Wednesday, 28 January 2009

သမင်လည်ပြန်အလွမ်းများ

ခြေလှမ်းတိုင်းအမှား မရှိခဲ့တာတော့ 
မဟုတ်ဘူး................။
အရာတိုင်းကိုလဲ မလွဲအောင်နေခဲ့တယ်လို့
မညာပါဘူး...........။
ထက်မြက်တဲ့ အတွေးတွေနဲ့
လေထဲတိုက်အိမ်ဆောက်ခဲ့တာလဲ မနည်းပါဘူး.............။
အမြင်တွေအထင်တွေ တက်တက်စင်လွဲမှာ
မစိုးရိမ်တာလဲ အားလုံးပဲ..................။
ပျော်ရွှင်မှုတွေအပေါ် ဒို့တတွေအားလုံး
မြူးခဲ့ကြတာ မမှားပါဘူး....................။


တချိန်မှာခွဲခွာရင်း ရေငတ်သူလှေပြတ်သူတွေ မဖြစ်ကြဖို့လဲ
အမြဲမခွဲတတွဲတွဲအဖြစ်မှာ
ယုံရက်သူကိုပုံအပ်ဖြစ်ခဲ့ကြတာလဲ မနည်းပါဘူး...........။
စောစောလေးကမှ ရင်အဖိုမှာ
ခပ်စွေစွေငေးကြည့်တော့
အချစ်ဆိုတာကို မတွေ့ကြရဘူးလို့
မာယာမသုံးချင်ဘူး............။
အရာအားလုံးအပျော်မှာ
အတော်လော်လီတာတောင်
အဖော်မပါ တကိုယ်တော်ခရီးနှင်ရတဲ့အခါ
တခါတုန်းကကျောင်းတော်မှာ
ဘာဖြစ်တယ်ညာဖြစ်တယ်လို့
သတိတရတမ်းတပြန်တော့လဲ
အရာအားလုံးက မိုးသာပြာပြာအောက်မှာ
ခပ်ဝါးဝါးတောင် မကျန်ရစ်တော့အောင်
အဖြစ်သနစ်အထွေထွေ ပြေလျော့မိတော့
အကြင်နာတွေလဲ လက်လွှဲကောင်းကောင်းနဲ့
နောက်ဆုံးသောရင်ခွင်သစ်မှာ
သမင်လည်ပြန် ငဲ့စောင်းကြည့်မိတာက
တခါတုန်းက ငါတို့ကျောင်းတော်မှာ............။

အီးစီနီနီ
28-1-2009(1:16AM)

3 comments:

  1. အီးစီ နီနီ ရေးထားတာကို စေဘယ် ခေါင်ခေါင် လာဖတ်သွားတယ်

    ReplyDelete
  2. ခြေတံရှည် နီနီ .. ..
    ကျောင်းအမှတ်တရ ကဗျာလေး ဖတ်သွားတယ် ။
    ပျော်ရွှင် အဆင်ပြေပါစေနော် .. . .

    ReplyDelete
  3. သမင်လည်ပြန် ကဗျာလေးကို ကြိုက်တယ် ..။
    အပေါ်ပိုင်းက စကား အထားအသိုလေးနဲ့ လေးနက်မှုကို ပိုကြိုက်တယ် ..။

    ReplyDelete