
မြန်မာလူမျိုးများ၏ နှစ်သစ်တစ်ခုကို ကူးပြောင်း ရောက်ရှိလာချိန်နီးလာတာနဲ့ အတူ သူငယ်ချင်းများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြီးပြည့်စုံကြပြီး ကြံတိုင်းအောင် ဆောင်တိုင်းမြောက်နိုင်ကြပါစေ၊ စိတ္တသုခ ကာယသုခနှစ်ဖြာ ပြည့်စုံကြပါစေလို့ ဦးစွာပထမ ဆုတောင်းပေးလိုက်ပါတယ်။
တိုပါးရိုး မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပဆင်နွှဲမည့် ၁၃၇၄-၇၅ မြန်မာနှစ်သစ်ကူးပွဲတော်တွင် MON GTI Familyမှ "နန်းကြီးသုပ်" စတုဒီသာဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းပါမည်ဖြစ်သည်။ ယခုနှစ် တိုးပါးရိုးသင်္ကြန်နေ့မှာ လာမည့် ၁၄ ရက်နေ့တနင်္ဂနွေနေ့ဖြစ်ပြီး အလှုငွေအား မိမိတို့ စေတနာ သဒါတရားအရ နည်းများမဆို ၁၃ရက်နေ့အထိ မိမိတို့နီးစပ်ရာ သူငယ်ချင်းများထံ ဆက်သွယ်ပြီး ပါဝင်လှူဒါန်းနိုင်ကြပါပြီ။
တစ်နှစ်တစ်ခါ ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာ သင်္ကြန်ပွဲနေ့တွင် ပျော်ရွှင်စွာဖြင့် ကုသိုလ်ယူပါဝင်ဆင်နွှဲကြပါစို့လို့ခင်မင်လေးစားစွာ ဖိတ်ခေါ်လိုက်ပါတယ်။ ယခုစာနဲ့အတူ သင်္ကြန်ပွဲ ဖိတ်စာပါ ပူးတွဲဖြန့်ဝေလိုက်ပါတယ်ခင်ဗျာ။
လေးစားစွာဖြင့်..... On behalf of Mon GTI/GTC group
I am a Student of Technology University(Mawlamyine).
ReplyDelete