Thursday, 26 November 2009

နားရှိသောသူမည်သည်ကား ကြားပါစေ

အို...နံနက်ခင်း
သင့်ကိုနိုးထခွင့်ပေးစေ၊
ငါတို့ အားယူရာအလင်း
သင်ဖြစ်စေ၊
စိုက်ပျိုးခဲ့သောအစေ့
မျိုးပေါက်စေ၊
ရိတ်သိမ်းချိန်အာရုံဦး
တိုးထွက်စေ၊


မမြင်တွေ့ ရသောအနာဂတ်
ရှင်းသန့် စေ၊
ငါတို့ ရပ်တည်ရာအရပ်
ငြိမ်းချမ်းစေ၊
ဤကမ္ဘာမြေကိုတိုင်တည်၍
ဤသီချင်းကို ငါတို့ ရွတ်ဆို၏၊
နားရှိသောသူမည်သည်ကား
ကြားပါစေ။ ။

(ဂျိုင်းရန့် )

1 comment:

  1. မမြင်တွေ့ ရသေးတဲ့အနာဂတ်ရှင်းသန့် စေဖို.အတွက်လည်းအလိုရှိတယ်။
    ရပ်တည်ရာအရပ်၊ရပ်တည်ခဲ့တဲ့အရပ်ငြိမ်းချမ်းစေဖို.ကိုတော့ပိုအလိုရှိတယ်။
    ကြားမိလို.တုန်.ပြန်ပါတယ်ကဗျာဆရာ။

    ReplyDelete