Sunday, 30 May 2010

ဘ၀တစ်ကွေ့က ခြေရာများ ၂

ကျွန်တော် ကျောင်းပြီးတော့ ရန်ကုန်မှာ သင်တန်းတွေတက်ဖို့ ရောက်လာခဲ့တယ်။ ယောင်ချာချာနဲ့ ရန်ကုန်ဟာ ကျွန်တော့်အတွက် အိပ်မက်လိုပါပဲ။ ကျွန်တော် သင်တန်းတက်ချင်တဲ့စိတ် ဘယ်လောက်ပျင်းပျတယ်ဆိုတာ ကျောင်းပြီးပြီးချင်း ဘာမှမပြင်ဆင်ပဲနဲ့ ရန်ကုန်ကို တက်လာခဲ့တယ်။ ရန်ကုန်ရောက်တော့ အခက်အခဲမျိုးစုံ ကြုံခဲ့ရပါတယ်။ နေထိုင်မှုရော၊ သွားလာရေးရော၊ အဆိုးဆုံးကတော့ ကျွန်တော်တည်းတဲ့ အိမ်ရောက်ရောက်ချင်းမှာပဲ ပိုက်ဆံတွေအခိုးခံခဲ့ရတယ်။
နောက်ဆုံးတော့ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ တောင်ဒဂုံက တိုက်ခန်းလေးမှာ နေဖြစ်တယ်။ သွားလာရေးက သိပ်အဆင်မပြေဘူး။ မြို့ထဲတစ်ခါသွားရင် အသက်ကို တစ်ခါမှ ကောင်းကောင်းမရှူခဲ့ရဘူး။ ကျပ်လွန်းလှတဲ့ လိုင်းကားတွေဟာ ရန်ကုန်ရဲ့ သဘာဝတစ်ခုဖြစ်နေတယ်။ ရန်ကုန်ရောက်တော့ လည်း ငါဘာသင်တန်းစတက်ရမလဲဆိုတာ စဉ်းစားရတာ အလုပ်တစ်ခုဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ IT နဲ့ကျောင်ပြီးတဲ့ ကျွန်တော့်အတွက် တက်စရာသင်တန်းတွေ အရမ်းကိုများနေတယ်။

အဲဒီအချိန်ထိ ကျွန်တော်ဘာလိုင်းကို အဓိကလိုက်ဖို့ အဖြေမထွက်သေးပါဘူး။ Networking လား Programming လား ဆိုတာ စဝေစ၀ါဖြစ်လို့ကောင်းတုန်းပဲ။ ကျွန်တော့်အတွက် စဉ်းစားချိန် ကောင်းကောင်းမရခဲ့ရဘူး။ အိမ်ကို (၆)လနဲ့ သင်တန်း အပြီးတက်မယ်လို့ ပြောခဲ့လိုလေ (၆)လနဲ့ ကျွန်တော်ပြီးပြည့်စုံပြီးလို့  ထင်ခဲ့ပါတယ်။ ကျွန်တော့်လည်း အချိန်ကို မစောင့်တော့ပဲ Networking သင်တန်းကို တက်ဖြစ်ပါတယ်။ သင်တန်းတက်တဲ့ လူတွေအားလုံး ဆရာတွေကြီးပဲ။ ကျွန်တော့်မှာ Networking အခြေခံတော့ ရှိပေမယ့် လက်တွေ့ကျတော့  တော်တော် လိုက်လုပ်ရပါတယ်။

Networking ကိုတက်ရင်း အခွင့်အလမ်းဂျာနယ်မှာ Web Design သင်တန်း Online ကနေ အပ်ရင် 10% လျှော့ပေးမယ်လို့  တွေ့တယ်။ အဲဒါနဲ့ စုံစမ်းပြီး တက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ တက်ရင်းနဲ့ Web Design ကို စိတ်ဝင်စားလာတယ်။ ဒါကြောင့် Web Design ဟာ ကျွန်တော့်ဘ၀ရဲ့ career ဖြစ်လာတယ်။ ကျွန်တော်နေတဲ့ တိုက်ခန်းကနေ MICT နဲ့ဆိုအရမ်းကိုဝေးပါတယ်။ ညနေသင်တန်းပီးချိန်ဆိုရင် ကား၂ဆင့် ၃ဆင့်  စီးရပါတယ်။ သင်တန်းကလည်း တစ်ပတ်မှာ (၂)ရက်ပဲ တက်ရတယ် (၂) နာရီ စာသင်တန်းဟာ ကျွန်တော့်ရဲ့ အသွားအပြန်အချိန်ကို မကျော်လွန်ပါဘူး။ တက်ချင်လွန်းလို့ ပင်ပန်းမှာကို မတွေးတောမိတာ အမှန်ပါပဲ။

"ဘ၀မှာ ရွေးချယ်စရာ လမ်းတွေ့ သွားပြီးဆိုရင် ကျန်တဲ့ အစိတ်အပိုင်းတွေဟာ  အဲဒီလမ်းရဲ့ တွန်းအားကြောင့် ပင်ပန်းတယ်လို့ မထင်ရဘူး...ဒါကျွန်တော့်ရဲ့ ကိုယ်တွေ့ ခံစားမှုပေါ့..."

ဆရာရဲ့ စာသင်ကောင်းမှုကြောင့်လည်း ၂နာရီစာ အချိန်လေးဟာ ခဏလေးကုန်သွားပါတယ်။ နောက်တနေ့ ဆရာဘာတင်မယ်ဆိုတဲ့  မျှော်လင့်ချက်နဲ့ ကျွန်တော်အရမ်းကို တက်ကြွနေပါတယ်။ ဒီလိုပဲ Web Design  သင်တန်းပြီးခါနီးမှာ ဆရာက Advanced Web Design ဖွင့်မယ်လို့ ပြောတယ်။ သင်တန်းကြေးက အရမ်းကိုများပါတယ်။ ကျွန်တော်တက်ချင်ပေမယ့် နောက်ထပ် အချိန်ရယ် ငွေကြေးရယ် ကျွန်တော်မတက်နိုင်တော့ဘူး။ စိတ်ထဲမှာတော့ အရမ်းကိုတက်ချင်နေပါတယ်။ သင်တန်းတက်ရင်း ဆရာက တပည့်တွေအားလုံးအတွက် New Year Celebrity လုပ်ပေးပါတယ်။ ကျွန်တော်လည်း ခင်တက်တဲ့ ဆရာကို လေးစားတာရယ် ပျော်တက်တာရယ် ပေါင်းပြီး သွားဖြစ်ပါတယ်။

ကျွန်တော်ပဲခေတ်မမှီတာလား ရန်ကုန်သူတွေကပဲ ခေတ်မှီတာလားတော့ မပြောတတ်ဘူး။ သူတို့ရဲ့ ၀တ်စားဆင်ယင်မှုဟာ ကျွန်တော့်အတွက်တော့ နည်းနည်းတော့ ထူးဆန်းတယ်။ ဆရာက ကျွန်တော်တို့အတွက် အစီအစဉ်တစ်ခု လုပ်ထားပေးတယ်။ သင်တန်း ၃ တန်းက သင်တန်းသူ သင်တန်းသားတွေနဲ့ ပျော်ဖို့ကောင်းပါတယ်။ ဆရာရဲ့ အစီအစဉ်တွေကို ရင်ခုန်စွာစောင့်ရင်း New Year ညလေးဟာ ကုန်မှန်းမသိကုန်သွားပါတယ်။ ၁၁ နာရီလောက်မှာ ဆရာက သူ့ရဲ့အစီအစဉ်ကို ကြေငြာပါတယ် အခုလာတဲ့ တပည့်တွေအားလုံးကို ကံစမ်းမဲ ဖေါက်ပေးမယ်။ ပေါက်တဲ့လူက Advanced Class ကို အခမဲ့တက်ရမယ်တဲ့ဗျာ။

ကျွန်တော်လေ စိတ်ထဲမှာ အရမ်းကို တက်ခဲ့ချင်တဲ့အတွက် အဲဒီကံစမ်းမဲ ကျွန်တော်ပေါက်ရင် ကောင်းမယ်လို့ တွေးမိပါတယ်..ဆရာက မဲလိပ်တွေဝေပါတယ်..ကျွန်တော့်ကို ပေးတဲ့မဲလိပ်ထဲမှာ တစ်ခုခုရေးထားတဲ့ မျှော်လင့်ချက်နဲ့ တဖြည်းဖြည်းချင်း ဖွင့်ပါတယ် အဖြူရောင်စာရွက်ပိုင်းလေးမှာ စာလုံးမပြောနဲ့ မှင်ခြစ်ရာတောင်မတွေ့ဘူး။ ဆရာက ဘယ်သူပေါက်လဲ မေးပါတယ် အားလုံးရဲ့အကြည့်တွေဟာ တစ်ယောက်အပေါ် တစ်ယောက် ပျံဝဲလို့နေတယ်။ ဘယ်သူမှမပေါက်ပါဘူး။ ဒါနဲ့ပဲ ဆရာက ဒုတိယအကြိမ် မဲလိပ်တွေထပ်ဝေတယ်။ ဒီတစ်ခါ စိတ်ထဲမှာ ငါပေါက်မှာ မဟုတ်ဘူးလို့ထင်တယ်။ အရင်တစ်ခါလောက် မပျင်းပျတော့ဘူး။ ကျွန်တော်မဲလိပ်ကို မဖေါက်ကြည့်သေးခင်မှာပဲ ဆရာကထပ်မေးတယ်။ ဘယ်သူပေါက်လဲပေါ့။

ဒီတစ်ခါလည်း တစ်ယောက်ကို တစ်ယောက်ပဲ ကြည့်နေကြတယ်။ ကျွန်တော်လည်း ကိုယ့် မဲလိပ်ကို ဖောက်ကြည့်ပါတယ်။ ဒီတစ်ခါ စာရွက်ရဲ့ အလယ်မှာ လက်ရေးနဲ့ရေးထားတဲ့ စာလေးတွေကို တွေ့ရတယ်။ ကျွန်တော်ပေါက်ပြီးထင်တယ်။ တစ်ချက်ကျွန်တော်စိတ်ထဲဝမ်းသာမှုတွေ ခေါင်းထဲရောက်လာတယ်။ ''ပေါက်မဲက ကျွန်တော့်မှာ ဆရာ'' ဆိုတဲ့ ကျွန်တော်ရဲ့ အသံဟာ ပျော်ရွင်မှူတွေနဲ တုန်နေပါတယ်။ ကျွန်တော်အရမ်းကိုပျော်ပါတယ်။ ကျွန်တော်တက်ချင်တဲ့ သင်တန်းကို တက်ခွင့် ရအောင် ကံကြမ္မာက တွန်းပေးခဲ့တာ။

'' စိတ်ထဲမှာအရမ်းကိုမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုဟာ တစ်ခါတစ်လေမျှော်လင့်ထားတဲ့ အတိုင်း ဖြစ်ချင်မှဖြစ်မယ်...
မျှော်လင့်မထားတော့မှ အဲဒီကိစ္စဟာ ထဖြစ်သွားတာမျိုး ကျွန်တော်ခံစားခဲ့ရပါတယ်''


သင်တန်းပြီးတော့ ဆရာက အလုပ်လုပ်ဖို့ပြောတယ် အဲဒီအလုပ် လုပ်ဖို့ On Job Training  ၁ လ ဆင်းရမယ်ပေါ့။ ကျွန်တော်လည်း Advanced Class စောင့်ရင်း  JT ဆင်းမယ်လို့  ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်ရုံနဲ့မပြီးပါဘူး။ JT ပြီးရင် အမြဲတမ်းခန့်ဖို့အတွက် Interview ရှိသေးတယ်။ ကျွန်တော် မှန်းထားတဲ့ (၆ )လ ဟာ ဘာလိုလိုနဲ့ ပြည့်ဖို့ နီးနေပြီလေ။ Interview မှာ ဆရာက ဘယ်နှနှစ်လုပ်ဖို့ စဉ်းစားထားလည်းပေါ့။ ကျွန်တော် ဘာပြန်ဖြေရမှန်း မသိဘူး။ ကျွန်တော်လည်း တစ်နှစ်လောက် အများဆုံးလုပ်မယ်လို့ပြောလိုက်တယ်။ ကျွန်တော် ဖြေတာဖြေရတာပါ။ ကျွန်တော့်စိတ်ထဲမှာ စင်ကာပူကို မြန်မြန်သွားချင်တာပဲ သိတယ်။ Advanced Class ကကြာတော့ တက်ဖို့ စိတ်လည်း နဲနဲ သွေးအေးသွားတယ်။ ဒါပေမယ့်  interview မှာ ဆရာပြောတဲ့ စကားတစ်ခွန်း ကျွန်တော့်ရဲ့  စိတ်ထဲမှာ တွေးစရာတစ်ခုဖြစ်လာတယ်။

''Interview ဖြေရင် ဘယ်တော့မှ လက်မပိုက်နဲ့ ...လက်ပိုက်တာဟာ ကိုယ့်ကို ကိုယ်ကာကွယ်တာပဲတဲ့''

ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် ဆရာမရှေ့ရောက်ရင် လက်ပိုက်လေ့ရှိတယ်။ တာကတော့ ရိုသေမှုပေါ့။
အဲဒီရိုသေမှုက ကြီးလာတဲ့အထိ စွဲလာတယ်။ Interview တွေဖြေတယ်။ အလုပ်ခွင်တွေဝင်တဲ့ အခါကြရင် လက်ပိုက်တာဟာ ရိုသေမှုလို့ မသတ်မှတ်ကြတော့ဘူး။ ကိုယ်စိတ်ထဲမှာ ရိုသေပေမယ့် ရိုသေခံရတဲ့လူက သူတို့ကိုရိုသေတယ်လို့ မထင်ဘူး။ ဒီလူ တစ်ခုခုကို လျှို့ဝှက်ထားတယ်လို့ထင်မှာပဲ။ ဆရာရဲ့ စကားကြောင့် ကျွန်တော် အသိတရား တစ်ခု တိုးပွားသွားပါတယ်။

ညီအစ်ကို သူငယ်ချင်းတို့ရေ ကျွန်တော့်ရဲ့ ဆောင်းပါးမှာ အမှားပါရင် ခွှင့်လွှတ်ပါဗျာ။ အချိန်ရရင် ရသလို ကျွန်တော် ဆက်ရေးပါအုံးမယ်။

ကိုဇင်(IT)

7 comments:

  1. ကိုဇင်ရေ....
    စာတွေအထဲကနေ ဘဝအတွေးအမြင်ကိုတွေ့ လိုက်ရတယ်။
    ဒီလို တကယ်ဖြတ်သန်းခဲ့တာတွေဟာ စိတ်ကူးယဉ်ထက်အများကြီး စိတ်လှုပ်ရှားစရာကောင်းသလို မှတ်သားစရာလည်း ကောင်းပါတယ်။
    ”ပေါက်မဲက ကျွန်တော့်မှာ ဆရာ” ဆိုတဲ့နေရာက စိတ်ခံစားမှုကို ကိုယ်တိုင်ကံစမ်းမဲမပေါက်ဖူးပေမယ့် ကိုယ်ချင်းစာမိပါတယ်။
    နောက်ထပ်ဆက်မယ့် အပိုင်းမှာ ပိုပြီးစိတ်ဝင်စားစရာတွေ၊ မှတ်သားစရာတွေ ပါလာလိမ့်မယ်လို့  ယူဆမိရင်း မျှော်လင့်နေကြောင်း ပြောလိုက်ပါရစေ။

    ReplyDelete
  2.့ ဘ၀ ရဲ့ အကြောင်းအရာတွေက အရမ်းကိုစိတ်လှူပ်ရှား ဖို့ကောင်းပါတယ်။ နောက် ထပ် လည်းဒီလို စိတ်လှူပ်ရှားဖို့ ကောင်းတဲ့အကြောင်းအရာတွေ ဖတ်ရဖို့ မျှော်လင့်ပါတယ်

    ReplyDelete
  3. နေလင်3း1 May 2010 at 07:07

    ဟုတ်ပ ကိုဇင်ေ၇... ဘ၀ရဲ့အချိုးအကွေ့တွေဆိုတာ ဒီိလိုပါပဲ.. ထင်တာတွေဖြစ်လာတတ်သလို.. မထင်တာတွေလဲ ဖြစ်လာတတ်တာပါပဲ... ဒါမှလဲဘ၀ဆိုတာ စိတ်လှုပ်ရှားစ၇ာကောင်းမှာပေါ့.. ဆက်ရေးပါဦး.

    ReplyDelete
  4. ကိုမင်းသူရေ ကျေးဇူးတင်တယ်ဗျာ...

    ReplyDelete
  5. ဟုတ်ပ ကိုဇင်ေ၇... ဘ၀ရဲ့အချိုးအကွေ့တွေဆိုတာ ဒီိလိုပါပဲ.. ထင်တာတွေဖြစ်လာတတ်သလို.. မထင်တာတွေလဲ ဖြစ်လာတတ်တာပါပဲ... ဒါမှလဲဘ၀ဆိုတာ စိတ်လှုပ်ရှားစ၇ာကောင်းမှာပေါ့.. ဆက်ရေးပါဦး.

    ReplyDelete
  6. ကုန်ခါနီး ခပ်ပြင်းပြင်း ဝိုင်တစ်ခွက်သောက်ရသလိုပဲ့
    ရှတတနဲ့... ငါ့ညီရေ.နောက်ဆက် အပိုင်းတွေကို
    ဒီလို ရှတတကို ဆက်သောက်ချင်တယ်....

    ReplyDelete
  7. ကိုမင်းသူရေ ကျေးဇူးတင်တယ်ဗျာ...

    ReplyDelete