(၁၄-၉-၂၀၀၈) တနင်္ဂနွေနေ့  (Enous ဓါတ်တော်တိုက် ဘုန်းကြီးကျောင်း)
ထိုနေ့ တွင် ဓါတ်တော်တိုက် ဘုန်းကြီးကျောင်းသို့  ကထိန်အလှုအတွက် သွားရောက် လျှောက်ထားစဉ် ပြုလုပ်ဖြစ်ခဲ့သော တွေ့ ဆုံပွဲတစ်ခု ဖြစ်ပါသည်။
ထိုအစည်းအဝေးမှ စက်တင်ဘာလအတွက် ဆရာဆရာမများ ရွေးခြယ်၍ ကထိန်အလှုအတွက်လည်း ညှိုနှိုင်းတိုင်ပင်ဖြစ်ခဲ့ပါသည်။
(၁) ဦးမင်းကြည်လွင် (MP)
(၂) ဒေါ်ဝါဝါမိုး (EC)
(၃) ဦးခင်ဝင်း (EP)
(၄) ဦးမင်းသိန်းကြွယ် (Civil)
(၅) ဦးထွန်းဝေ (Civil)
(၆) ဒေါ်ဖြူဖြူညွန့် (English)
(၁၆-၉-၂၀၀၈) အင်္ဂါနေ့ ( Mon GTI/GTC website စတင်ခြင်း)
ထိုနေ့ မှ စတင်၍ Mon GTI/GTC ဆိုဒ်အား Blog platform တစ်ခုဖြစ်သော Wordpress ကိုသုံးပြီး Free hosting ဖြစ်သော www.000webhost.com တွင် တင်၍ စတင်ဖြစ်ခဲ့သည်။ ပါဝင်ရေးသားကြသူများမှာ ကိုသောင်းဆွေဝင်း၊ ကိုမင်းသူ၊ မကြေးမုံဝင်းနှင့် ကိုပြောင်ကြီးတို့ ဖြစ်ပြီး စက်တင်ဘာလတွင် ပို့ စ် (၆)ခု၊အောက်တိုဘာလတွင် ပို့ စ် (၁၂)ခု၊ နိုဝင်ဘာလတွင် ပို့ စ်(၈)ခု နှင့် ယခုဒီဇင်ဘာလတွင် ယနေ့ ထိ ပို့ စ်(၁၀)ခု ရေးသားပြီးခဲ့ပါသည်။ နည်းပညာပိုင်းဆိုင်ရာ အကြံပေးသူများအဖြစ် ကိုမြိတ်နှင့် ကိုကျော်ကျော်အောင် တို့ အားလည်း မှတ်တမ်းတင်အပ်ပါသည်။
(၁၂-၁၀-၂၀၀၈) တနင်္ဂနွေနေ့  (ကိုသောင်းဆွေဝင်း၏နေအိမ်)
ထိုနေ့ တွေ့ ဆုံပွဲတွင် ကထိန်အလှုတာဝန်ခွဲဝေမှုများအား စီစဉ်ဆောင်ရွက်ခဲ့ပြီး ဆရာ/ဆရာမ များကို အောက်ပါအတိုင်း ရွေးခြယ်ဖြစ်ခဲ့ကြသည်။
ထူးခြားမှုတစ်ခုအဖြစ် ဆရာကြီး(၅)ဦးအား ရွေးခြယ်ဖြစ်ခဲ့သည်။
အမှတ်တရအဖြစ် မဝေဝေနွယ် ရှာဖွေကူးယူလာပေးသော “အာစရိယဂုဏ်အင်” ကဗျာလေးအား website တွင် တင်ဖြစ်ခဲ့ပါသည်။
(အောက်တိုဘာလအတွက်)
(၁) ဆရာကြီး ဦးမြင့်ဌေး
(၂) ဆရာကြီး ဦးကျော်ဝင်းသန်း
(၃) ဆရာကြီး ဦးဌေးအောင်
(၄) ဆရာကြီး ဦးအောင်မိုး
(၅) ဆရာကြီး ဦးဝင်းမော်ထွန်း
(၂၇-၁၀-၂၀၀၈) တနင်္လာနေ့ ( Enous ဓါတ်တော်တိုက် ဘုန်းကြီးကျောင်း)
ပထမဦးဆုံးအကြိမ်အဖြစ် ကထိန်သင်္ကန်းကပ်လှူပွဲကျင်းပဖြစ်ခဲ့ကြပြီး ကျောင်းသူကျောင်းသားဟောင်းများ မမျှော်လင့်ပဲ တစ်ရာကျော်တက်ရောက်ခဲ့ပါသည်။ အလှုတွင် ကထိန်သင်္ကန်း၊ ပဒေသာပင် ကပ်လှုဖြစ်ခဲ့ပြီး သစ်သီးစုံဒံပေါက်နှင့် အအေး ကျွေးမွေးခဲ့ပါသည်။
အမှတ်တရတစ်ခုအဖြစ် မိမိလှုဒါန်းကျွေးမွေးသော ဒံပေါက်မလောက်၍ အဖွဲ့ ခေါင်းဆောင်များ ဘုန်းကြီးကျွေးသော နေ့ လည်စာဖြင့် ကျေနပ်လိုက်ရသည်။
(၁၅-၁၁-၂၀၀၈) စနေနေ့ (Clementi ရှိ ကိုသောင်းဆွေဝင်း၏ နေအိမ်)
ထိုနေ့ တွေ့ ဆုံပွဲတွင် ဘုန်းကြီးကျောင်းအတွက်အလှုငွေနှင့် ရန်ကုန်ဆရာကန်တော့ပွဲအတွက် အလှုငွေများထည့်ဝင်ရန်ဆုံးဖြတ်ဖြစ်ခဲ့သည်။
နိုဝင်ဘာလအတွက် ဆရာဆရာမများကတော့.....
(၁) ဒေါ်ညွန့် ရီ (Civil)
(၂) ဒေါ်ခင်လေးနိုင် (EP)
(၃) ဦးဝင်းလှိုင် (MT)
(၄) ဒေါ်ခင်ငြိမ်း (Academic)
(၅) ဒေါ်အေးအေးကြည် (Academic) ဖြစ်ပြီး
Enous ဘုန်းကြီးကျောင်း အတွက်အလှူငွေ- S$ 100
ရန်ကုန် ဆရာကန်တော့ပွဲအတွက်အလှူငွေ- မြန်မာကျပ်ငွေ နှစ်သိန်းတိတိ အား လှုဒါန်းရန် ဆုံးဖြတ်ဖြစ်ခဲ့ပါသည်။
(၁၃-၁၂-၂၀၀၈) စနေနေ့ (Clementi ရှိ ကိုသောင်းဆွေဝင်း၏ နေအိမ်)
ထိုနေ့ တွင် ဒီဇင်ဘာလအတွက် ဆရာဆရာမများကို ဆယ်ဦးတိတိ ရွေးခြယ်ဖြစ်ခဲ့ကြသည်။
(၁) ဒေါ်ရီရီမြင့် (Civil)
(၂ ) ဒေါ်နွယ်နွယ်အောင်(Civil)
(၃) ဦးသန်းနိုင်(MP/MT)
(၄) ဦးထင်အောင်(MP/MT)
(၅) ဦးအောင်ခင်(MP/MT)
(၆) ဒေါ်လွင်လွင်ဟန်(EP)
(၇) ဒေါ်သီရိဝင်းနိုင်(EP)
(၈) ဒေါ်ကျင်လွမ်(Academic)
(၉) ဒေါ်မီမီမျိုးသူ(Academic)
(၁၀) ဒေါ်မာမာစိန်(Civil)
နိဂုံးချုပ်အနေနဲ့  ကိုသောင်းဆွေဝင်း ပြုလုပ်ထားသော စာရင်းအရ....
ဆရာ/ဆရာမ စုစုပေါင်း ၄၁ ဦး
ဆရာကြီး ၅ ဦး ၊
ပေါင်း ၄၆ ဦး
စုစုပေါင်း လှူဒါန်းငွေကတော့ S$ 5520
ရန်ကုန်ဆရာကန်တော့ပွဲအတွက် လှူဒါန်းငွေ မြန်မာငွေ ၂ သိန်း ( =S$ 240 )
Singapore Eunos ဘုန်းတော်ကြီးကျောင်းတွင် ကထိန်ကျင်းပပွဲအတွက် ကောက်ခံရရှိငွေ S$ 1401/-
သုံးစွဲ ငွေ S$ 1453.75/-
အဖွဲ့ မှထည့်ဝင် ငွေ S$ 52.75 /
ဘုန်းကြီးကျောင်းသို့လှူငွေ S$ 102.25/
ပဒေသာပင်တွင် ထည့်ဝင် လှူဒါန်း ငွေမှာ S$ 285/-
Malaysia Ringit 10
Thai Bath 10
Ka Htain Robe 10 sets
ကျောင်းသားကျောင်းသူစာရင်းမှာ (၁၃၃) ဦး ဖြစ်ပါသည်။ ဤစာရင်းတွင် ပါသောသူ မပါသောသူ (သို့ ) အားလုံးပါဝင် ကူညီကြသော မည်သူမဆိုအား ဤနေရာမှနေ၍ အနူးအညွတ်ကျေးဇူးတင်ကြောင်း ပြောကြားရင်း ၂၀၀၈ခုနှစ် ဒိုင်ယာရီအား နိဂုံးချုပ်အပ်ပါသည်။
No comments:
Post a Comment