မင်္ဂလာပါ ခင်ဗျာ။ အစ်ကို့ နာမည်၊မေဂျာ၊ကျောင်း၊ ကျောင်းဆင်းခဲ့တဲ့ခုနှစ်နဲ့  မိတ်ဆက်ပြီး စလိုက်ကြရအောင်။
မင်္ဂလာပါ။ ကျော်လွင်ဝင်း၊ MP,96 MON GTI က ပြီးတာပါ။
အစ်ကိုကျောင်းတက်တုန်းကဘဝကို အနည်းအကျဉ်းလေးပြောပါလား။
93 ခုနှစ်မှာ ဆယ်တန်းအောင်ပြီး GTI ဝင်ခွင့် ဖြေတယ် MP မေဂျာဦးစားပေးလျှောက်ထားတော့ MON GTI ကို မလျှောက်ထားပဲ ရောက်လာတာပါ။ ရောက်စတော့ ပြန်ပြေးချင်တယ် (အိမ်ကို)။ မိုးအရမ်းကြီးတော့ အိမ်ကို အရမ်းလွမ်းလို့။
ဖားအောက်ရွာထဲက (ခရေပင်ကြီးအိမ်) ဒေါ်ငယ်တို့ အိမ်မှာ ခဏနေပြီး ကျောင်းထဲက ဒက္ခိဏ တိုးချဲ့ (ဘုရားခန်း) မှာ အဆောင်ရတာ။ အဆောင်ထမင်း နဲ့ ဟင်းက လွဲရင် အဆင်ပြေတယ်။ အဆောင်မှူးက ဦးမိုးဇော်ထွန်းပေါ့။ အခန်းလာတိုင်း ဖဲဝိုင်း ဖမ်းမိလွန်းလို့ နောက်တော့ သတိပေးရုံမဟုတ်တော့ပဲ လောင်းကြေး ကို အဆောင်ရံပုံငွေ အဖြစ် သိမ်းတော့တာပဲ။ ဒါနဲ့ပဲ ကစားတဲ့ သူတွေက ငွေအစားထိုးပြီး ကူပွန်သုံးပြီး ဆော့တော့တာပဲ။ ဖမ်းမိရင် တစ်ဝိုင်း လုံးမှ ငွေ တစ်ဆယ်ကျပ် လောက်ပဲ့ မိတော့တယ်ပေါ့။ ဆရာလည်း တော်တော် စိတ်လေသွားတယ်။
ရှားရှားပါးပါး တစ်ခါ အဆောင်ရှေ့ ဂစ်တာတီးတာ လိုက်ဖူးတယ်။ ဒေါ်ခင်စန်းသွင်နဲ့ ပြဿနာ တက်ပြီး၊ သူငယ်ချင်းတစ်ယောက် (ယာယီ)ကျောင်းထုတ် ခံရတယ်။ အချိန်က မနက် ၁ နာရီတီးရှိမယ်ထင်တယ်။ အရှေ့မှာတစ်ဖွဲ့ တီးပြီး နောက်တစ်ဖွဲ့ တီးပြီးပြန်ခါနီးမှ ရောက်လာတယ်။ ကျွန်တော်တို့အဖွဲ့စတီးတဲ့အချိန်မှာ ကောင်းကောင်းအဆူခံရတယ်။ ဒါက ကျောင်းတုံးက မမေ့နိုင်စရာ အဖြစ်အပျက်လေးတွေပေါ့ဗျာ။
ဒါနဲ့ ကျောင်းစာဖတ်ရင်း ပျော်ရင်းပါးရင်နဲ့ ၁၉၉၆ မှာ ဂျီတီအိုင်ပြီးခဲ့ပါတယ်။
ပြီးတော့ YIT Entrance ဖြေတယ်။ ဝင်ခွင့်ရတော့ ဆရာဖြစ်သင်တန်း၊ အင်းစိန် GTI မှာတက်ရတယ်။ ၉၆ ကဆို ကျွန်တော်ရယ်၊ EP က ဝင်းထွဋ္ဋ်လှ ရယ်၊ နှစ်ယောက်တည်း။ မနက် PT လုပ်ပြီး ဘောလုံးကွင်းပတ်ပြေးရတယ်။ အင်းစိန်ကျောင်းထဲမှာပဲနေပြီး SAT and SUN မှာ အိမ်ပြန်ခွင့်ရတယ်။ ဝင်းထွဋ္ဋ်လှကတော့ နှစ်ရက် တက်ပြီးထွက်သွားတယ်။ ကျွန်တော်ကတော့ ငါးရက်တက်ပြီးထွက်လိုက်တယ်။ ဆရာမလုပ်ချင်လို့လေ။ (အဲဒီဆရာဖြစ်ပြီးခဲ့တဲ့ လူတွေလည်း တကယ်တော့ ဆရာ မလုပ်လည်းရတယ်ဗျ၊ ဒီမှာ ရောက်နေတဲ့လူတွေလည်းရှိတယ်)
ကျောင်းပြီးတော့ရော ဘာတွေလုပ်သေးလဲ။
ကျောင်းပြီးတော့ S.A.E ပေါ့။ အလုပ်မှာမဟုတ်ဘူး။ အိမ်မှာ SLEEP, And EAT. J
အိမ်နားက ကိုတင်ထွန်းဝင်း အဲယားကွန်းနဲ့ ရေခဲသေတ္တာမှာ ကူလုပ်ပြီး ၉၈ ခုနှစ်မှာ ကျောင်းက နှစ်တူပြီးတဲ့ သူငယ်ချင်း ကိုမြတ်မင်း၊ ကိုလွင်မျိုးမင်း တို့နဲ့ တွဲပြီး အဲယားကွန်းဆိုင်ဖွင့်ဖြစ်တယ်။ KLM ဆိုတဲ့နာမည်နဲ့ပါ။
စင်္ကာပူကိုထွက်လာရတဲ့အကြောင်းရင်းနဲ့ စီစဉ်ပုံများနည်းနည်းလောက်ပြောနိုင်မလား။
သီးသန့်စီစဉ်တာတော့မရှိခဲ့ပါဘူး။ အဲဒီတုန်းက ကိုးရီးယား ကို Try လိုက်၊ စင်ကာပူကို Try လိုက်နဲ့၊ Premier Oil Company ကို Try လိုက်နဲ့။ B.Tech ကျောင်းခေါ်စာရင်းဒုတိယအသုတ်မှာ နာမည်ပါလာတော့ B.Tech ကို ဆက်တက်ဖြစ်တယ်။ B.Tech ပြီးတော့ မြေနီကုန်း ကဆိုင်မှာ လုပ်ရင်း စင်ကာပူထွက်ဖို့အတွက် T.N.Y Agent မှာ လျှောက်လွာတင်တယ်၊ စာတွေ့ လက်တွေ့ လူတွေ့ စစ်အောင်ပြီး စင်ကာပူမှာရှိတဲ့ PSA မှာ အလုပ်လုပ်ဖို့ ၂၀၀၄ စက်တင်ဘာမှာ စင်ကာပူကို ရောက်တယ်ဗျာ။
အခုလက်ရှိအလုပ်လုပ်နေတဲ့ဘဝ အကြောင်းလေးလည်း သိချင်ပါတယ် ခင်ဗျာ။
PSA မှာ ၃ နှစ်လုပ်ပြီး INDECO ကို အလုပ်ပြောင်းဖြစ်တယ်။ အဲဒီ INDECO ENGINEERS. PTL မှာ နှစ်နှစ်နီးပါးမှာ ကြာတော့ လက်ရှိ POWER FORCE TECHNOLOGIES PTL မှာ လုပ်နေပါတယ်။
အစ်ကို အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်လို့ ဘာတွေများဆက်လက်လေ့လာဖြစ်သလဲ။ ဆိုလိုတာက ကျောင်းက သင်ပေးလိုက်တာအပြင် ဘယ်လိုများကိုယ့်ကိုကိုယ် လေ့လာဖြည့်ဆည်းခဲ့ပါသလဲ။
လက်ရှိထိတော့ ဒီမှာကျောင်းလည်း ဆက်မတက်ဖြစ်သေးဘူး။ လုပ်ငန်းခွင်လိုအပ်ချက်အရ Hydraulic တို့၊ Electrical တို့တော့ လေ့လာဖြစ်ပါတယ်။ AutoCAD ဆွဲတာလည်း အချိန်ရရင် လေ့ကျင့်ပါတယ်။ Self-Study ဆိုတော့ နဲနဲနှေးသလိုရှိတယ်။
လူငယ်တွေအတွက် အခွင့်အလမ်း၊လမ်းကြောင်းတွေ ရှာဖွေဖို့ အခက်အခဲရှိတယ်လို့  ကျွန်တော်ထင်ပါတယ်။ တကယ်လို့ များ အကြံပေးနိုင်ရင် ဘယ်လိုလမ်းကြောင်း၊ဘယ်လို professional မျိုးရွေးသင့်တယ်။ ဘယ်လိုအသုံးဝင်နိုင်တယ် စသည်ဖြင့် အစ်ကို့ အတွေ့ အကြုံနဲ့ ယှဉ်ပြီး အကြံပေးနိုင်မလား။
မိမိဝါသနာပါတဲ့ Subject ကို Specialized ကျွမ်းကျင်ပြီး Independent လုပ်နိုင်အောင် လေ့လာစေချင်ပါတယ်။ Experience အတွေ့အကြုံ ရှိအောင်လည်း လုပ်ထားသင့်ပါတယ်။ English ဖြစ်နိုင်ရင် Chinese ပါ ဖြည့်စွက်လေ့လာစေချင်ပါတယ်။
နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ ရဲ့ ဂျူနီယာ ညီ၊ညီမလေးတွေကို စကားလက်ဆောင်လေးပေးချင်တာများရှိရင် ကျေးဇူးပြု၍…….
ဒီကို လာမယ်ဆိုရင် (ကျောင်းဖြစ်ဖြစ်၊ အလုပ်ဖြစ်ဖြစ်) သေသေချာချာ လေ့လာစုံစမ်းပြီး (ဆန္ဒမစောပဲ) လုပ်ကြဖို့ပါ။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။
It's nice.
ReplyDeleteကျောင်းပြီးကာစကရခဲ့တဲ့ Temporary S.A.E ရာထူးကိုပြန်လွမ်းမိသား။
ReplyDeleteဇာတ်လမ်းလေးတွေရောမပါဘူးလားဗျို.။