ဘယ်လိုမှ မမေ့နိုင်တဲ့ ပုံရိပ်တွေလေ
ငါတို့ ရဲ့  ဒီရင်ဘတ်ကြီးထဲမှာ စီးဝင်လို့ တွဲခိုနေတယ်...
ငါတို့ ရဲ့ ခြေတွေ ဒီမြေပေါ်မရှိပေမယ့်
ငါတို့ ရဲ့  ခြေရာတွေ ဒီမြေပေါ်မှာ ထင်ကျန်နေခဲ့တယ်....
ငါတို့ ရဲ့ စိတ်တွေ မွန်းကျပ်နေပေမယ့်
ငါတို့ ရဲ့ ရယ်သံတွေ ဒီနေရာမှာ ပဲ့တင်ထပ်နေခဲ့တယ်...
တစ်ကယ်ပါ ကျောင်းတော်ကြီးရယ်...
မင်းလောက် ငါဘယ်သူ့ ကိုမှ ရင်မခုန်ခဲ့ဖူးပါ....
မင်းရဲ့ အငွေ့ သက်စိမ်းစိမ်းတွေကြားထဲမှာပဲ
ငါတို့ လောကထဲတိုးဝင်ဖို့  စတင်ကြိုးစားခဲ့ကြတယ်....
ရင်ခုန်သံအဖြူထည်တွေဝတ်ဆင်လို့ 
ငါတို့ ရှင်းသန့် ခဲ့ကြတယ်....
မြေနီမှုန်တွေကြားထဲမှာပဲ
ငါတို့  ကျောင်းတော်ရဲ့ အငွေ့ အသက်ကို
တစ်စိုက်မတ်မတ် ရှုရှိုက်ခဲ့ကြတယ်....
အိပ်မက်ကိုယ်စီဝတ်ဆင်လို့ 
လောကရဲ့ လမ်းတွေပေါ် ခရီးတစ်ခုကိုဖြတ်သန်းနေရလည်း
တစ်ကယ်ပါ ကျောင်းတော်ကြီးရယ်......
နင့်ကိုငါ....လွမ်းတယ်။ ။
No comments:
Post a Comment