Sunday, 8 March 2009

A guide for foreing worker(2)

နိုင်ငံခြားသားအလုပ်သမားများအတွက် လမ်းညွှန်

အပိုင်း(၂)

အလုပ်လုပ်ခွင့်ပါမစ်နှင့်စပ်လျင်းသော အချက်အလက်များ

အလုပ်လုပ်ကိုင်ခြင်း

အလုပ်လုပ်ခွင့်ပါမစ်များကို နိုင်ငံခြားသားများ စင်္ကာပူနိုင်ငံတွင် တရားဝင်အလုပ်လုပ်ခွင့်ရစေရန် ထုတ်ပေးထားခြင်း ဖြစ်ပါသည်။ အလုပ်လုပ်ခွင့်ပါမစ်တိုင်းတွင် ကိုင်ဆောင်ထားသူလိုက်နာရမည့် အချက်အလက်များကို ဖော်ပြထားပါသည်။



ယင်းတို့ မှာ......

(၁) ဖော်ပြထားသော အလုပ်ရှင်နှင့်လုပ်ငန်းအမျိုးအစားမှလွဲ၍ အခြားလုပ်ငန်းများနှင့် အလုပ်ရှင်များအတွက် အလုပ်လုပ်ခြင်းမပြုရန်

(၂) အခြားသော စီးပွားရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန်နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်းမပြုရန်

(၃) အလုပ်စတင်ချိန်မှအစပြု၍ သင်၏အလုပ်ရှင်မှထည့်သွင်းဖော်ပြထားသော လိပ်စာတွင်သာနေထိုင်ရန်

(အကယ်၍ သင်သည် အိမ်မှုကိစ္စများဆောင်ရွက်သည့် အလုပ်သမားတစ်ဦးဖြစ်ခဲ့လျှင် ယင်းသို့ သော အလုပ်များကိုသာ လုပ်ဆောင်ခွင့်ရှိပြီး    အလုပ်လုပ်ခွင့်ပါမစ်တွင် ဖော်ပြထားသည့် လိပ်စာတွင်သာ နေထိုင်ရပါမည်။)

(၄) စင်္ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသော ဆရာဝန်ထံတွင်သာ ဆေးစစ်မှုပြုလုပ်ရန်

(အကယ်၍ သင်သည် အလုပ်လုပ်ကိုင်နိုင်လောက်သည့် ကျန်းမာရေးနှင့် ပြည့်စုံခြင်းမရှိခဲ့လျှင် သင်၏မိခင်နိုင်ငံသို့ ပြန်လည်စေလွှတ်ခြင်း ခံရပါမည်။)

(၅) သင်၏ အလုပ်လုပ်ခွင့်ပါမစ်ကို သင်နှင့်တစ်ပါတည်း အမြဲယူဆောင်သွားရမည်ဖြစ်ပြီး အစိုးရအရာရှိတစ်ဦးဦးက စစ်ဆေးရန်တောင်းခံသည့်အခါ ထုတ်ပေးရပါမည်။

(၆) အလုပ်လုပ်ခွင့်ပါမစ်ကြီးကြပ်သူအားလိုအပ်လာပါက သင့်အနေဖြင့် ဆက်သွယ်ဆောင်ရွက်ရပါမည်။

အပြုအမူ

(၁) အလုပ်လုပ်ခွင့် ပါမစ်ကြီးကြပ်သူ၏ ထောက်ခံချက်မရရှိဘဲ စင်္ကာပူနိုင်ငံသား သို့ မဟုတ် စင်္ကာပူနိုင်ငံတွင် အခြေချနေထိုင်ခွင့်ရရှိထားသူ တစ်ဦးဦးနှင့် စင်္ကာပူနိုင်ငံတွင်လည်းကောင်း၊ အခြားသောနိုင်ငံများတွင်လည်းကောင်း လက်ထပ်ထိမ်းမြားခြင်းမပြုလုပ်ရန်

(ဤအချက်ကို သင်၏အလုပ်လုပ်ခွင့်ပါမစ်သက်တမ်းကုန်လွန်သွားချိန် သို့ မဟုတ် အလုပ်လုပ်ခွင့်ပါမစ်ကို ဖျက်သိမ်းခံရချိန်အထိ လိုက်နာရပါမည်။)

(၂) စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်နေစဉ်ကာလအတွင်း ကိုယ်ဝန်ဆောင်ခြင်း သို့ မဟုတ် ကလေးဖွားမြင်ခြင်းများ မပြုလုပ်ရန်။ အလုပ်လုပ်ခွင့် ပါမစ် ကြီးကြပ်သူ၏ထောက်ခံချက်ရယူပြီး စင်္ကာပူနိုင်ငံသား သို့ မဟုတ် စင်္ကာပူနိုင်ငံတွင် အခြေချနေထိုင်ခွင့် ရရှိထားသူတစ်ဦးဦးနှင့် လက်ထပ်ထိမ်းမြားခဲ့လျှင်မူ ဤအချက်ကို လိုက်နာရန် မလိုပါ။

(ဤအချက်ကို သင်၏အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းကုန်လွန်သွားချိန် သို့ မဟုတ် အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်းခံရချိန်အထိ လိုက်နာရပါမည်။)

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment