မူလကစီစဉ်ထားသော ရွှေရင်အေးတိုက်ကျွေးရန် အစီအစဉ်မှာ တစ်ခြားအဖွဲ့များနှင့် တိုက်ဆိုင်နေသဖြင့် သင်္ကြန်ပွဲတော်ကျင်းပရေးအဖွဲ့မှ ပြောင်းလဲဖို့တောင်းဆိုခဲ့ရာ နောက်ဆုံး
ယနေ့ နေ့လည် ၃နာရီ တိုပါးရိုးဘုန်းတော်ကြီးကျောင်း နှစ်သစ်ကူးသင်္ကြန် ကျင်းပခြင်း အစည်းအဝေးမှ အတည်ပြုချက်အရ ကျွန်တော်တို့အဖွဲ့မှ ကော်ပြန့်စိမ်း စတုဒီသာ ကျွေးမွေးလှူဒါန်းဖို့ အတည်ပြုဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အဖွဲ့ရရှိသော နေရာနံပါတ်မှာ ၃၁ ဖြစ်ပြီး "Mon GTI Family ကော်ပြန့်စိမ်း" နာမည်နှင့်ဖြစ်ပါတယ်။ တိုးပါးရိုးသင်္ကြန်ကျင်းပရေး ရန်ပုံငွေအတွက် $150 ထည့်ဝင်လှူဒါန်းရပါမည်။
ဒီနှစ်သင်္ကြန်တီရှပ် အထည် (၆၀) ရိုက်ဖြစ်ခဲ့ပါတယ်။ မှာယူသူများအား စာရင်းနှင့်တကွ ဖြန့်ဝေပြီးပြီဖြစ်ရာ အားလုံးလက်ဝယ်ရောက်ရှိနေပြီဟု ယူဆပါတယ်။ တစ်ချို့ တစ်လေ နောက်ကျမှသိ၍သော်လည်းကောင်း၊ လုံးလုံးမသိ၍သော်လည်းကောင်း။ အကြောင်းကြောင်းကြောင့် လိုချင်လျက်မရရှိခဲ့ပါသော် အနူးညွတ်တောင်းပန်အပ်ပါတယ်။
T-shirt အတွက် ကုန်ကျစာရိတ်အသေးစိတ်မှာ
၁။ T-Shirt (၆၀) ထည် = ၁၂၅၂၀၀ ကျပ် ( စင်္ကာပူဒေါ်လာ ၁၉၅.၆၃)
၂။ ဆေးရိုက်စုစုပေါင်း = ၁၈၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၂၈.၁၂)
၃။ သယ်ပို့စာရိတ် = စင်္ကာပူဒေါ်လာ ၅၀
စုစုပေါင်းကုန်ကျစာရိတ် T-shirt တစ်ထည်လျှင် စင်္ကာပူ ၄.၆ ဒေါ်လာခန့်ကုန်ကျပါတယ်။
ကနဦး တစ်ထည် ၁၀ ဒေါ်လာနှုန်းကောက်ခံထားသော စုစုပေါင်း ဒေါ်လာ ၆၀၀ တွင် ပိုငွေလက်ကျန် ၃၂၆.၂၅ ဒေါ်လာ ကျန်ရှိပါတယ်။ ပြီးခဲ့သော အစည်းအဝး ဆုံးဖြတ်ချက်အရ သင်္ကြန်မတည်အလှုငွေအဖြစ် ထားရှိခဲ့ပါတယ်။
ထို့အပြင် စတုဒီသာနှင့် သင်္ကြန်သီးသန့်အလှုငွေအား ဆက်လက်ကောက်ခံလျှက်ရှိရာ အောက်ပါအတိုင်း သူငယ်ချင်းအချို့ထံမှာ ရရှိပြီးဖြစ်ပါတယ်။
၁။ မရည်မွန်သောင်း =၂၀ ဒေါ်လာ
၂။ ကိုကျောင်လွင်ဝင်း = ၃၆ ဒေါ်လာ
၃။ မခင်ယုဇန = ၃၀ ဒေါ်လာ
၄။ ကိုသိန်းဇော်ဝင်း = ၃၀ ဒေါ်လာ
၅။ ကိုစောကြီး + မဝေဝေနွယ် = ၅၀ ဒေါ်လာ
၆။ Lim Wee Fong + မအေးနန္ဒာဝင်းမောင် = ၅၀ ဒေါ်လာ
၇။ ထွေးစိုးဟန် + မဇာဇာထွန်း = ၅၀ ဒေါ်လာ
၈။ မနွယ်ဇင်နှင်း = ၃၀ ဒေါ်လာ
၉။ အာကာမျိုးဟိန်း(၉၇ MP) = ၃၀ ဒေါ်လာ
၁၀။ မင်းသူ + ကြေးမုံဝင်း = ၅၀ ဒေါ်လာ
(မှတ်ချက်။ ။ အမှတ်စဉ် ၈ ၊ ၉၊ ၁၀ အတွက် စုစုပေါင်း ၁၁၀ ဒေါ်လာအား ကြေးမုံဝင်းမှ ထွေးစိုးဟန်အား လွှဲရန်ကျန်ရှိ)
တိုးပါးရိုးသင်္ကြန်နေ ့မှာ လာမည့် ၁၅ ရက်နေ ့တနင်္ဂနွေနေ ့ဖြစ်ပြီး အလှုငွေအား မိမိတို့ စေတနာသဒါတရားအရ နည်းများမဆို ၁၄ရက်နေ့အထိ ကိုထွေးစိုးဟန်ရဲ့ဘဏ်အကောင့်သို့ ပေးသွင်းလှုဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါတယ်။
Htwe Soe Han , contact no 98517127,
Account number - POSB savings 057-90532-8.
တစ်နှစ်တစ်ခါ ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာ သင်္ကြန်ပွဲနေ့တွင် ပျော်ရွှင်စွာဖြင့် ကုသိုလ်ယူပါဝင်ဆင်နွှဲကြပါစို့လို့ခင်မင်လေးစားစွာ ဖိတ်ခေါ်လိုက်ပါတယ်။
လေးစားစွာဖြင့်
စင်္ကာပူရောက် Mon GTI ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့(ကိုယ်စား)
Admin
www.mongti.com
http://www.facebook.com/mongtigtcgtu
https://plus.google.com/u/0/?tab=wX#109618606963489719538/posts
No comments:
Post a Comment