Saturday, 1 November 2014
Wednesday, 8 January 2014
မော်လမြိုင် GTI, GTC, TU ၏ အဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပ
မော်လမြိုင်
GTI, GTC, TU ၏ အဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ
(၅) ရက်၊ နေ့လည် (၁) နာရီတွင် ရွှေဂုံတိုင် တော်ဝင်နှင်းဆီ စားသောက်ဆိုင်ခန်းမတွင်
ကျင်းပခဲ့ပါသည်။ အဆိုပါ အာစရိယပူဇော်ပွဲ အခမ်းအနားသို့ အပူဇော်ခံ ဆရာ၊ ဆရာမများ (၉၀)
ဦးခန့်နှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများ (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
Friday, 3 January 2014
မော်လမြိုင် GTI, GTC, TU အာစရိယပူဇော်ပွဲ တက်ရောက်ရန် ထပ်မံ နှိုးဆော်ခြင်း
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ
(၅) ရက်၊ နေ့လည် (၁) နာရီမှ (၅) နာရီတွင် အာစရိယပူဇော်ပွဲ အခမ်းအနားအား ရွှေဂုံတိုင်
တော်ဝင်နှင်းဆီ စားသောက်ဆိုင်ခန်းမတွင် အစဉ်အလာမပျက် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများ ပြန်လည်ဆုံတွေ့နိုင်ရန်အတွက် အာစရိယပူဇော်ပွဲသို့
မပျက်မကွက် တက်ရောက်ကြပါရန် နှိုးဆော်အပ်ပါသည်။
Sunday, 22 December 2013
မော်လမြိုင် GTI, GTC, TU အာစရိယပူဇော်ပွဲ နှိုးဆော်ခြင်း
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ (၅) ရက်၊ နေ့လည် (၁) နာရီမှ (၅) နာရီတွင်
အာစရိယပူဇော်ပွဲ အခမ်းအနားအား ရွှေဂုံတိုင် တော်ဝင်နှင်းဆီ စားသောက်ဆိုင်ခန်းမတွင်
အစဉ်အလာမပျက် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း
နေ့လည် တစ်နာရီမှ သုံးနာရီအထိ ရွှေတိဂုံဘုရား အနောက်ဘက်မုဒ် မော်လမြိုင် ဓမ္မာရုံတွင်
ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် ကျောင်းသူ၊ ကျောင်းသားဟောင်းများ တက်ရောက်ကြပါရန်
ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်အပ်ပါသည်။ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများ
ပြန်လည်ဆုံတွေ့ရန် အာစရိယပူဇော်ပွဲသို့ မပျက်မကွက် တက်ရောက်ကြပါရန် နှိုးဆော်အပ်ပါသည်။
ဆရာကန်တော့ပွဲ ဖြစ်မြောက်ရေးအဖွဲ့
Friday, 22 March 2013
တိုပါးရိုးကျောင်း သင်္ကြန်ပွဲတော်ဖိတ်စာ - 2013 Singapore

မြန်မာလူမျိုးများ၏ နှစ်သစ်တစ်ခုကို ကူးပြောင်း ရောက်ရှိလာချိန်နီးလာတာနဲ့ အတူ သူငယ်ချင်းများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြီးပြည့်စုံကြပြီး ကြံတိုင်းအောင် ဆောင်တိုင်းမြောက်နိုင်ကြပါစေ၊ စိတ္တသုခ ကာယသုခနှစ်ဖြာ ပြည့်စုံကြပါစေလို့ ဦးစွာပထမ ဆုတောင်းပေးလိုက်ပါတယ်။
Wednesday, 5 December 2012
နိုဝင်ဘာ၊ ဒီဇင်ဘာ ငွေလွှဲချလံ
ဒီဇင်ဘာ ၂ ရက်နေ့က လွှဲဖြစ်ခဲ့သော ငွေလွှဲချလံဖြစ်ပါတယ်။ နိုဝင်ဘာ၊ ဒီဇင်ဘာ နှစ်လပေါင်း ဆရာဆရာမ ၁၄ ဦးအတွက် မြန်မာငွေ ၁၄ သိန်း တိတိအား မော်လမြိုင်ရှိ ဆရာမဒေါ်ဥမ္မာသူမှတဆင့် လွှဲဖြစ်ခဲ့တာပါ။ လာမည့် ၉ ရက်နေ့ဆရာကန်တော့ပွဲအမှီပေးပို့လိုက်တာဖြစ်ပါတယ်။
နိုဝင်ဘာလအတွက် အောက်ပါအတိုင်း ကျောင်းအုပ်ဆရာကြီး (ရ) ဦး ဖြစ်ပါတယ်။
Subscribe to:
Posts (Atom)