Sunday, 13 December 2009

မြန်မာနည်းပညာကျောင်းသူကျောင်းသားများအတွက်သတင်းကောင်းတစ်ပုဒ်

(ပြီးခဲ့တဲ့အပတ်ထုတ် Weekly Eleven ဂျာနုယ်မှာပါတဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ ကြိုးစားချင်စိတ်အပြည့်ရှိတဲ့ ကျွန်တော်တို့ ညီငယ်ညီမငယ်များအတွက် အားတက်စေမယ့် သတင်းတစ်ပုဒ်ဖြစ်ပြီး မူရင်းပို့ စ်ကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။)



Eleven



စင်္ကာပူသမ္မတနိုင်ငံရှိ နိုင်ငံတကာအသိအမှတ်ပြု အစိုးရတက္ကသိုလ်ကြီးသုံးခုဖြစ်သော NTU(Nayang Technological University) ၊ NUS(National University of Singapore) နှင့် SMU(Singapore Management University) တို့ မှ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ နည်းပညာတက္ကသိုလ်၊ကောလိပ်၊သိပ္ပံများနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပညာသင်ကြားနေဆဲဖြစ်သောကျောင်းသူကျောင်းသားအား အချိန်ပြည့်ဘွဲ့ သင်တန်း(Full Time Under-graduate Degree Course)အတွက် ပညာသင်ဆုများပေးအပ်ရန်ကမ်းလှမ်းလာကြောင်း သတင်းရရှိသည်။

ပညာသင်ဆုများလျှောက်ထားရာတွင် ၂၀၀၈-၂၀၀၉ ပညာသင်နှစ်၊အစိုးရနည်းပညာတက္ကသိုလ်၊ကောလိပ်၊သိပ္ပံများမှ A.G.T.I ပထမနှစ်စာမေးပွဲတွင် ဘာသာရပ်အလိုက် တစ်နိုင်ငံလုံး အဆင့်(၁)မှ(၁၀)အတွင်း ရရှိခဲ့သူများ လျှေက်ထားရမည်ဟုသိရှိရပြီး ပညာသင်ဆုလျှောက်ထားခွင့်ရရှိသူ ကျောင်းသားကျောင်းသူများသည် ရေးဖြေနှင့်နှုတ်ဖြေအရည်အချင်းစစ်စာမေးပွဲများကို ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပညာသင်ဆုပေးအပ်ရန်ကမ်းလှမ်းလာသောဘာသာရပ်များမှာနည်းပညာတက္ကသိုလ်၊ကောလိပ်၊သိပ္ပံများမှမြို့ ပြဘာသာရပ်၊စက်မှုစွမ်းအားဘာသာရပ်၊CNCဘာသာရပ်၊လျှပ်စစ်ဆက်သွယ်ဘာသာရပ်၊ လျှပ်စစ်စွမ်းအားဘာသာရပ်၊ စက်မှုအီလက်ထရွန်းနစ်ဘာသာရပ်၊ သုတနည်းပညာဘာသာရပ်နှင့် ကွန်ပျူတာကက္ကသိုလ်မှကွန်ပျူတာဘာသာရပ်တို့ ဖြစ်သည်။

ပညာသင်ဆုရရှိသည့်ကျောင်းသူကျောင်းသားများအနေဖြင့် ပညာသင်ကြားနေစဉ်အတွင်း ကျောင်းလခ၊စားစရိတ်၊သက်ဆိုင်ရာကျောင်းရှိအဆောင်များတွင်နေထိုင်ခွင့်၊ မြန်မာနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ သွားရောက်ရမည့်အသွားအပြန်လေယာဉ်စားရိတ်နှင့် တစ်နှစ်လျှင်စင်္ကာပူဒေါ်လာ(၄၃၀၀)ကို ခံစားခွင့် ရမည်ဖြစ်သည်။

ပညာသင်ဆုအတွက်အရည်အချင်းစစ်စာမေးပွဲကိုလာမည့်ဒီဇင်ဘာ(၅)ရက်နေ့ တွင်ဖြေဆိုရမည်ဖြစ်ပြီး မြန်မာနိုင်ငံအောက်ပိုင်း နည်းပညာတက္ကသိုလ်၊ကောလိပ်၊သိပ္ပံများနှင့် ကွန်ပျူတာတက္ကသိုလ် ကျောင်းသူကျောင်းသားများအတွက်ရန်ကုန်နည်းပညာတက္ကသိုလ်တွင်ဖြေဆိုကြရပြီးမြန်မာနိုင်ငံအထက်ပိုင်းရှိကျောင်းသားကျောင်းသားများမှာMandalayနည်းပညာတက္ကသိုလ်တွင်ဖြေဆိုကြရမည် ဖြစ်ကြောင်း သိရှိရပါသည်။

(Ref: Weekly Eleven Journal)

No comments:

Post a Comment