Saturday, 12 December 2009

တစ်ချိန်က ကံ့ကော်ရိပ်

''တစ်ချိန်က ကံ့ကော်ရိပ်''


သြော်.....ကံ့ကော်ရယ်
နှောင်းသွားပြီးလေ..
တစ်ခါက တူနှစ်ကိုယ်
သီဆိုခဲ့တဲ့ ရင်ခုန်သံတွေကို
လွမ်းမိပါရဲ့....



သြော်....မြေညီလမ်းလေးရယ်
စိမ်းကားသွားပြီးလေ..
တစ်ချိန်က တူလက်တွဲ
လျှောက်ခဲ့ဖူးတဲ့
ကြည်နူးစရာ တစ်ထောင့်တစ်ရာကို
လှမ်းမျှော်မိပါရဲ့


သြော်....ရွှေဟင်္သာရယ်
ဝေးသွားပြီလေ...
ဟိုတုန်းက အတူတူထိုင်ခဲ့ဖူးတဲ့
နှလုံးသား လှေကားထစ်လေးက
စကားသံတွေကို
တမ်းတမိပါရဲ့


သြော်...သက်ဆိုင်သူရယ်
ဆွေးသွားပြီလေ...
မနက်ခင်းတိုင်း
ငေးမောခဲ့တဲ့ မင်းရဲ့
ဖယောင်းပွင့် သဏ္ဍာန်
အပြုံးလေးတွေကို
သတိရမိပါရဲ့


သြော်...ကျောင်းတော်ကြီးရယ်
အိပ်ပျော်သွားပြီလေ..
တစ်ချိန်က...
ပျော်မြူးခဲ့တဲ့ ပုံရိပ်တွေကို
တွေးတောမိပါရဲ့


ကဗျာချစ်သူ(ကိုဇင်)

No comments:

Post a Comment