လပတ်အစည်းအဝေးမှတ်တမ်း(စက်တင်ဘာလ)
(ငွေပို့ ချလံဖြတ်ပိုင်းပုံ)
မော်လမြိုင် GTI/GTC ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ (စင်္ကာပူ)ရဲ့ လပတ်ညှိုနှိုင်းအစည်းအဝေး ကို ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ၊ ၂၁ ရက်နေ့ တွင် စင်္ကာပူ၊ Clemeti ရှိ မအေးနန္ဒာဝင်းမောင်၏ နေအိမ်တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့  ကျောင်းသူ၊ကျောင်းသားဟောင်းများ ဖြစ်ကြသော ကိုဝင်းကျော်မိုး(93 EP)၊ ကိုအေးမင်းစိုး(92 MP)၊ ကိုသောင်းဆွေဝင်း(95 MP)၊ ကိုစောအောင်ထွန်းဦး(97 MT)၊ ကိုကျော်လွင်ဝင်း(96 MP)၊ ကိုသန်းကျော်ဦး(97 Civil)၊ ကိုအောင်ခိုင်လင်း(98 MP)၊ ကိုမင်းသူ(99 EP)၊ ကိုနိုင်ဝင်း(EC 99)၊ မဝေဝေနွယ်(97 MT)၊ မစုမာဝင်း(97 Civil)၊ မအေးနန္ဒာဝင်းမောင်(98 Civil)၊ မရည်မွန်သောင်း(98 Civil)၊ မအိအိခိုင်((98 EP)၊ မကြေးမုံဝင်း(99 EP) စသူတို့  ၁၅ ဦးတက်ရောက်ခဲ့ကြပါသည်။
စက်တင်ဘာလအတွက် အလှုငွေကောက်ခံခြင်း
သက်ဆိုင်ရာမေဂျာကိုယ်စားလှယ်များမှ ကောက်ခံရရှိသော အလှုငွေများကို ဘဏ္ဍာထိန်း မဝေဝေနွယ်ထံသို့ ပေးအပ်ခဲ့ကြပါတယ်။ မဝေဝေနွယ်မှ Update ငွေစာရင်းကို သူငယ်ချင်းများအားလုံးထံသို့  Email မှတဆင့် ပေးပို့ သွားမည်ဖြစ်ပါသည်။ Email လက်ခံရရှိချိန်တွင် ငွေစာရင်းကို အချိန်ပေးကြည့်ရှုပေးဖို့ တိုက်တွန်းလိုပါတယ်။
ကန်တော့ခံဆရာ၊ဆရာမများရွေးချယ်ခြင်း
ယခုလအတွက် ရွေးချယ်ခဲ့သော ဆရာ၊ဆရာမ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ဒေါ်မီမီမျိုးသူ (Academic)
၂။ ဒေါ်အေးအေးမြင့် (Civil)
၃။ ဦးကျော်ဝေ (EP)
၎။ ဦးမောင်မောင်လူသန့် (EC)
၅။ ဦးသန်းနိုင် (MP)
၆။ ဦးထင်အောင် (MT)
ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမလူဦးရေ ထပ်မံတိုးခြင်း
ကျောင်းအုပ်ကြီး(၃)ဦးနှင့် ဆရာ၊ဆရာမ(၅)ဦးကို ကန်တော့ခံ စာရင်းတွင် ထပ်မံထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျွန်မတို့ ရဲ့  ယခင်အတည်ပြုထားသော မူအရ ၁၉၉၅ မှ ၂၀၀၄ ခုနှစ် အတွင်း ကျောင်းတွင်သုံးနှစ်ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ရမည်ဆိုသော နေရာတွင် ၁၉၉၅ မတိုင်ခင်နှစ်များမှ ဆရာ၊ဆရာမများအား တိုးချဲ့ ထည့်သွင်းရန်ဖြစ်ပါသည်။
Mon GTI/GTC ကျောင်းသူကျောင်းသားဟောင်းများ ဒုတိယအကြိမ်ကထိန်သင်္ကန်း ကပ်လှုရန်ဆွေးနွေးခြင်း
ဒုတိယအကြိမ် ကထိန်သင်္ကန်းအလှုကို ၁၇-၁၀-၂၀၀၉ စနေနေ့ တွင် တိုးပါးရိုးမြန်မာဘုန်းကြီးကျောင်းတွင် ပြုလုပ်ဖို့  စဉ်းစားဆုံးဖြတ် ဖြစခဲ့ပါတယ်။ အလှုငွေများထည့်ဝင်လှုဒါန်းလိုသူများ နီးစပ်ရာ ကိုယ်စားလှယ်များထံသို့  ကုသိုလ်ယူ လှုဒါန်းပါဝင်နိုင်ကြပါတယ်။
စာရေးသူအမှာ
အစည်းအဝေးတက်ရောက်လာပြီး ဝိုင်းဝန်းတိုင်ပင်ဆွေးနွေးပေးခဲ့ကြသော သူငယ်ချင်း၊ ညီအစ်ကိုမောင်နှမများအားလုံးကို အထူး ကျေးဇူးတင် ပါတယ်။ မိမိတို့ နှင့် နီးစပ်သော ၁၉၉၅ ခုနှစ်မတိုင်ခင် တာဝန်ထမ်းဆောင်သွားခဲ့ကြသော ဆရာ၊ဆရာမများကို နာမည်၊ နေရပ်လိပ်စာများ သိရှိပါက စာရင်းပေးသွင်းကြပါလို့ တိုက်တွန်းလိုပါတယ်။ ကထိန်အလှုနေ့ ကိုလည်းလာရောက်ပြီးကုသိုလ်ယူဖို့  ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ် လိုက်ပါရစေ ရှင်။
လေးစားစွာဖြင့်…….
မကြေးမုံဝင်း(EP,99)
No comments:
Post a Comment