တတောက်တောက်
လျှောက်သွားနေတုန်း......
ဗြုန်းဆိုကံကောင်း
ကျောင်းကောင်းကောင်းတခုမှာ
ပညာသင်တုန်း....
တွေ့ကြုံဆုံကွဲသီအိုရီထဲ
တဝဲလည်လည်ကျင်လည်ရင်း....
ယောင်ချာချာစိတ်လေးနဲ့
မပီဝိုးတဝါး
ပုံရိပ်တွေအားလုံး
အဝေးဆုံးကိုပို့...
ခပ်နုနုသင်ရိုးလေးကို
ပညာကုန်သင်ပေးပါလို့
မတောင်းဆိုလဲ
လက်ပြောင်းကာလွှဲပေးတဲ့.....
ငါးပါးဂုဏ်အင်
အနှိုင်းမဲ့မေတ္တာရှင်တွေနဲ့
အဖွဲ့အနွဲ့အားမကိုး
ခပ်ရိုးရိုးလေးတွေပေါ့.....
အားလုံးပျူငှာ
မာန်မာနတွေဘေးဖယ်
မဟာမဆန်တဲ့
လူသားဆန်ဆန်အဖြစ်လေးတွေနဲ့......
ငါတို့ဘဝတွေ
ရှေ့ဆက်ဖို့
ဝမ်းစာလေးဖြည့်ပေးခဲ့သူ.....
ကျေးဇူးကမ္ဘာထင်မိ
ဆယ်ဖြာရွှေလက်လေးတွေနဲ့သာ.....
ရောက်နေရာ
ကန္တာရအလယ်က
အခါခါပူဇော်စိတ်မှန်း.....
တမ်းတမိ
အတိတ်တွေအား
ပေးဆပ်မယ်မေတ္တာရှင်တွေကို
ရေကြည်တပေါက်
မခမ်းခြောက်အောင်
အိုအေဆစ်လေးတည်မြဲအောင်ပေါ့.....
ချစ်တဲ့လက်များ
စုစုစည်းစည်း
ညီညာလက်တွဲ
မြဲမယ့်ဒီအခန်း......
လန်းဆန်းကြစေဆုတောင်း
မနှောင်းတဲ့ဆန်ရေတွေနဲ့
ငါတို့နှလုံးသားအတွင်းအားကို
ထုတ်ဖော်လှစ်ပြ
အိုအေဆစ်လေး တည်တံ့မယ်။ ။
အီးစီနီနီ
(ကျေးဇူးရှင် မော်လမြိုင်ဂျီတီအိုင်မှ ဆရာ၊ဆရာမ များအား ကဗျာအားဖြင့်ဂုဏ်တင်ပါသည်)
9:35PM
No comments:
Post a Comment