အခုဆိုဒ်ကတော့ ကျွန်တော်ပြောနိုင်တဲ့ ကောင်းတယ်ဆိုတာထက် ပိုကောင်းတာတွေ့ ရတယ်။
မြန်မာစာအုပ်များခြင်း၊ အမျိုးအစားစုံလင်ခြင်း၊ စနစ်ကျခြင်း၊ Contributor များခြင်း၊ Download ဆွဲနိုင်ခြင်း အစရှိသော အားသာချက်များကြောင့် ပိုမိုစိတ်ဝင်စားသွားမိပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် Ebooks Sharing လုပ်ချင်ပေမယ့် ကျွန်တော်တို့ ဆိုဒ်ရဲ့  အားနည်းသော Space ကိစ္စ၊ စိတ်ဝင်စားမှုနည်းခြင်း၊ စတာတွေကြောင့် မလုပ်ဖြစ်တာပါ။ ဘာဖြစ်ဖြစ်သူငယ်ချင်းတွေကိုတော့ စာအုပ်လိုအပ်လို့ ပဲဖြစ်ဖြစ်၊ လေ့လာချင်လို့ ပဲဖြစ်ဖြစ်၊ ပျင်းနေလို့ ပဲဖြစ်ဖြစ် ဒီနေရာကိုတော့ သွားရောက်လေ့လာကြည့်ကြပါလို့  တိုက်တွန်းချင်ပါတယ်။
Books Hive
အသုံးပြုနည်းကတော့ လွယ်ပါတယ်။
၁။ စာအုပ်တွေ Share လုပ်ချင်တယ်၊ Download ဆွဲချင်တယ်ဆိုရင် Member Register ဝင်လိုက်ပါ။
၂။ လေ့လာရုံပဲဆိုရင်တော့ မလိုအပ်ပါဘူး။
၃။ စာအုပ်ရှာနည်းနဲ့  အသုံးပြုနည်းတွေကိုတော့ ဒီနေရာမှာ ရှင်းပြပေးထားပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း အားရင် စာအုပ်တွေ Upload လုပ်လိုက်ပါ့မယ်။ Engineering နဲ့ ဆိုင်သော စာအုပ်တွေကိုပေါ့။
အားလုံးပဲ ပျော်ရွှင်ပါစေဗျာ။
No comments:
Post a Comment