Sunday, 8 March 2009

Mon GTI

Mon GTI


မှိုင်းညို့ညို့တောင်တန်း
သူ့အမည် 'တောင်ညို' တဲ့လေ...
ဒို့အမိ GTI နဲ့အတူ။


ခန့်ညားတဲ့ မြေနီလမ်း
အများက တော်ဝင်လမ်း တဲ့လေ....
ဒို့ရဲ့ စက်မှုသိပ္ပံနဲ့အတူ။



မြင့်မားတဲ့ ကံ့ကော်တန်း
သင်းပျံ့တဲ့ ရနံ့တွေနဲ့လေ...
ဒို့များကျောင်းတော်နဲ့ အတူ။


အဖိုးတန်တဲ့ သီဟို၌တန်း
ကြင်နာသူတွေရဲ့ lover lane တဲ့လေ...
ဒို့ရဲ့ တက္ကသီလာနဲ့ အတူ။


ဂုဏ်ယူစရာ အလုပ်ရုံ
ခမ်းနားတင့်တယ်လှတဲ့ ရွှေဟင်္သာ
ကြည်နူးဖွယ် နှင်းမှုန်စက်တွေနဲ့
အစဉ်အမြဲသာ လှနေတော့မှာဖြင့်
တိုးလို့သာ ခိုင်မြဲ...
(အို..... အမိ)
Mon GTI ရယ်။


အေးနန္ဒာဝင်းမောင်(Civil)

30-09-1998 (WED)


ကျောင်းတော်ကြီးကို စတင်ပြီး မြင်ဖူးခဲ့ရတဲ့ ၁၉၉၅ ဒီဇင်ဘာလ ၁ ရက်နေ့က ရင်ခုန်သံရယ် ကျောင်းတော်ကြီးကိုခွဲခွာရခါနီး ၁၉၉၈ စက်တင်ဘာ ၃၀ ရက်နေ့က ခံစားချက်ရယ်ကိုပေါင်းပြီး ရေးဖြစ်ခဲ့တဲ့ စာလေးပါ။
-

No comments:

Post a Comment