မိခင်သည် ကျွန်တော်တို့ ကို မွေးခဲ့ကျွေးခဲ့လျှက် တန်ရာတန်ဖိုး ပြန်မရခဲ့ပါ။ ထိုကားကျေးဇူးတရား။ ကျွန်တော်တို့ ၏ အသိတရားသည်လည်း အတိုင်းအတာတစ်ခု အတွင်းသာ ရှိနေခဲ့ပေသည်။ မိခင်နို့ ဖိုးမကျေနိုင်သော်လည်း ကျွန်တော်တို့  အလှည့် အတတ်နိုင်ဆုံး ပြန်လည် ပေးဆက်ရမည်ကား အမှန်ပေ။
ထို့ နည်းအတူ ကျွန်တော်တို့  တောင်ပံစုံလျှက် မိုးပေါ်မပျံတက်ခင် ပညာရင်နို့ ချိုစို့  ခဲ့သော ဒုတိယရင်ခွင် ဖြစ်သည့် ဆရာသည်လည်း အတိုင်းအဆမဲ့ ကျေးဇူးရှင်တစ်ဦး အဖြစ်တည်ရှိနေဆဲပေ။ ထို့ အပေါ် ကျွန်တော်တို့  ဘာပြန်လုပ်ပေးနိုင်မည်နည်း။
နှစ်ဟောင်းတစ်နှစ်လွန်မြောက်ပြီးသော သကာလ....ကျွန်တော့်အတွေးစများ နောက်ပြန်ဆွဲလျှက် ရှိနေပေသည်။ အသစ်အဟောင်း ပုံပြင်များစွာထဲမှ (၂၀၀၈)ခုနှစ်မှာ စိတ်အကျေနပ်ဆုံး ဖြစ်ရပ်တစ်ခု စတင်ခဲ့သည်။
ဖြစ်ရပ်တစ်ခုအစမပျိုးခင် ဖြစ်စဉ်တစ်ခုတော့ ရှိစမြဲပါ။ ထိုကား...
(၁)
ထိုနေ့ က ကျွန်
No comments:
Post a Comment