မော်လမြိုင်
GTI, GTC, TU ၏ အဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ
(၅) ရက်၊ နေ့လည် (၁) နာရီတွင် ရွှေဂုံတိုင် တော်ဝင်နှင်းဆီ စားသောက်ဆိုင်ခန်းမတွင်
ကျင်းပခဲ့ပါသည်။ အဆိုပါ အာစရိယပူဇော်ပွဲ အခမ်းအနားသို့ အပူဇော်ခံ ဆရာ၊ ဆရာမများ (၉၀)
ဦးခန့်နှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများ (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားတွင် ဦးဌေးနိုင် (85 MT) မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး
ဦးခင်မောင်ကြည် (87 MP) မှ ကန်တော့ချိုးတိုင်ကြားပေးကာ ဆရာကြီး၊ ဆရာမကြီးများအား ကျောင်းသူ၊
ကျောင်းသားဟောင်းများက ကန်တော့ခဲ့ကြပါသည်။ ထို့နောက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား
ကန်တော့ခံပစ္စည်းများပေးအပ်ခြင်း၊ ဆရာ၊ ဆရာမများကိုယ်စား ဆရာကြီးဦးသန်းဆွေ၊ ဆရာကြီးဦးမြင့်ဌေး၊
ဆရာမ ဒေါ်ကြင်ဝင်း တို့မှ သြဝါဒစကား မိန့်ကြားခြင်း၊ ကျောင်းသား၊ ကျောင်းသူများကိုယ်စား
ဦးကျော်ဦး (86 Civil)၊ ဦးအောင်မြင့် (86 MT)၊ ဦးမြနိုင် (85 MT)နှင့် ဒေါ်ဖြူသန့်ဇင်
(2000 MP) တို့မှ ကျေးဇူးတင်စကားပြောကြာခြင်း၊ ဦးစိုးမြင့်သိန်း (86 MP) မှ ငွေစာရင်းရှင်းတမ်း
တင်ပြခြင်းများပြုလုပ်ခဲ့ကြသည်။ ထို့နောက် ဆရာ၊ ဆရာများနှင့် ကျောင်းသူ၊ ကျောင်းသားများကို
အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးပြီး အဆိုတော် ခိုင်ထူးအပါအဝင်တေးသံရှင်များက သီဆိုဖျော်ဖြေကာ
အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ထို့အပြင် MRTV 4 မှလဲ အခမ်းအနားကို ရိုက်ကူးပေးခဲ့ကြောင်း
သိရပါသည်။
No comments:
Post a Comment