မင်္ဂလာပါ။
ယနေ့အချိန်အထိ ကောက်ခံရရှိသော ကထိန်အလှူငွေစာရင်းကို ဖြန့်ဝေ လိုက်ပါတယ်။
အလှူငွေများကို တာဝန်ခံကောက်ခံပေးထားသောသူငယ်ချင်းများလည်း မိမိတာဝန်ယူကောက်ခံထားသော သူငယ်ချင်းများအတွက်လည်း စစ်ဆေးပေးစေလိုပါတယ်။ အလှူနေ့မှာ အားလုံးပဲစုံစုံညီညီ ပါဝင်ရစက်ချဖို့ ဆက်လက်ဖိတ်ခေါ် ပေးကြပါဦးမယ်လို့လည်း မျှာ်လင့်ပါတယ်။
- အလှူငွေထည့်ဝင်ထားသူများ မိမိတို့ထည့်ဝင်ငွေပမာဏနှင့် ရည်ညွှန်းအလှူ မှန်မမှန်ကိုစစ်ဆေးရန်သော်လည်းကောင်း၊
- အလှူငွေမထည့်ဝင်ရသေးသော(သို့) ထည့်ဝင်ရန်မေ့ကျန်နေသူများအတွက် သတိတရဖြစ်စေရန်သော်လည်ကောင်း၊
- အလုပ်အကိုင်နေ့နှင့်အလှူနေ့တွင် ကိုယ်တိုင်ပါဝင်လာရောက်လုပ်ိကိုင်ဖို့ သတိတရဖြစ်စေရန်သော်လည်းကောင်း၊
အထူးသဖြင့် ဒီတစ်ခေါက်အလှူမှာ ရပ်ဝေးရောက် သဘောင်္သားတွေဖြစ်တဲ့ သူငယ်ချင်း ကျော်စွာ(MP 99) နဲ့ အောင်ဟိန်းကျော် (EP 00) တို့နှင့်အတူ ကထိန်အလှူရှင်များအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်။
ထို့အပြင် ကျွန်တော်မှတ်သားမိတဲ့ ကထိန်အကျိုး(၅)မျိုးအားလည်း ဗဟုသုတအလိုငှာ မျှဝေပါတယ်။
အလှူရှင်တို့ ရအပ်သည့် ကထိန်အကျိုး (၅) မျိုး
၁။ အတားအဆီး အနှောင့်အယှက်မရှိပဲ မိမိဆန္ဒရာ နေရာသို့ သွားလာနိုင်ခြင်း။
၂။ ပေးအပ်လာသည့် တာဝန်ဝတ္တရားများကို လွယ်ကူ ပေါ့ပါးစွာ ထမ်းဆောင်နိုင်ခြင်း။
၃။ စားသမျှ၊ သောက်သမျှ အစားအစာ အဆိပ်မသင့်ပါ။
၄။ ခေတ်မီ ခေတ်ပေါ် အဝတ်အစား၊ အသုံးအဆောင်များ ပေါများစွာ ၀တ်စားဆင်ယင်နိုင်ခြင်း။
၅။ ကိုယ်ပိုင်ပစ္စည်းများကို မိမိက မပေးပဲ သူတစ်ပါး ခိုးယူ၊ တိုက်ခိုက်၊ လိမ်ညာမှု မလုပ်နိုင်ခြင်း တို့ ဖြစ်ပါသည်။
အလှူရသုံးငွေစာရင်း အနှစ်ချုပ်ကိုတော့ အလှူကစ္စအဝဝပြီးတဲ့အခါထပ်မံ ဖြန့်ဝေဦးမယ်ဖြစ်ကြောင်း....
လေးစားစွာဖြင့်.....
Admin
www.mongti.com
www.facebook.com/mongtigtcgtu
" မွန်ဂျီတီအိုင် မောင်နှမများအားလုံး မင်္ဂလာပါ။
မျှော်လင့်ထားတဲ့အတိုင်း မွန်ဂျီတီအိုင် ကထိန်ပွဲအတွက် အလှူငွေ တော်တော်များများ လက်ခံရရှိပြီး/နေဆဲပါ။
အလှူရှင်များကို အထူးကျေးဇူးတင်ယုံနဲ့ မပြီးပါဘူး။
အဲဒီနေ့မှာ မောင်နှမ အားလုံး စုံညီနဲ့ အလှူတရားနာ ရေစက်ချနိုင်ဖို့ မပျက်မကွက် တက်ရောက်မယ်လို့ မျှော်လင့်ပါတယ်။
လာမယ့် နို၀င်ဘာ ၄ ရက် တနင်္ဂနွေနေ့ နေ့ဆွမ်း တိုပါးရိုးကျောင်းနော်။
အားလုံးဖိတ်စာရပြီးပြီ..ဟုတ်။
ဆုံကြမယ်ဗျို့။
မွန်ဂျီတီအိုင် ကျောင်းသူ/သားဟောင်းများအဖွဲ့ (စင်္ကာပူ) ကိုယ်စား
အေးနန္ဒာဝင်းမောင် (၉၈ မြို့ပြ)"
မ်က္စိပဲ ...သွ်မ္းသလား မသိ.....
ReplyDeleteThank you for your comment.
DeleteIt was not the latest update list. Only amount collected till 31/1012.
We will distribute balance sheet list with some amendment soon.