ကျွန်တော် ဒီအပိုင်း (၂) တွင်ရေးမှာကတော့ စင်ကာပူလာရန်အတွက် ဗီဇာဘယ်လိုလျှောက်ရမလဲ…ဆိုတာကို ရေးသွားပါ့မယ်…ဒီကိုလာတဲ့သူများက ကျောင်းဝင်ခွင့်ရလို့လာတဲ့သူ၊ မြန်မာနိုင်ငံကနေ တစ်ခါတည်း အလုပ်အပ်ပြီး အလုပ်ရလို့လာတဲ့သူ၊ နောက် မိမိရဲ့ ပညာအရည်အချင်း အတွေ့အကြုံ နဲ့အလည်လာပြီးကြိုးစား ကြည့်ချင်သူ ဆိုပြီးတော့ကွဲပြားတာကိုတွေ့ရပါတယ်..အားလုံးအတွက်ကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ စင်ကာပူသံရုံးတွင် Visa ဗီဇာ လျှောက်ရတာချည်းပါပဲ…ကျွန်တော်ပထမပိုင်းမှာ ရေးခဲ့သလို ဒီ ပို့စ်က ဒီကို အလည်လာပြီး အလုပ်ရှာဖို့အတွက် ရည်ရွယ်ပြီးရေးခဲ့ခြင်း ဖြစ်ပါတယ်။
၂. ဗီဇာ လျှေက်ထားခြင်း Visa Application
Entry Visa ဗီဇာ လျှေက်ထားရန်အတွက် အောက်ပါ အချက်အလက်များ လိုအပ်ပါတယ်။
၁. သက်တမ်းအနည်းဆုံး ၆ လ ကျန်ရှိသော Valid Passport စာအုပ်မူရင်း နှင့် မိတ္တူ
Passport အတွက် အနည်းဆုံးသက်တမ်း တစ်နှစ် ရှိထားသင့်ပါတယ်လို့ အကြံပေးလိုပါတယ်…
၂. One recent passport-sized photograph (Form 14A ညာဘက်ထောင့်အပေါ်တွင်ကပ်ရန်)
၃. လေယာဉ် လက်မှတ် အသွား အပြန် onward and return air ticket မူရင်းလက်မှတ်မရရှိနိုင်ပါက ဝယ်ယူမည့် Travelling Agent ထံမှ ထွက်ခွါ/ပြန်ဝင်မည့်နေ့ရက်နှင့် လေယာဉ်နံပါတ်ကို ကြိုတင်ရရှိနိုင်ပါတယ်…
၎. စင်္ကာပူတွင်နေ ထိုင်ခွင့်ရှိနေသော PR ဖြစ်ပြီးသူ ဆွေမျိုးညီအစ်ကိုမောင်နှမ သို့မဟုတ် သူငယ်ချင်း
တစ်ဦးဦး၏ မိမိအားခေါ်ရန်အတွက် စင်ကာပူသို့လာရောက်ခွင့်ပေးရန် စင်ကာပူသံရုံးသို့လိပ်မူပြီး
ရေးထားသောစာ (Letter from Local Sponsor in Singapore)
Letter of Introduction for Visa Application [Form V39A]
၅. ဖိတ်ခေါ်သူ၏ PR Card မူရင်း၏ မိတ္တူ
၆. Form 14Aံစာရွက်ကို သံရုံတွင် အခမဲ့ရရှိနိုင်ပါသည်။ ၄င်း Form 14A တွင် လိုအပ်သော အချက်အလက် များကို သေသပ်စွာ ဖြည့်ရပါမည်။
၇. 13FEC (Not $)
(Average processing time is two working days to get the Entry Visa)
ရှင်းပြချက်။ PR = Permanent Residence ဆိုသည်မှာ စင်ကာပူတွင် အမြဲတမ်း နေထိုင်ခွင့်
ရရှိထားသူဖြစ်ပြီး သူ့နှင့် တနည်းနည်းဖြင့် တော်စပ်သူ တစ်ဦးတစ်ယောက်ကို စင်ကာပူသို့ အလည်အပတ် လာရောက်ရန်အတွက်ဖိတ်ခေါ်နိုင်ခွင့် ရရှိထားသူဖြစ်ပါတယ်…သူ့တွင် ဖိတ်ခေါ်ခံရသူနှင့် ပတ်သက်ပြီး တာဝန် အများကြီး ယူထားရပါတယ်…ဒါကြောင့်ဖိတ်ခေါ်ခံရသူအနေနဲ့လည်း မိမိကို ခေါ်သော PR ဖြစ်သူ၏နာမည်နှင့် လိပ်စာကို အလွတ်သိပြောနိုင်အောင်ကြိုစားထားစေချင်ပါတယ်… Entry Visa အကြောင်းကို အောက်ပါ Website တွင်ဝင်ရောက် လေ့လာနိုင်ပါတယ်…
http://www.ica.gov.sg/page.aspx?pageid=168&secid=166
http://www.mfa.gov.sg/yangon/
PR Invitation Sponsor Letter မရခဲ့ဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ???
စင်ကာပူ သံရုံးတွင် Deposit S$ 650 ဆောင်ပြီး လာနိုင်ပါတယ်လို့သိရပါတယ်… ဒါက၂၀၀၇ ခုနှစ်က
ကျွန်တော့် အသိတစ်ယောက် လာခဲ့စဉ်တုန်းက ပေးထားခဲ့ရတာပါ…အခုလက်ရှိ နှုန်းကို သံရုံးတွင် သွားရောက် မေးမြန်း စုံစမ်းနိုင်ပါတယ်။ သိသူများရှိရင်လည်း Comment ထဲတွင် ရေးပေးသွား စေချင်ပါတယ်…
မြန်မာနိုင်ငံရှိ စင်ကာပူသံရုံး၏လိပ်စာကတော့…
238 Dhamazedi Road
Bahan Township
Yangon
http://www.mfa.gov.sg/yangon/
Consular Service: from 9:30am to 11:30 am for visa application
from 2:30 pm to 4:00 pm for visa collection
၃. လေယာဉ် လက်မှတ် ဝယ်ယူခြင်း Buying Air ticket
လေယာဉ်လက်မှတ်ရောင်းသော Travelling Agent ထံတွင် တိုင်ပင်ဆွေးနွေ်းံနိုင်ပါတယ်။
YGN-SG (Silk Air Line) Rounded Trip Ticket US 400++ (onward/return)
SG-YGN (MAI Air Line) Rounded Trip Ticket US 350++ (onward/return)
ဈေးနှုံး များကတော့ ၃လ လက်မှတ်ကို အခြေခံပြီး ရေးထားတာပါ အခြေအနေ အချိန် အခါ တွင် မူတည်ပြီးပြောင်းလဲတတ်ပါတယ်။ ဒီထက် လည်း နည်းနိုင်သလို များလည်းများနိုင် ပါတယ်…. တခါတရံ မှာ Discount ရ တတ်ပါတယ်… သာမန်အားဖြင့် အလည်လာပြီးအလုပ်ရှာသောသူ
အတွက် ၃လ လက်မှတ်အသွားအပြန်လက်မှတ်ကို ဝယ်ရမှာဖြစ်ပါတယ်…
ဆက်လက်ဖော်ပြပါမည်>>>
လေးစားစွာဖြင့်
ကိုမြိတ်
No comments:
Post a Comment