စင်္ကာပူရောက် ရွှေမြန်မာများနှစ်စဉ်နှစ်တိုင်းဆင်နွှဲနေကြဖြစ်သော တိုပါးရိုးဘုန်းကြီးကျောင်း သင်္ကြန်ပွဲနှင့် စတုဒီသာအလှုတွင် ကျွန်တော်တို့  Mon GTI/GTC /GTU ကျောင်းသူကျောင်းသားဟောင်းများ အဖွဲ့ မှ ကော်ပြန့် စိမ်းကျွေးမွေးလှုဒါန်းရန် စီစဉ်ထားပါသည်။ ယခုအချိန်ထိ အလှုငွေများကို နီးစပ်ရာသူငယ်ချင်းများစုစည်းကောက်ခံပြီးသော်လည်း ဆက်လက်၍ ထပ်မံပါဝင်လှုဒါန်းနိုင်ပါသည်။
လာမည့်စနေနေ့ တွင် ဈေးဝယ်ရန်စီစဉ်ထားပြီး ချက်ပြုတ်ရန် Clementi အဖွဲ့ နှင့် Toa Payoh အဖွဲ့ နှစ်ဖွဲ့ တာဝန်ယူထားပါသည်။ အကူအညီများစွာ လိုအပ်နေဆဲဖြစ်ပြီး နီးစပ်ရာနေရာများတွင် ဝိုင်းဝန်းကူညီနိုင်ပါသည်။ အလှုနေ့ ဖြစ်သော (၁၂-၃-၂၀၀၉) တနင်္ဂနွေနေ့ နံနက် (၆း၀၀)တွင် ဘုန်းကြီးကျောင်းသို့  အရောက်လာပြီး ကော်ပြန့် စိမ်းများ ဝိုင်းဝန်းကူညီပြုလုပ်ပေးရန်လည်း လိုအပ်နေပါသည်။
ကျွန်တော်တို့ ကျောင်းတော်ရင်ခွင်တစ်ခုတည်းမှ ထွက်ပေါ်လာသော သူငယ်ချင်း၊ညီအစ်ကို၊မောင်နှမများ အားလုံး တစ်တက်တစ်အား ဝိုင်းဝန်းပါဝင်ကြပါရန် တိုက်တွန်းအပ်ပါသည်။
လုပ်အား၊ လူအား၊ ငွေအားဖြင့် ပါဝင်လှုဒါန်းလိုသူများ အောက်ပါဖုန်းနံပါတ်များသို့  ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြပါသည်။
၁။ ကိုသောင်းဆွေဝင်း (၉၃၃၈၂၈၈၇)
၂။ မအေးနန္ဒာဝင်းမောင် (၉၁၀၈၇၈၁၅)
၃။ ကိုမင်းသူ (၉၁၀၉၄၆၅၇)
၎။ ကိုသန်းကျော်ဦး (၉၀၂၅၂၅၉၆)
၅။ မဇာဇာထွန်း (၉၄၂၄၈၆၁၅)
၆။ မအိအိခိုင် (၉၁၁၂၀၉၈၂)
၇။ ကိုကျော်လွင်ဝင်း (၉၃၈၃၇၃၂၄)
No comments:
Post a Comment