Tuesday, 20 January 2009
1/2009 Listed teachers
ဇန်နဝါရီလအတွက် ကန်တော့ခံဆရာဆရာမစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) ဦးရည်ဟိန်း (MP/MT)
(၂) ဦးသိန်းဝင်း (Academic)
(၃) ဒေါ်ဥမ္မာသူ (Civil)
(၄) ဒေါ်ထွေးသန်း (MP/MT)
(၅) ဦးရဲနိုင် (EP)
နှစ်သစ်မှာ အပြောင်းအလဲလေးလုပ်ဖို့ စဉ်းစားနေရင်းနဲ့  ဘာကြောင့်မှန်းမသိ အလုပ်တွေရှုပ်နေလိုက်တာ ဇန်နဝါရီလ ဆရာဆရာမစာရင်းတောင် တင်ဖို့  မေ့သွားတယ်။ ကျွန်တော်တို့  အပြီးသပ်လုပ်ရမယ့် ဆရာဆရာမစာရင်းလည်း မလုပ်နိုင်ကြသေးဘူး။ လာမည့်မေလဆိုရင် တစ်နှစ်ပြည့်တော့မယ်။ လက်ကျန်ဆရာဆရာမတွေကို ဒီလာမည့်ငါးလအတွင်း အပြီးသပ်ကန်တော့ငွေပို့ ပြီး အစကနေပြန်စဖို့ လည်းလိုတယ်လေ။
ဘာပဲဖြစ်ဖြစ် ဒီနှစ်အတွက် ပထမဆုံး အစည်းဝေးမှာ ဆရာဆရာမဦးရေတိုးမလား။ ဒီအတိုင်းဆက်သွားမလားဆိုတာ ပြောကြရင်းနဲ့  ငွေဈေးက ဇောက်ထိုးကျနေလို့  လောလောဆယ် တစ်ဦးကျ စင်္ကာပူငွေ ၁၃၀ (မြန်မာငွေ ကျပ်တစ်သိန်းခန့် ) ပေးဖို့ ပဲ ဆုံးဖြတ်လိုက်ကြတယ်။ (ကိုစောကြီး အိပ်စိုက်နေတာကိုလည်း အားနာလို့ ။)
စင်္ကာပူစီးပွားရေးကတော့ ခန့် မှန်းရခက်နေပြီး ဘောနပ်စ်ထုတ်သူထုတ်၊ အလုပ်ပြုတ်သူပြုတ်နဲ့  သတင်းတွေအမျိုးမျိုးဖြစ်နေလို့  တာဝန်ခံ  အလှုငွေလိုက်ကောက်တဲ့ သူတွေလည်း ငြီးနေကြပြီ။ ဒီဇင်ဘာ Holiday ကစပြီး New Year အခုတစ်ခါ Chinese New Year ဆိုတော့ ခရီးထွက်သူတွေထွက်၊ မြန်မာပြည်ပြန်တဲ့သူတွေပြန်ကြနဲ့  ပျော်ရွှင်နေကြလို့ အလှုငွေထည့်ဖို့ မေ့နေကြတယ်လို့ ပဲ ထင်ပါတယ်။
ဒီကြားထဲ ကျွန်တော်အကြံပေးထားတဲ့ Reunion and Gathering Program ကို အကောင်ထည်ဖော်ဖို့ လည်း တော်တော်ခက်နေပါတယ်။ ဒါပေမယ့် ကျွန်တော်ကျေနပ်ပါတယ်။ Mon GTI/GTC ဆုံဆည်းရာလေးကိုသွားပြီး သူငယ်ချင်းတွေနဲ့ တွေ့ ရတော့ပျော်ရွှင်မိပါတယ်။
အားလုံးကို လေးစားလျှက်.....
No comments:
Post a Comment