Wednesday, 19 May 2010

မေလအစည်းအဝေးနှင့် ငွေလွှဲချလံ

စင်္ကာပူရောက် မော်လမြိုင်ဂျီတီအိုင်ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ ရဲ့ ၂၀၁၀ မေလ အစည်းအဝေးကို စင်္ကာပူနိုင်ငံရှိ Choa Chu Kang Ave 3 မအေးနန္ဒာဝင်းမောင်း၏ နေအိမ်တွင် ပြီးခဲ့တဲ့ ၁၃ရက်နေ့  စနေနေ့ ညနေမှာပြုလုပ်ဖြစ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးပွဲသို့   စင်္ကာပူနိုင်ငံရောက် ကျောင်းသူကျောင်းသားဟောင်းများ (၁၅)ဦးခန့် တက်ရောက်ကြပါသည်။ အစည်းအဝေးပွဲတွင် ဆရာဆရာမများ အတွက် ကန်တော့ငွေ ကောက်ခံခြင်း၊ မေလအတွက် ကန်တော့ခံ ဆရာဆရာမများ ရွေးချယ်ခြင်းနှင့် ရှေ့ ဆက်လုပ်ကိုင်ရန် လုပ်ငန်း ဆောင်တာများကို တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။



မေလအတွက် ကန်တော့ခံဆရာဆရာမများကို အောက်ပါအတိုင်းရွေးခြယ်ဖြစ်ခဲ့ပြီး ငွေလွှဲတာဝန်ခံအဖြစ် ကိုအောင်ခိုင်လင်း(MP) မှတာဝန်ယူကာ မော်လမြိုင်ရှိ တာဝန်ခံ ဆရာမဒေါ်ဥမ္မာသူထံသို့  လွှဲပြောင်းပေးခဲ့ပါသည်။

(၁) ဒေါ်ကြင်ဝင်း (Academic)

(၂) ဒေါ်ခင်စန်းသွင် (Civil)

(၃) ဦးစိုးဝင်း ( EP)

(၄) ဒေါ်ဝါဝါမိုး (EC)

(၅) ဒေါ်မြင့်ငွေ (MP)

(၆) ဦးအာတီး (MT)

(၇) ဒေါ်လှလှမြင့် (IT)

အထက်ပါဆရာဆရာမများကို ရွေချယ်ရာတွင် အလှည့်ကျ မော်လမြိုင်နယ်မြေကို အခြေခံစဉ်းစားပြီး မေဂျာစုံပါဝင်စေရန် ဦးစားပေးထားခြင်း ဖြစ်ပါသည်။ ယခုနှစ်မှအစပြု၍ IT ဌာနမှာ ဒေါ်လှလှမြင့်အပါအဝင် သုံးဦးထပ်မံဖြည့်စွက်ထားပြီး ဆရာဆရာမစုစုပေါင်း ၈၄ ဦးခန့် လှုဒါန်းသွားရန် စီစဉ်ထားပါသည်။

သို့ ပါ၍ မြန်မာနိုင်ငံနှင့်တကွ ကမ္ဘာနေရာအနှံ့ အပြားသို့ ရောက်ရှိနေကြသော ကျောင်းသားကျောင်းသူဟောင်း ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့ ၏ ညီညွတ်ခြင်း၊ စည်းလုံးခြင်းမှဖြစ်တည်လာသော သန္ဓေကို ပိုမိုအောင်မြင်တည်မြဲစေရန် အလို့ ငှာလည်းကောင်း၊ နောင်မျိုးဆက်သစ်များ ဆက်လက်အတုယူ ဆောင်ရွက်နိုင်ရန် စံပြကြိုးစားအားထုတ်မှု အနေဖြင့်လည်းကောင်း မိမိတို့ ၏ သဒ္ဒါတရား အနည်းများမဆို လှုဒါန်းပါဝင်ခြင်းအားဖြင့် ဆက်လက်အားထုတ်သွားကြပါစို့ ဟု တိုက်တွန်းလိုက်ရပါသည်။

No comments:

Post a Comment