အပိုင်း(၄)
အလုပ်လုပ်ကိုင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများ
အိမ်မှုကိစ္စများဆောင်ရွက်သည့် အလုပ်သမားများ
အိမ်မှုကိစ္စများဆောင်ရွက်ရန် လာရောက်အလုပ်လုပ်ကြသည့် နိုင်ငံခြားသားအလုပ်သမားများ(Foreign Domestic Workers-FDW)သည် နိုင်ငံခြားအလုပ်သမားများဆိုင်ရာ အက်ဥပဒေအပါအဝင် ပြဌာန်းထားသည့် အခြားသောဥပဒေများအရ လိုအပ်သော အကာအကွယ်ပေးမှုများ ခံစားခွင့်ရရှိရပါမည်။
ယင်းသို့ သော လုပ်သားများအားလုံးသည် လိုအပ်သောအစားအစာ၊ အနားယူချိန်၊ လုပ်ငန်းခွင်အန္တာရယ် ကင်းရှင်းမှု၊ လုံခြုံစိတ်ချရသော နေရာထိုင်ခင်းနှင့် သင့်လျှော်သောလစာခံစားခွင့်တို့ ကို ခံစားကြရပါမည်။ ဥပမာ-လစာထုတ်ပေးသောရက်မှ ခုနစ်ရက်အတွင်း သင်သည် လစာရရှိရပါမည်။ သင်၏အလုပ်ရှင်သည် လိုအပ်သော စောင့်ရှောက်မှုများ ပြုလုပ်ပေးရပြီး ဆေးဝါးကုသမှု ကုန်ကျစရိတ်၊ နေထိုင်မှုကုန်ကျစရိတ်တို့ ကျခံပေးခြင်းနှင့် သင်၏မိခင်နိုင်ငံသို့  အပြန်လေယာဉ်လက်မှတ် ဝယ်ယူပေးခြင်း စသည်တို့ ကို လုပ်ဆောင်ပေးရပါမည်။
သင်နှင့် သင်၏အလုပ်ရှင်တို့ သဘောတူညီထားသည့် လစာနှင့်ပါတ်သတ်သောအချက်အလက်များ၊ တာဝန်ယူရမည့်ကဏ္ဍများ၊ ကျန်းမာရေးနှင့်ပါတ်သတ်သော ခံစားခွင့်များနှင့် အလုပ်မှဖယ်ရှားခံရနိုင်မည့် အကြောင်းအရာများ ပါဝင်သော အလုပ်ကန်ထရိုက် တစ်စောင် ပြုလုပ်ရယူထားရပါမည်။ ဤသို့  ပြုလုပ်ခြင်းဖြင့် သင်၏အလုပ်ရှင်နှင့်သင်တို့  အကြား နောင်တစ်ချိန်တွင် ဖြစ်ပေါ်လာနိုင်သော အငြင်းပွားမှုများကို လျော့ချပေးနိုင်ပါလိမ့်မည်။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment