ကျွန်တော်တို့ သူငယ်ချင်းတစ်စု အားလပ်ချိန်တိုအတွင်းမှာ website ပြန်လည် ရှင်သန်လာအောင် ကြိုးစားလိုက်ကြရာမှာ ယခုလက်ရှိ အခြေအနေကို ရောက်ရှိလာပါပြီ။ မပြည့်စုံ မပြီးပြတ်သေးပေမယ့် အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာတဲ့ ဆိုဒ်ကို ကြိုဆိုပေးကြပါလို့  တောင်းပန်အပ်ပါသည်။
ရှိခြင်းသည် မရှိခြင်းထက်စာရင် ပိုမိုအကျိုးရှိမည်ဟု ယူဆပြီး အကောင်းဆုံးဖန်တီးနေချိန်တွင် အားလုံးရဲ့ နားလည်မှု၊ အားပေးမှုတွေကို လိုအပ်ပါသည်။ ရှေ့ ဆက်ရင်ဆိုင်ရမည့် ပြသာနာများအားလည်း ဝိုင်းဝန်းအဖြေရှာ၊ ကူညီဖြေရှင်းပေးလိမ့်မယ်လို့ လည်း မျှော်လင့်ပါသည်။
လောကသည် ကောင်းခြင်းဆိုးခြင်း ဒွန်တွဲနေသည် ဆိုငြားအပ်၊ ကောင်းသောအရာများကို ရယူအသုံးချ၍ ဆိုးသောအရာများကို စိတ်ရှည်သည်းခံကာ ရင်ဆိုင်ကြရမည်တည်း။ ထို့ တည်းမဟုတ် ကျွန်တော်တို့ ၏ ပင်ပန်းစွာအားထုတ်မှုများ အဓိပ္ပါယ်မဲ့ကြပေလိမ့်မည်။
မည်သို့ ဆိုစေ ယခုလို အသစ်တစ်ဖန်မွေးဖွားလာသော website အား ကြိုဆိုသောအားဖြင့် တန်ဆောင်တိုင်ပွဲတော်အခါသမယနှင့် တိုက်ဆိုင်နေချိန်တွင် အမိမြန်မာပြည်သို့ ပြန်လည်လွမ်းဆွတ်စရာ သီချင်းလေးတစ်ပုဒ်ကို ဝေမျှလိုက်ပါသည်။
အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ဘဝတစ်လျှောက်လုံး ပြုမူပြောဆို နေထိုင်နိုင်ကြပါစေ။
No comments:
Post a Comment