကျောင်းတက်ရမယ့်ရက် မတူတာတွေတော့ ရှိမှာပေါ့။ (၃)ဘာသာယူတဲ့သူတွေအတွက် သုံးရက်၊ (၄)ဘာသာယူတဲ့သူတွေအတွက် လေးရက်ပေါ့နော်။ NUS မှာတော့ English ကို Compulsory အနေနဲ့ ယူရပါတယ်။ English မှာလည်း Basic and Intermediate ဆိုပြီး level ခွဲထားပါတယ်။ First Semester စတက်မယ့်သူတွေက ရောက်ရောက်ချင်း DET(Diagnosis English Test) ကို ဖြေရပါတယ်။ အဲဒီ ရလဒ်ကိုကြည့်ပြီး Basic ကစတက်ရမလား Intermediate ကစတက်ရမလား ဆုံးဖြတ်ပေးပါတယ်။ ကျွန်မကတော့ Basic ကနေ စတက်ရပါတယ်။ Intermediate ကို စတက်ရတဲ့ သူတွေအဖို့  တော့ Basic ကို ယူစရာမလိုတဲ့ အတွက် အချိန်ကုန်သက်သာပါတယ်။ တစ်ချို့ ကျတော့လည်း DET ဖြေတော့ Intermediateကို တန်းတက်ရပါရဲ့ ၊ Intermediate လည်းဖြေတော့ ကျကျန်ခဲ့တာမျိုးလည်း ရှိပါတယ်။ တကယ့်ကို Background ရှိတဲ့သူတွေကတော့ overcome လုပ်သွားနိုင်ကြပါတယ်။

ကျွန်မအတွက်တော့ Basic ကနေ စတက်ရတာပိုကောင်းတယ်လို့ မြင်ပါတယ်။ ကျွန်မတို့ NUS တက်တဲ့လူတိုင်းဟာ English ကို  ကြောက်ကြပါတယ်။ ဒီစာတွေကိုပဲ ကျွန်မတို့ နိုင်ငံမှာ သူငယ်တန်းကနေ ဆယ်တန်းထိသင်လာတာ တွေးကြည့်ရင် ဆယ့်တစ်နှစ် လောက်တောင်နော်။ ဒါပေမယ့် ကျွန်မတို့ မြန်မာတွေ အများစုက အားနည်းတုန်းပါပဲ။ ကျွန်မတို့ ပဲညံ့လို့ ပဲလား၊ အခုထိ အိုးနင်းခွက်နင်းဖြစ်နေတုန်း ပါပဲ။ ကျွန်မတို့ အတန်းထဲမှာ တရုတ်၊မလေး၊အင်ဒို၊အိန္ဒယ၊ဖိလပိုင်၊အဖရိကနဲ့  အနောက်နိုင်ငံကအချို့ လည်း ရှိပါတယ်။ အများဆုံးကတော့ Indian တွေပါပဲ။

ဘာသာရပ်အနေနဲ့  Module ဆယ်ခုရယ် English (Basic and Intermediate) ရယ်ပေါင်းရင် ဆယ့်နှစ်ခုယူရပါတယ်။ Full time ကျောင်းသားတစ်ယောက်က semester တစ်ခုကို Module ငါးခုနဲ့ English တစ်ခု အများဆုံးယူခွင့်ရှိပါတယ်။ Semester နှစ်ခုနဲ့ ပြတ်တဲ့လူ ရှိသလို သုံးခုနဲ့ ပြတ်တဲ့လူလည်း ရှိပါတယ်။ တစ်ချို့ ကံမကောင်းတဲ့သူတွေကျတော့ လေးခုနဲ့ မှပြတ်တာမျိုးလည်း ရှိပါတယ်။ First Semester စတက်တဲ့ကျောင်းသားတိုင်း lecture ချိန်ပြီးရင် ငိုချင်စိတ်ပေါက်ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆရာက English လိုသင် English လိုရှင်းပြ၊ နဂို Background Major ပဲ ပြန်ရတဲ့ လူတွေဆိုရင်တော့ မသိပေမယ့် lecture notes တွေဖတ်ရင်းနဲ့  ကိုယ့်ရဲ့ knowledge ရှိခဲ့တာလေးတွေကို ပြန်ဖမ်း၊ ဆက်စပ်ယူနိုင်ပါတယ်။ ကျွန်မလို background major ကတစ်ခု၊ အခုတက်နေရတဲ့ major ကအသစ်၊ စဉ်းစားသာကြည့်တော့။ lecture ချိန်ပြီးလို့  ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့်တော့ ဆရာပြောသွားတဲ့ စကားတွေကို ကျွန်မနားလည်နိုင်တယ်။ ဒါပေမယ့် ဆရာပေးတဲ့ message ကို မရဘူး။ အကြာင်းအရာတစ်ခုကို ဆရာရှင်းပြရင် နောက်ဆုံးအနှစ်ချုပ်ကဘာလဲ ဆိုတာကို ကျွန်မ မသိလိုက်ဘူး။ ဆရာရဲ့ အထာကို ကျွန်မ မသိဘူး။ Chinese ဆရာတွေဆိုရင် ပိုနားလည်လွယ်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ရဲ့  English က ဖြည်းဖြည်းနဲ့ တစ်လုံးချင်းပြောတာဆိုတော့ နည်းနည်းပိုအဆင်ပြေပါတယ်။ Indian ဆရာဆိုရင်တော့ ရွာလည်တော့တာပဲ။ ဆရာကသူ့ ရဲ့ Indian လေသံနဲ့  English ကို ပြောတော့ ကျွန်မတို့ နားထဲမှာ ကုလားစကားတွေပဲ ကြားနေရပါတယ်။ ဒီလိုနဲ့ လှိမ့်ပိတ်ပြီး ရုန်းကန်လိုက်တာ first semester ပြီးတော့ နည်းနည်းအဆင်ပြေသွားပြီး ဆရာ့အထာကိုလည်း နည်းနည်းသိသွားပါပြီ။ ကျောင်းသက်နည်းနည်းရင့်လေ ပိုအဆင်ပြေလေပေါ့။ ဒါပေမယ့် first semester ပြီးလို့ သတ်မှတ်တဲ့ အမှတ်မပြည့်တဲ့ လူတွေကတော့  ကျောင်းသက်ရင့်လေ ပိုကြောက်လာလေပါပဲ။ လိုတဲ့အမှတ်မဖြည့်နိုင်ရင် go back ပဲလေ။ ဒီနေရာမှာ တစ်ခုပြောချင်တာတော့ ကိုယ့်ရှေ့ မှာရှိတဲ့ senior ကျောင်းသားတွေရဲ့  မျှဝေမှုကလည်း တော်တော်အရေးပါပါတယ်။ senior တွေက သူတို့ ရဲ့ lecture notes အဟောင်းလေးတွေကို လက်ဆင့်ကမ်းပေးကြပါတယ်။ junior လေးတွေကလည်း အသည်းအသန် notes အဟောင်းလေးတွေ ရှာကြပါတယ်။ ကျွန်မအမြင်ပြောရရင် ဒီ notes အဟောင်းလေးတွေသာ မရှိရင် ကျွန်မတို့  ဘွဲ့ ရဖို့ မမြင်ပါဘူး။ တစ်ကယ်ပါ။ ဒါက ကျောင်းတက်ရတဲ့ အပိုင်းပေါ့။

ရပ်တည်မှုအပိုင်းကိုပြောရမယ်ဆိုရင်တော့ အရမ်းကို ပင်ပန်းပါတယ်။ အိမ်လခ၊ကျောင်းစာရိတ်၊transportation charges စတဲ့ expense တွေ အားလုံးက တစ်ကယ့်ကို လွှတ်ချမရတဲ့ ဝန်ထုပ်ဝန်ပိုးတွေပါပဲ။ ကျောင်းချိန်သုံးနာရီအတွင်း သင်တဲ့စာဟာ တစ်ကယ်တော့ ကလုံလောက်ပါဘူး။ ကိုယ့်ဘာသာ self study ပြန်လုပ်ရမယ့်အပိုင်း အများကြီးပါ။ ဒါပေမယ့် ကျွန်မကတော့ self study လုပ်ရမယ့်အချိန်တွေမှာ part time အလုပ်ဝင်လုပ်ပါတယ်။ ဒီမှာ တစ်ခုကောင်းတာက Government ကျောင်းတက်တဲ့ ကျောင်းသားကျောင်းသူအားလုံးဟာ တရားဝင်အလုပ် လုပ်ခွင့် ရှိသလို အလုပ်ကလည်းမရှားဘူးလို့ ပြောလို့ ရပါတယ်။ Private School တက်တဲ့ ကျောင်းသားများကတော့ တရားဝင်အလုပ် လုပ်ခွင့်မရှိသလို ခိုးလုပ်လို့ အဖမ်းခံရရင်လည်း တရားစွဲခံရပြီး မြန်မာနိုင်ကို ပြန်ပို့ ခံရပါတယ်။ စင်ကာင်္ပူအစိုးရက သတ်မှတ်လိုက်တဲ့နှစ်အတွင်း စကာင်္ပူကိုလုံးဝ ပြန်ဝင်လာခွင့် မရှိပါဘူး။ ဒါလေးကိုတော့ အားလုံးသတိထားသင့်ပါတယ်။

part time လုပ်ရတဲ့ဘဝကို ဆက်ပြောရမယ်ဆိုရင် hotel မှာ waiter/waitress လုပ်တာရှိတယ်။ တချို့ က ဖိနပ်ရောင်း၊ တစ်ချို့ က အရောင်းစာရေးပေါ့။ အလုပ်ကမျိုးစုံရှိပါတယ်။ ကျွန်မကတော့ စတိုးဆိုင်တစ်ခုမှာ အရောင်းစာရေးလုပ်ပါတယ်။ အလုပ်ကတစ်နေ့ ရှစ်နာရီလုံးလုံး မတ်တပ်ရပ်ရတယ်။ မြန်မာနိုင်ငံမှာ ဒီလိုနာရီအကြာကြီး မတ်တပ်ရပ်ရတဲ့အလုပ်မျိုး ဘယ်တုန်းကမှ စိတ်ကူးထဲမရှိတဲ့ ကျွန်မ၊ အခြေအနေကြောင့် မလွှဲမရှောင်သာ လုပ်ရပါတော့တယ်။ ပထမဆုံး အလုပ်ပြီး ပြန်လာတဲ့နေ့ မှာ ကျွန်မခြေဖဝါးတွေ ကြိမ်းလွန်းလို့ အိမ်ရောက်အောင်မနည်းကြိုးစားပြီး ပြန်လာရတယ်။ ပြန်လာတဲ့လမ်းတစ်လျှောက်လုံး ပင်ပန်းလွန်းလို့  ကျွန်မ ဝမ်းနည်းလို့ မဆုံးပါဘူး။

ဒီလိုနဲ့ first semester မှာထဲက အလုပ်တွေဖိလုပ်ပြီး စာမေးပွဲနီးတစ်လလောက်အလိုမှ အလုပ်နားပါတယ်။ အဲဒီအချိန်မှာ စာကို ဖင်နဲ့ ထိုင်ခုံခွာလို့  မရတဲ့အထိ ပြူးတူးပြဲတဲ လုပ်ရပါတော့တယ်။ ကျွန်မတို့ ဘဝက ဒီစာမေးပွဲကို ဖြေနိုင်မှကိုဖြစ်မှာလေ။ အဲဒီတော့လည်း ကြိုးစားရတာပေါ့။ ဒီအချိန်မှာ ဘာအလုပ်အကြောင်းမှ လာမပြောနဲ့  စိတ်မဝင်စားဘူး။ စာမေးပွဲအောင်ဖို့ ပဲ စိတ်ထဲရှိတယ်။ စာမေးပွဲပြီးတော့ intake ပေါ်မူတည်ပြီး holiday က တစ်လ(သို့ ) သုံးလရတယ်။ ကျွန်မတုန်းက သုံးလပိတ်တော့ ပျော်လိုက်တာ။ အလုပ်လုပ်ချိန်ပိုရပြီဆိုပြီးတော့ပေါ့။ ဒီမှာ တစ်ခုပြောချင်တာက အကယ်၍များ မြန်မာနိုင်ငံက ငွေပုံမှန်ပို့ ပေးနေတဲ့ သူတွေဆိုရင် ကျွန်မလောက်မပင်ပန်းသလို စာလည်းပိုပြီး လုပ်နိုင်ပါတယ်။  လူတစ်ဦးချင်းဆီမှာရှိတဲ့ အခြေအနေတွေက မတူနိုင်ပါဘူး။ တစ်ချို့  သူငယ်ချင်းတွေဆိုရင် ကျောင်းကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့  အရမ်းကိုပင်ပန်းပါတယ်။ ဒါပေမယ့် သူတို့ ကျော်ဖြတ်နိုင်အောင်ကြိုးစားသွားကြတာ ကျွန်မသိပ်လေးစားပါတယ်။ ကိုယ်ချင်းလည်းစာပါတယ်။ ဒါတွေကို လွယ်လွယ်ကူကူနဲ့ ဖြတ်သန်းနိုင်ခဲ့တာတော့မဟုတ်ပါဘူး။

ကျွန်မအတွက်ကတော့ အဖေ ဖောင်ဖျက်ပြီး ထည့်ပေးလိုက်တဲ့ငွေထုပ်လေး မကွဲသွားရအောင် အလုပ်ကိုကြိုးစားလုပ်တော့ ပိုပင်ပန်းတာပေါ့လေ။ တကယ်တမ်း second semester ကို တက်ဖို့ စဉ်းစားလိုက်တော့ နည်းနည်းတော့သွေးပျက်ပါတယ်။ English က Intermediate နဲ့  Module လေးခု ယူရမှာဆိုတော့။ ဒီ့ပြင် first semester မှာ လိုသွားတဲ့အမှတ်လည်း ဖြည့်ရဦးမယ်။ တိုတိုပြောရရင် ကျွန်မ second semester နဲ့ third semester တက်တဲ့အချိန်မှာ အလုပ်ချိန်တွေလျှော့ပြီး အသည်းအသန်ကြိုးစားလိုက်တာ လိုချင်တဲ့ အမှတ်ရပြီး ကျွန်မရဲ့ နောင်ရိုးတိုက်ပွဲလည်း အောင်မြင်သွားခဲ့ပါတယ်။

(ဆက်လက်ဖော်ပြပါမည်။)

4 comments:

  1. မကြေးမုံဝင်း
    ဂုဏ်ယူပါတယ်
    ဆက်လက်အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်
    တခါကကျောင်းကားအတူတူစီးဖြစ်တဲ့ခဏတာလေးတွေကိုပြန်အောက်မေ့ပါတယ်။
    ပို့စ်လေးကိုဖတ်ပြီးကြည်နူးမိတယ်

    ReplyDelete
  2. Mon GTI ကျောင်း သား ဟောင်း တစ် ဦး21 February 2009 at 09:32

    ညီမ လေ။

    ဘ၀ မှာ အ ရာ ရာ သည် ခေတ္တ ခဏ သာ ဖြစ် သည် ။
    အ စ ဆို သည့် အဲ ဒီ အ ခက် အ ခဲ တွေ ကို မ ကျော် ဖြတ် နိုင် မ ခြင်း ဘယ် တော့ မှ လမ်း ဆုံး ကို မ ရောက် နိုင် ဘူး ။
    အဲ ဒီ ထက် ဆိုး တဲ့ လုပ် ငန်း ခွင် အ ခက် အ ခဲ တွေ ကို အ များ ကြီး ကြုံ ဆုံ ရ အုန်း မယ်။ အ ထူး သ ဖြင့် လူ တွေ ပေး မဲ့ ပြ သ နာ တွေ ကို ပို ကျော် ဖြတ် နိုင် အောင် ပြင် ဆင် ထား ပါ။ ကျောင်း တော် က လူ တွေ လို အ လုပ် ထဲ က လူ တွေ က မ ဖြူ စင် ကြ ဘူး။

    လူ နဲ့ လူ့ ပါတ် ၀န်း ကျင် တိုက် ပွဲ မှာ လည်း အောင် မြင် နိုင် ပါ စေ။

    Mon GTI ကျောင်း သား ဟောင်း တစ် ဦး

    ReplyDelete
  3. Hi Bro!
    What you told me is right.
    School & working environment are totally different.
    Thanks you for your advice.

    ReplyDelete
  4. To Ni Ni Win

    Hi Sis,
    I am glad because you remember our schooling days.
    Thanks for your comment.
    Wishing you all the best in your life.

    ReplyDelete