Wednesday, 14 January 2009

Mon GTI/GTC Community

met1

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ကျွန်တော်တို့ သူငယ်ချင်းများအားလုံးအတွက် Social Network လေးတစ်ခု ဖန်တီးဖြစ်ပါတယ်။ တစ်ကယ်တမ်းတော့ အသစ်တစ်ခုထပ်မလုပ်ချင်ပါဘူး။ ဒါပေမယ့် Site ကို လာလည်တဲ့သူတွေရှိပေမယ့် တစ်ယောက်နဲ့ တစ်ယောက်မသိဘူးဖြစ်နေတယ်။ လာလည်တဲ့သူတွေကလည်း အကြောင်းအမျိုးမျိုးကြောင့် ပါဝင်မိတ်ဆက်ဖို့  ခက်ခဲနေသလားလို့ ထင်မိတာက တစ်ကြောင်း၊ စိတ်ဝင်စားမှုအားနည်းနေတယ်လို့  ထင်မိတာကတစ်ကြောင်း၊ အခု Social Network ကတော့ ပေါ့ပေါ့ပါးပါးနဲ့ သွားလို့ ရလို့ ထင်မိတာက တစ်ကြောင်း ဖန်တီးလိုက်ပါတယ်။

အသုံးပြုသူအတွက် လွယ်ကူမယ်လို့ လည်းထင်ပါတယ်။ ပထမဆုံးကတော့ ကိုယ့် Account ကို Sign Up လုပ်ပြီး Profile မှာ စိတ်ကြိုက်ဓါတ်ပုံများ တင်ဖို့  လိုအပ်ပါတယ်။ ဒါမှလည်း သူငယ်ချင်းတွေ မှတ်မိမှာပေါ့။ User name ကိုတော့ စိတ်ကြိုက်ပေးပါ။ နာမည်အရင်းနဲ့  ဆိုရင်ပိုကောင်းပါတယ်။ Function များအနေနဲ့  ကတော့ Photo,Music,Video,Chatting,Blog,Forum,စသည်ဖြင့် အများကြီးပါဝင်ပါတယ်။ နှစ်ရက်အတွင်း member အယောက်သုံးဆယ် Sign Up လုပ်ကြပါတယ်။

ဘာပဲဖြစ်ဖြစ် မိမိတို့ မှာရှိတဲ့ အရာတွေဝေမျှရင်း ဖိုရမ်ထဲဝင်ဆွေးကြဖို့ ဖိတ်ခေါ်ပါတယ်။ နာမည်ကို Mon GTI/GTC ကျောင်းသားကျောင်းသူများ ဆုံဆည်းရာလို့  ပေးထားပါတယ်။ သူငယ်ချင်းတွေကိုလည်း Invite လုပ်ပေးကြပါ။

အားလုံးပဲ ဒီနေရာလေးမှာတွေ့ ကြမယ်နော်။

No comments:

Post a Comment