Thursday, 28 June 2012

ဆရာမ ဒေါ်ဥမ္မာသူမှ မေလကန်တော့ခံ ဆရာဆရာမ ပြန်စာများပေးပို့

ဒေါ်ဥမ္မာသူ (မြို့ပြအင်ဂျင်နယာဌာန)
အဝေးရောက်မွန်ဂျီတီအိုင် အဖွဲ့သူအဖွဲ့သားများ အားလုံး မင်္ဂလာပါ လို့ အားနာနာနဲ့ နှုတ်ခွန်းဆက်ပါရစေ။ ကွန်ပြူတာဆီ လက်မရောက်တာကြာလို့ စာတွေလည်း မရေးဖြစ်ခဲ့ပါဘူး။ အခုလည်း ရေးဖို့ စိတ်ကူးမရှိပေမယ့် ရေးစရာတွေများလာခဲ့လို့ ရေးရပါတယ်။
အရင်ဦးဆုံး ပီတိဖြစ်စရာ အကြောင်းအရာလေးက စ မှ ကောင်းမယ်ထင်တယ်နော်။ ဆရာဆရာမ ပြန်စာလေးတွေ ကို စုစည်းပြီး ပို့ပေးလိုက်ပါတယ်။ နောက်ဆုံးပို့ထားတဲ့ စာရင်းအတိုင်းပါ။ အဲဒီမှာ ပြောစရာဖြစ်တာက April လအတွက် အစည်းအဝေး မလုပ်ဖြစ်ပါဘူး။ သင်္ကြန်နဲ့ ရှုပ်သွားလို့ပါ။ အဲဒီတော့ မေလ နဲ့ ပေါင်းပို့ ပြီး ငွေပို့ပြီးသော်ငြားလည်း အပျင်းတက်ပြီး မေးလ် မပို့ဖြစ်ခဲ့ကြပါဘူး။

အခု ဒီမေးလ်နဲ့အတူ တွေ့ရမှာက ငွေပေးပို့လွှာနဲ့ ဆရာ ဆရာမ များထံမှ ပြန်စာပါ။ နှစ်လပေါင်းစာထဲမှာ ရန်ကုန် ၄ ယောက် နဲ့ မော်လမြိုင် ၁၀ ယောက် ဖြစ်တဲ့အတွက် မော်လမြိုင်တာဝန်ခံ ဆရာမ ဒေါ်ဥမ္မာသူ က ဆရာဆရာမ ပြန်စာလေးတွေ ပို့လာခဲ့ပါပြီ။ ရန်ကုန် ဆရာဆရာမ များထံမှ ပြန်စာကိုတော့ ရန်ကုန် တာဝန်ခံ မကေသီထွန်း (၉၈ မြို့ပြ) ပို့လာခဲ့ရင် ထပ်ပြီး ဖြန့်ဝေပေးပါမယ်။ အခုဆိုရင် ပေးပို့သူ ဆရာဆရာမ စာရင်းက သူ့ အလှည့်ကျ လစဉ်အတိုင်း လည်ပတ်နေနိုင်ပြီလို့ ပြောနိုင်တဲ့အခြေအနေပါ။
မပြောနိုင်တာက လိုငွေ ပါ။ အားလုံးပဲ လစဉ်ပေးပို့နေကျ ၀င်ထွက်ငွေစာရင်းကို လက်ခံကြရမယ်လို့ ယုံကြည်ပါတယ်။ ဒီလ စာရင်းကိုကြည့်မယ်ဆိုရင် S$522 အနှုတ်ပြနေပါတယ်။ ၂၀၁၂ အတွက် ၀င်ငွေနဲ့ ထွက်ငွေမှာ ၅၂၂ ဒေါ်လာ လိုနေခဲ့ပါတယ်။ ဘာကြောင့်လိုတာလဲလို့ မေးစရာမလိုတဲ့အတွက် ဘာဆက်လုပ်ကြမလဲလို့ပဲ ကိုယ့်ကိုယ်ကို မေးခဲ့ပါတယ်။ အဖြေက တစ်ခုတည်းပါ။ ဒါကြောင့် အားလုံး ဒီမေးလ်ကို ဖတ်ရတာပါ။ ပြည်ပ ရောက်နေကြတဲ့ ကျောင်းသားကျောင်းသူဟောင်းများထဲမှာ အလှူငွေထည့်ဖို့ စိတ်ကူးရှိပေမယ့် အလှမ်းဝေးတဲ့အတွက်၊ ငွေလွှဲဖို့ လမ်းမကြုံတဲ့အတွက်၊ တဖြည်းဖြည်း အဖွဲ့နဲ့ အလှမ်းဝေးလာတဲ့အတွက်၊ စသည် စသည်များဖြင့် အလှူငွေ မထည့်ဖြစ်ကြတာမျိုးရှိပါတယ်။ အဲဒီတော့ ထည့်ဝင်ဆဲ၊ ပြန်လည် ထည့်ဝင်မည့်၊ အသစ် ထည့်ဝင်ချင်သော ကျောင်းသူ/သားဟောင်းများကို ပြောပါရစေ။ message လေးသာ ပို့လိုက်ပါ။ ငွေလွှဲဖို့ အဆင်မပြေဘူး လာယူပါလို့သာ အကြောင်းကြားလိုက်ပါ။ နည်းသည် များသည် ဖြစ်စေ လစဉ် လတိုင်း အိမ်တိုင်ယာရောက် ဖြစ်စေ MRT မှာ ချိန်းသည်ဖြစ်စေ လာယူပေးပါ့မယ် နော်။ အလှူငွေအတွက် အဲဒီလောက် ဖြစ်လားလို့မေးရင် ဟုတ်ကဲ့ ဖြစ်ပါတယ်။






ပြန်စာလေးတွေ ဖတ်ကြည့်ရင် နားလည်ပေးနိုင်ကြမှာပါ။ မွန်ဂျီတီအိုင် ကျောင်းဆင်းတွေ အချင်းချင်း ဒီလောက် အလှမ်းမဝေးပါဘူးလို့ ပြောပါရစေ။ ဒီအဖွဲ့ရဲ့ ကြိုးစားမှုက ဆရာဆရမ များအတွက် တဖက်တလမ်းက အများကြီး အထောက်အကူ ဖြစ်တဲ့အတွက် ရှေ့လျှောက် နှစ်ပေါင်း များစွာတိုင်တဲ့ အထိ ဆက်ပြီး ထောက်ပ့ ပေးသွားချင်တဲ့ ဆန္ဒ အားလုံး တူ ကြပါတယ်။ ဆရာဆရာမ များ အသက်ရှင်နေသရွေ့ ကျွန်မတို့ အားလုံး စည်းလုံးညီညွတ်သရွေ့ပေါ့။
အခု မွန်ဂျီတီအိုင် အဖွဲ့ (စင်္ကာပူ) လေး ၄ နှစ်မြောက်ခဲ့ပါပြီ။ အဲဒီအတွက် ကျေးဇူးတင်စကားလေးလည်း ပြောချင် ပါတယ်။
စိတ်တူကိုယ်တူ ရှိနေသူ အဖွဲ့ဝင်များအားလုံးကို ကျေးဇူးတင်ပါတယ်။
မော်လမြိုင် ဘက် မှာ လိုအပ်သမျှ မငြီးမညူ ကူညီပေးတဲ့ ဆရာမ ဒေါ်ဥမ္မာသူ နဲ့ ပြန်စာ အီးမေးလ် တွေ ကို မဆိုင်းမတွ ချက်ခြင်း ပို့ပေးလေ့ ရှိတဲ့ ဆရာ ဦးကြည်သာထွန်း ကို ကျေးဇူးတင်ပါတယ်။ ရန်ကုန် ဘက်မှာ ကိုယ်ပိုင်အလုပ်တဖက်နဲ့ မအားတဲ့ကြားက အတတ်နိုင်ဆုံး ကူညီပေးနေသူ မကေသီထွန်းကို ကျေးဇူး တင်ပါတယ်။ လစဉ် အလှူငွေ ထည့်ဝင်ပေးနေတဲ့ အဖွဲ့ဝင်များ ကို (အတိုင်းထက်အလွန်) ကျေးဇူးတင်ပါတယ်။

April Teachers list
1) Daw Khin Win Mar (A)
2) Daw Htay Htay Sein (C)
3) U Htin Aung Nyunt (EP)
4) Daw Ohm Ohm Paing (EC)
5) Daw Myint Ngwe (MP)
6) U John (MP)
7) U Nyunt (MT)

May Teachers list
1) Daw Kyin Win (A)
2) Daw Khin San Thwin (C)
3) U Soe Win (EP)
4) Daw Wah Wah Moe (EC)
5) U Yi Hein (MP)
6) U R.Tee (MT)
7) Daw Hla Hla Myint (IT)

message ပို့ဖို့ မမေ့နဲ့ပေါ့နော်။ :D

မွန်ဂျီတီအိုင်အဖွဲ့ (စင်္ကာပူ) ကိုယ်စား
အေးနန္ဒာဝင်းမောင်
(၉၈ မြို့ပြ)

No comments:

Post a Comment