အရင်တုန်းကတော့
မျှော်လင့်ခြင်းတွေကို ရင်ဘတ်ထဲထည့်လို့ 
အသက်ရှုနေကြပေါ့။
ကြာတော့လည်း
အဲဒီ ရင်ဘတ်ထဲ ကောင်ဟာ
ကမ္ဘာကြီးကို မျှော်ကြည့် ရင်း
ကြီးရင့်လာတယ်။
ပြီးတော့
ပုတ်သိုးသွားတယ်။
မထုတ်ကြည့်ကြဘူး.....
ထုတ်မရေကြည့်ကြဘူး....
ဘယ်လောက်ရှိနေမှန်းတောင်
မသိနိုင်တော့။
နေ့ ရက်များစွာထဲမှာ
ကြောက်ရွံ့ စွာ ရုန်းကန်လို့ 
ဒီလိုနဲ့ 
နောက်ဆုံးနေ့ အထိ.....
ငြီးတွားဟစ်အော်နေတဲ့ ဝိဥာဉ်တွေက
ရိုဘော့တစ် နှလုံးသားက ထွက်ကျလာတဲ့
မြေပုံလမ်းညွှန်တွေ မလိုချင်တော့ဘူးလေ။
တစ်နဲ့ သုညသာရှိတဲ့ ဒီလောကမှာ
ဘာလို့ များ ဘောင်ဒရီ ပေါ်လစီနဲ့ 
အသက်ရှင်နေချင်သေးလဲ။
ကျွန်တော်လည်း
နောက်ဆုံးထွက်သက်မတိုင်ခင်
ဆုတောင်းချင်သေးတယ်....
ဖြစ်လေရာဘဝမှာ
ရန်သူမျိုးငါးပါးကင်းတဲ့ မြန်မာနိုင်ငံမှာ
လူဖြစ်ရလိုပါ၏။ ။
(ဂျိုင်းရန့် )
ဖက်ရတာ ရင်ကိုထိတယ်
ReplyDelete