ပြီးခဲ့တဲ့ စက်တင်ဘာလတွင် ကျွန်တော်တို့ ရဲ့  ဆိုဒ် အတိုက်ခံလိုက်ရတဲ့ အကြောင်းရင်းနဲ့  ဖြေရှင်းဖို့ နည်းလမ်းများကို အသိပေးလို၍ သည်စာကို ရေးသားလိုက်ပါတယ်။ ပထမဦးစွာ အားလုံးမျက်စိရှုပ်နေတဲ့ ဆိုဒ်နှစ်ခုဖြစ်နေရတဲ့ အကြောင်းရင်းကို ပြောလိုပါတယ်။ ကျွန်တော်တို့ အဖွဲ့ ရဲ့  ပထမဆုံး သတင်းအချက်အလက်နဲ့ ပတ်သက်လို့  တင်ပြဖို့ စသုံးခဲ့တဲ့ ဆိုဒ်ကနေ အခုကျွန်တော်တို့  လက်ရှိသုံးနေတဲ့ ဆိုဒ်အထိ အားလုံး လေးခုရှိပါတယ်။
(၁) Alma-Mater
ဒီဆိုဒ်ကိုတော့ မအေးနန္ဒာဝင်းမောင်က စလုပ်ခဲ့ပါတယ်။ Blogspot ဖလက်ဖောင်းပေါ်မှာ လုပ်ထားတာဖြစ်ပါတယ်။ အားသာချက်က free ဖြစ်ပြီး အားနည်းချက်ကတော့ နေရာ(အထူးသဖြင့် မြန်မာနိုင်ငံဖက်)က ကြည့်ရှု၍ ခက်ခဲခြင်း သာဖြစ်ပါတယ်။
(၂) www.mongti.co.cc
ထို့ နောက် Free တစ်ခုပင်ဖြစ်သော www.mongti.co.cc ဆိုတဲ့ domain name နဲ့  Free Hosting တစ်ခုဖြစ်သော http://www.000webhost.com/ မှာ တင်ပြီး စသုံးခဲ့ပါတယ်။ အားသာချက်ကတော့ အားလုံးကြည့်ရှုရ အဆင်ပြေခဲ့ပြီး မြန်မာနိုင်ငံမှ ဆရာ၊ဆရာမများ အပါအဝင် လူသိများလာခဲ့ပါတယ်။ အားနည်းချက်ကတော့ hosting space 1 GB သာရရှိပြီး free domain name co.cc မှ တစ်နှစ်ခန့် အကြာတွင် သူတို့  domain name အတွက် ပိုက်ဆံတောင်းလာခဲ့ပါတယ်။ ပိုက်ဆံက သိပ်မများပေမယ့် ပိုက်ဆံပေးရတာခြင်းတူတူ ပိုကောင်းတာ သုံးမယ်ဆိုပြီး ကျွန်တော်၊ ကိုကျော်ကျော်အောင်၊ ကိုမြိတ် စတဲ့သူငယ်ချင်းများက ဝိုင်းဝန်းစဉ်းစားပြီး www.mongti.com ကို စလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ က professional တွေမဟုတ်တော့ လေ့လာ စမ်းသပ်ရင်း သင်ယူကြိုးပမ်းလာခဲ့ခြင်းသာ ဖြစ်ပါတယ်။
(၃) www.mongti.com
ဒီလိုနဲ့  www.mongti.com ဆိုပြီးဖြစ်လာရတာကတော့ ကိုကျော်ကျော်အောင်နဲ့ သူငယ်ချင်းများရဲ့  စပွန်ဆာလို့  ပြောရမယ် ဖြစ်ပါတယ်။ domain name + hosting package ကို ဝယ်ပေးခဲ့ပါတယ်။ unlimited ရတဲ့ အတွက် professional ဆန်လာခဲ့ပြီး ကိုယ်ပိုင် ဒိုမိန်းနဲ့  email တွေ ကိုဖန်တီးပေးဖို့  ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ အားနည်းချက်ကတော့ အားလုံးသိတဲ့အတိုင်းပဲ လွန်ခဲ့တဲ့ စက်တင်ဘာလမှာ hack ခံလိုက်ရပါတယ်။ တကယ်တော့ hosting ကို တိုက်ခိုက်တာပါ။
သူတို့ ပေးတဲ့ ဝန်ဆောင်မှုနဲ့ ဈေးနှုန်းက အများကြီး သက်သာနေတာမို့ လို့  တိုက်တာပါ။ ကျွန်တော်တို့ ဆိုဒ်အပြင် မြောက်များစွာသော ဆိုဒ်များအားလုံးလိုလို ဒေါင်းသွားခဲ့ပါတယ်။ hosting ကတာဝန်ရှိသူတွေဖြေရှင်းပြီး တစ်ပတ်လောက်ကြာတော့ ပြန်သုံးလို့ ရခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ကရှေ့ ဆက်ပြီး ရပ်တည်ရအခက်အခဲရှိတယ်လို့  အကြောင်းကြားပြီး ပေးထားတဲ့ငွေအစား ကူပွန်ကုတ် ထုတ်ပေးပါတယ်။
အဲဒီကုတ်နဲ့  သူတို့ လက်လွှဲလိုက်တဲ့ hostgator ဆိုတဲ့ hosting ကို သုံးဖို့ စီစဉ်ပေးပါတယ်။ ကျွန်တော်တို့ စုံစမ်းကြည့်တော့ hosting လောကမှာ top 10 စာရင်းဝင်ပါတယ်။ ဈေးနှုန်းက မြင့်ပါတယ်။ လက်ရှိကျွန်တော်တို့ ရထားတဲ့ ကုတ်နဲ့ sign up လုပ်တာ တစ်နှစ်စာပဲ ရထားပါတယ်။ ဒီလအတွင်းမှာ ကျွန်တော်တို့  data တွေ ပြောင်းမှာဖြစ်လို့  www.mongti.com က ယာယီ ရပ်နားထားမှာဖြစ်ပါတယ်။
(4) www.mongti.ning.com
သည်ဆိုဒ်ကိုတော့ Mon GTI/GTC/GTU ဆုံဆည်းရာဆိုပြီး အွန်လိုင်းကွန်မြူနီတီ အနေနဲ့ သုံးဖို့ ဖန်တီးခဲ့ပါတယ်။ Social Network တစ်ခုဖြစ်ပြီး free တစ်ခုပါပဲ။ အားလုံး member ဝင်ပြီး ကိုယ်နှစ်သက်သလို လုပ်နိုင်ဖို့ နဲ့ သူငယ်ချင်းများနဲ့ ဆက်သွယ်ရ အဆင်ပြေဖို့  လုပ်ထားတာပါ။
ကျွန်တော်တို့ ရဲ့ စိတ်ကူးကတော့ သတင်းအချက်အလက်များကို ထုတ်ပြန်ကြေငြာဖို့  website တစ်ခုနဲ့  အားလုံးလွယ်လွယ်ကူကူ အသုံးပြုဆက်သွယ်နိုင်သော Social Network တစ်ခုဆိုပြီး နှစ်ခုသုံးချင်တာပါ။ ရည်ရွယ်ချက်ချင်း မတူပါဘူး။ ဒါပေမယ့် ပြသာနာတစ်ခုက လက်ရှိဆိုဒ်လေးခုစလုံး ရှိနေသေးပါတယ်။ နောင်ဆိုရင် www.mongti.com နဲ့  www.mongti.ning.com ကိုပဲ အသုံးပြုသွားမှာပါ။ လောလောဆည် ရှုပ်ထွေးနေတယ်လို့ နားလည်ပေမယ့် ဆိုဒ်မတည်ငြိမ်သေးလို့  www.mongti.co.cc ကို ဆက်လက်ထားရှိပါတယ်။ ရည်ရွယ်ချက်က တစ်ခုခု အဆင်မပြေရင် back up အသုံးပြုနိုင်ဖို့ ပဲဖြစ်ပါတယ်။ အဲဒါကြောင့် လောလောဆည် ဆိုဒ် Hosting အပြောင်းအရွှ့ မှာ www.mongti.co.cc မှာ ကျွန်တော်တို့  ပို့ စ်တွေ up date ဆက်လုပ်ပေးနေပါမယ်။ အခုလောက်ဆိုရင် ရှုပ်ထွေးနေတဲ့ အကြောင်းရင်းကို နားလည်လောက်ပြီထင်ပါတယ်။
နည်းလမ်းများ
ဆက်လက်ပြီးတော့ ရှေ့ ဆက်သွားဖို့ စဉ်းစားထားတဲ့ နည်းလမ်းများကို ပြောပြပါမယ်။ www.mongti.com ဟာ ရှေ့ လကနေ လာမယ့်နှစ်အထိ အဆင်ပြေနေမှာဖြစ်ပြီး တစ်နှစ်ပြည့်တဲ့အချိန်မှာ သက်တမ်းတိုးရမယ့် ပြသာနာ ပေါ်လာမှာဖြစ်ပါတယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့  တစ်ခုခုဆုံးဖြတ်ဖို့  လိုအပ်လာမှာဖြစ်ပါတယ်။
(၁) သက်တမ်းတိုးခြင်း
သက်တမ်းထပ်တိုးမယ်ဆိုရင် လစဉ်ကြေးအနိမ့်ဆုံး အမေရိကန် ၅ ဒေါ်လာကနေ ၈ ဒေါ်လာခန့် ကုန်ကျနိုင်ပါတယ်။ ဒီနည်းလမ်းကတော့ အကောင်းဆုံးဖြစ်ပြီး ငွေကြေးရန်ပုံငွေလိုအပ်ပါတယ်။ ရန်ပုံငွေကိုတော့ ပြင်ပ အလှုရှင်တွေဆီကပဲ မျှော်လင့်ထားပြီး ဆရာကန်တော့ငွေ ဘတ်ဂျက်ထဲက လုံးဝမသုံးချင်ပါဘူး။
(၂) ဒိုမိန်းဝယ်သုံးခြင်း
အကယ်၍ ရန်ပုံငွေမရရှိခဲ့ဘူးဆိုရင် ဒိုမိန်းဝယ်သုံးပြီး အဆင်ပြေသော Free hosting မှာ အသုံးပြုနိုင်ပါသည်။ ဒိုမိန်းအတွက် နှစ်စဉ် US $ 10 ခန့်  ကုန်ကျနိုင်ပြီး Blogspot, Wordpress သို့ မဟုတ် 000webhost ကဲ့သို့ သော hosting မှာ အသုံးပြုနိုင်ပါတယ်။ Fully customize မဖြစ်နိုင်သော်လည်း ဖြေရှင်းဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။
(၃) အကောင်းဆုံး Free ကို ပြောင်းလဲသုံးစွဲခြင်း
သည်နည်းလမ်းကတော့ ကျွန်တော်တို့ သိပ်စဉ်းစားစရာမလိုပါဘူး။ လက်ရှိ www.mongti.ning.com ကဲ့သို့ သော ဆိုဒ်မျိုးဖြစ်ပြီး သူတို့  ပေးထားသော format အတိုင်း အဆင်ပြေတဲ့အချိန်အထိ ယူသုံးနေယုံပါပဲ။
ကျွန်တော့်အနေနဲ့ ကတော့ အစတစ်ခုလုပ်ပြီးမှ နောက်ဆုတ်ဖို့ ခက်ခဲနေပါတယ်။ လက်ရှိ www.mongti.com နဲ့  www.mongti.co.cc ဒိုမိန်းကို သံယောဇဉ်ဖြစ်ပြီး မူပိုင်ဝယ်ထားလိုက်ချင်ပါတယ်။ Hosting ကိုတော့ ငွေကြေးအခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်သွားလိုပါတယ်။ Hosting ပါဝယ်သုံးနိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။
နောက်တစ်ခုက website ကို မီဒီယာတစ်ခုအဆင့်ထိဖြစ်အောင် လုပ်ဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော်တို့ ရဲ့  trade mark တစ်ခုအဖြစ်ကနေ မီဒီယာအဆင့်သို့ ရောက်အောင်သွားဖို့  အကူအညီနဲ့  အင်အားများစွာ လိုအပ်ပါတယ်။ ထို့ ကြောင့် သူငယ်ချင်း၊ မိတ်ဆွေ၊ ညီအစ်ကို မောင်နှမများ အားလုံးထံမှ အကူအညီများ၊ အကြံဥာဏ်များကို မျှော်လင့်နေပါတယ်လို့ ပြောကြားလိုပါတယ်။
လေးစားစွာဖြင့်……
Min Thu (EP 99)
No comments:
Post a Comment