လစဉ်လှုဒါန်းငွေကောက်ခံခြင်းနှင့် ကန်တော့ခံဆရာ၊ဆရာမများရွေးခြယ်ခြင်း
ဖေဖော်ဝါရီလ(၂၂)ရက်နေ့ တနင်္ဂနွေနေ့ တွင်ပြုလုပ်သော အစည်းဝေးဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီလအတွက် ကန်တော့ခံ ဆရာ၊ဆရာမများ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) ဦးကျော်ဝင်းသိန်း (Academic)
(၂) ဦးစောအုံးအုံး (MT)
(၃) ဦးကျော်တင်ဆန်း (EP)
(၄) ဦးခင်မောင်လတ် (MP)
(၅) ဒေါ်သစ်သစ်စိုး (Civil)
ဒီတစ်ပတ် ငွေဈေးကျလို့ တစ်ဦးကျ စင်္ကာပူဒေါ်လာ (၁၅၀)နှုန်း ယာယီအားဖြင့် ပေးလှုသွားရန် ဆုံးဖြတ်ထားပါသည်။ ဆရာ၊ဆရာမများစာရင်းမှာ ကုန်သလောက်နီးပါးရှိနေပြီဖြစ်၍ ထပ်မံတိုးချင်လျှင်သော်လည်းကောင်း၊ မေ့ကျန်ဆရာ၊ဆရာမများ ရှိခဲ့လျှင်သော်လည်းကောင်း အသိပေးနိုင် ပါသည်။ သို့  မဟုတ်ပါက အသစ်တစ်ကျော့ပြန်လည် ရွေးခြယ်သွားဖို့ ရန်ရှိပါသည်။
ကန်တော့ငွေပါဝင်လှုဒါန်းနေကြသူအားလုံး မည်သူမဆို စိတ်အား၊ လူအား၊ အကြံဥာဏ်အားဖြင့်ပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည်။ စင်္ကာပူရှိ သူငယ်ချင်းများသာမက မည်သည့်နေရာကမဆို ဤအစီအစဉ်တွင် ပါဝင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
No comments:
Post a Comment