Tuesday, 13 October 2009

How To Come To Singapore? Part 1

ဒီ post ကတော့ စင်ကာပူကို လာပြီး အလုပ်ရှာတဲ့ သူများအတွက် ရည်ရွယ်ပါတယ်။ ဒီကို မလာခင် စင်ကာပူရဲ့ Situation နဲ့ Condition ကို အများကြီးနားလည်ထားဖို့ လိုအပ်ပါတယ်။ ကျွှန်တော်က ဒီအကြောင်းအရာ တွေကို ကျွှန်တော်နဲ့ အင်ဂျင်နီယာအသင်း မှာဆုံခဲ့တဲ့ သူငယ်ချင်း မျိုးဆက်သစ် အင်ဂျင်နီယာများက (ဒီကိုလာပြီး အလုပ်လုပ်ချင်တဲ့) သူတွေအတွက် ရည်ရွယ် ပြီးရေးထာတဲ့ ပို့စ်တစ်ခု ကို ကျွှန်တော်ဒီ မလာခင်မှာ လက်ခံရရှိပါတယ်။ ကျွှန်တော့်အတွက် အရမ်း အသုံဝင်ပြီး အကျိုးရှိပါတယ်။ ဒီမလာခင် စင်ကာပူ ဆိုတဲ့ ခပ်သေးသေးမြို့ငယ်ကိုလာပြီးအလုပ်ရှာရင် ဘယ်လိုကြိုတင်ပြင်ဆင်ပြီး လာရမလဲဆိုတာကို သိထားဖို့လိုအပ်ပါတယ်။

အထူးသဖြင့် ကျွှန်တော်တို့ ရဲ့ အင်ဂျင်နီယာ ညီအစ်ကိုမောင်နှမများ အတွက် ရည် ရွယ် ပြီး အခု လက်ရှိ ဖြစ် ပေါ်နေတဲ့ တစ်ကမ္ဘာ လုံး ရင် ဆိုင် နေရ တဲ့စီး ပွါးရေး Recession အခြေအနေ မှာ မူတည်ပြီး ပတ်ဝန်းကျင် မှာ ကြားနေ ကြုံ နေရတဲ့ သူငယ်ချင်းများ ရဲ့ အတွေ့အကြုံများနဲ့ ပေါင်းစပ်ပြီး ရေးသားလိုက်ပါတယ်…အားလုံးပြီးပြည့်စုံတဲ့ ပို့စ်တစ်ခုလို့မသတ်မှတ်ပါဘူး…လိုအပ်တာလေးတွေရှိရင် ကျွှန်တော့်ရဲ့အားနည်းချက်လို့ပဲ့ ဝန်ခံပါတယ်…တတ်နိုင်သမျှ အချက်အလက်များကိုစုဆောင်းပြီရေးထားပါတယ်…

ကျွှန်တော်တို့ မြန်မာ လူငယ် အင်ဂျင်နီယာများ ဟာ ဒီကိုလာပြီး အလုပ်ရှာတဲ့အခါမှာ ကျွှန်တော်တို့မှာ
၁။ ကြိုတင် ပြင်ဆင်ခြင်း Preparation
၂။ တတ်ကျွမ်းတတ်မြောက်မှု Professional
၃။ ပညာရပ်ဆိုင် ရာ ရရှိမှု Academic (Diploma, Degree)
၎။ ဘာသာစကား ဆိုင်ရာပြောဆို ရေးသား နားလည် ခြင်း Languages (English, Chinese)
၅။ အထွေထွေ ဗဟုသုတ General Knowledge
၆။ အခြားသော ပညာ ရပ်ဆိုင်ရာအရည်အချင်း Other Qualifications
ရှိထားရမှာ ဖြစ်ပါတယ်။
ဒါအပြင်…
Enthusiasm စိတ်အားထက်သန်ခြင်း, Interest စိတ်ဝင်စားခြင်း, Motivation တက်ကြွခြင်း, Confidence ယုံကြည်မှုရှိခြင်း နှင့် Good Luck ကံကောင်းခြင်းတို့လည်းရှိရမှာဖြစ်ပါတယ်…

အောက်အချက်အလက်များက တော့ ဒီကိုလာပြီး အလုပ်ရှာရာ တွင် အထောက်အပံ့ ဖြစ်လိမ့်မယ်လို့ မျော်လင့်ပါတယ်…

၁။ စင်ကာပူမလာခင်ကြိုတင်ပြင်ဆင်ခြင်း
၂။ Visa လျှောက်ထားခြင်း
၃။ လေယာဉ်လက်မှတ်ဝယ်ယူခြင်း
၎။ ရန်ကုန်မှ ထွက်ခွါခြင်းနှင့် စင်ကာပူသို့ရောက်ရှိခြင်း
၅။ စင်ကာပူတွင်စတင်နေထိုင်ခြင်း
၆။ အလုပ်ရှာဖွေခြင်း နှင့် နေထိုင်သင့်သော နေ့စဉ်ဘဝ
၇။ စင်ကာပူတွင် နေထိုင်ခွင့်သက်တမ်းတိုးခြင်း (ICA/MOM)
၈။ အလုပ်ရှင်ထံမှ အလုပ်လက်ခံခြင်း
၉။ SPass လျှောက်ထားခြင်း နှင့် သွားယူခြင်း
၁၀။ Bank Account တစ်ခုဖွင့်ခြင်း

၁။ စင်ကာပူမလာခင်ကြိုတင်ပြင်ဆင်ခြင်း

i. လိုအပ်သော English Version မဟုတ်သော စာရွက်စာတမ်းများအားလုံး Notaries translation လုပ်ပါ။
MOFA seal တော့လိုအပ်တယ်။ (အခုတော့ နိုင်ငံခြားရေးရုံးကတော့ နေပြည်တော်ရောက်သွားပါပြီ)
ii. ပြီးတော့ ၄င်း စာရွက်စာတမ်း များ အားလုံးကို softcopy/hardcopy လုပ်ပါ။
iii. ကြိုတင်ပြီး တော့ ဒီရောက်ရောက်ချင်း နေထိုင် ဖို့အတွက် ကို Advance Accommodation လုပ်ပါ။
သူငယ်ချင်း ရှိပါက ကြိုတင်ဆက်သွယ်ပြီး မေးမြန်းထားနိုင်ပါတယ်။ Internet, Home Phone ရှိမရှိ၊ သုံးခွင့်ရမရ။ အိမ်မှ ထိုင်ပြီး အလုပ် ရှာ အလုပ် လျှောက်ဖို့အတွက် ကွန်ပြူတာပါ သုံခွင့်ရရင် ပိုကောင်းပါတယ်။
မဟုတ်ရင်တော့ နီးစပ်ရာ သို့မဟုတ် City Hall ရှိ မြန်မာ ဆိုင်ပြေး ရလိမ့်မယ်။ အကောင်းဆုံးကကောင်းတော့
ဒီအလုပ် စလျှောက်တဲ့အခါမှာ သူငယ်ချင်း များရဲ့အကူအညီ အများကြီး လိုအပ်ပါတယ်။ ဒါကြောင့် Accomodation is very important during applying the job.
Hand Phone တစ်လုံး ကိုတော့ ကိုယ်ပိုင် ကိုင် ထားရ လိမ့်။ Communication ကတော့ တကယ် ကို အရေးကြီးပါတယ်။
ပြီးတော့ အစောဆုံးသတင်းစာ (Strait Times) ဘယ်နေ ရာ မှာ ရနိုင်လဲ သိသင့်ပါတယ်။ 7Eleven 24 hours ဆိုင်တွင် ရနိုင်ပါတယ်။ တတ်နိုင်သမျှ အစော ဆုံး စလျှောက်သင့်ပါတယ်… Applicaition Form လက်ခံမယ့် Mail Box ပြည့် သွားတတ်လို့ပါ။
iv. Cover Letter and CV form (Resume) with attached photo ကို တော့ အကောင်းဆုံး နဲ့ သပ်သပ် ရပ်ရပ် ဖြစ်အောင် ကြိုတင်စီစဉ်ထားပါ။
v. SG $dollor ဘယ်လောက်ယူ လာရမလဲ။ At least SG$1500 ပေါ့… စေ့ စေ့စပ်စပ်သုံးပေါ့ဗျာ
vi. သင့်တော်သော အ၀တ်အစားများ၊ အလုပ်အင်တာဗျူးရာ ဝတ်မယ့် သပ်သပ် ရပ်ရပ် အဝတ်အစား
personal accessories များ, ပုံမှန်သောက်နေတဲ့ဆေးများ စသဖြင့်ပေါ့ သယ်ယူလာ ဖို့ မမေ့ပါ နဲ့။
vii. နောက်တစ်ခု အရေးကြီးဆုံးကတော့ Confidence (ယုံကြည်မှူ) ကို သယ်လာဖို့ မမေ့ဖို့ ပါပဲ။

Ko Myeik

ဆက်လက်ဖော်ပြပါမည်>>>

No comments:

Post a Comment