စွန့်လာထွက်ခွာခဲ့သော
နေ့ ရက်တစ်ခု
ခိုင်မာစွာအခြေချမယ်ဆိုတဲ့
ဆုံးဖြတ်ချက်နဲ့ 
အိမ်မက်တစ်ခုရဲ့သက်တမ်းဟာ
အခိုက်တန့် မဟုတ်
ရူးသွပ်စွာနစ်မျောခွင့်
လွင့်ဆဲစိတ်ကူးထဲ
ရုန်းထွက်လို့ တမ်းတမိတယ်။
အဝေးကတဲအို
ပြိုခါနီးခေါင်မိုးနဲ့ သစ်ပင်
သက္ကရာဇ်တွေတိုက်စားလို့ 
ရင့်ရော်ဟောင်းနွမ်းခဲ့
အမေနဲ့ အိမ်အို
နေရဲ့ဒဏ်ကျောပူစွာ ခံစားရင်း
အမေ့အရိပ်
ချွေးသိပ်ဖို့ လှမ်းလိုက်တယ်
ငှက်တွေပျံသန်းစေသတည်း။
လမင်းသူ(သံဖြူဇရပ်)
(ဒီကဗျာကို ကျောင်းတုန်းကတည်းကရေးထားတာပါ။
ဘဝမှာ ဘုရင့်နောင်ဖောင်ဖျက်ခံစားမှုမျိုး ခဏခဏကြုံဖူးပြီး စိတ်ကူးနဲ့ ပဲ အိမ်ပြန်ခဲ့ပေါင်းများခဲ့ပါတယ်။ အခုချိန်ထိ ဒီခံစားမှုဟာ တိုက်ဆိုင်စွာ ကျန်ရှိနေတုန်းပါပဲ။)
No comments:
Post a Comment