(ငွေလွှဲဖြတ်ပိုင်းပုံ)
ယခုလ ပြီးခဲ့တဲ့ ဧပြီ (၂) ရက်နေ့ အစည်းဝေးဆုံးဖြတ်ချက်အရ (၃) ရက်နေ့ တွင် ငွေလွှဲဖြစ်ခဲ့တဲ့ ဖြတ်ပိုင်းပုံလေးပါ။ ဒီလမှစတင်၍ တစ်လ (ရ) ယောက်နှုန်းပေးပို့ ရန်ဆုံးဖြတ်ထားပြီး နောက်တိုးဆရာ ဆရာမစာရင်းများလည်း (IT မေဂျာကလွဲရင်) အချောသတ်လုနီးပါးဖြစ်နေပါပြီ။ လစဉ်တိုင်းပျက်ကွက်နေသော အစည်းဝေးမှတ်တမ်းအားလည်း မကြာမှီတင်ပြနိုင်ရန်ကြိုးစားနေကြပါတယ်။
ကျွန်တော်တို့ ရဲ့ ရပ်တန့် နေသော၊ (သို့ ) နှေးကွေးနေသော သတင်းစီးဆင်းမှုအတွက်လည်းကောင်း၊ ထိုသို့  အဆင်အဆက်မပြတ် ရေးသား၊ ဖြန် ဝေ တင်ပြနိုင်ဖို့  အားထုတ်ရန်ပျင်းရိမှုတို့  အတွက်လည်းကောင်း အားလုံးကို အနူးအညွတ်တောင်းပန်အပ်ပါသည်။
မကြာမှီ အချိန်လေးအတွင်းမှာ ဆရာ ဆရာများလက်ထဲသို့  ကျွန်တော်တို့ အဖွဲ့ ရဲ့  လှုပ်ရှားမှု၊ ကျောင်းသူကျောင်းသားများစာရင်း၊ ရွေးချယ်ခံဆရာ ဆရာမများစာရင်းနှင့် ရွေးချယ်ရေးလမ်းစဉ်များကို လက်ကမ်းစာစောင်အဖြစ်ဖြန့် ဝေနိုင်ရန်လည်း ကြိုးစားနေပါတယ်။
ယခုကဲ့သို့  စိတ်ပါလက်ပါပူးပေါင်းပါဝင်ကြသော၊ မအားမလပ်သည့်ကြားကကူညီကြသော၊ စိတ်ရှိသော်လည်း မပါဝင်နိုင်ကြသော၊ စိတ်မပါလက်မပါနဲ့ ဘေးထိုင်နေကြသော သူငယ်ချင်းမိတ်ဆွေမောင်နှမများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါကြောင်းပြောကြားရင်းနဲ့  ကျွန်တော်တို့  တတ်နိုင်သမျှ ဆက်လက်ကြိုးစားလုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
No comments:
Post a Comment