Wednesday, 23 December 2009

ဒီဇင်ဘာလပတ်အစည်းအဝေးမှတ်တမ်း

မွန်ဂျီတီအိုင် ကျောင်းသူ/ကျောင်းသားဟောင်းများ၏ ဒီဇင်ဘာလပတ် အစည်းအဝေးကို  CHOA CHU KANG ရှိ  မဇာဇာထွန်းရဲ့ နေအိမ်မှာ (၁၂.၁၂.၂၀၀၉)က ကျင်းပခဲ့ပါတယ်။ အစည်းအဝေးသို့  ကိုသောင်းဆွေဝင်း(95-MP)၊ စောအောင်ထွန်းဦး(97-MT)၊ ကိုနိုင်ဝင်း(99-EC)၊ ကိုအောင်ခိုင်လင်း(98-MP)၊ မအေးနန္ဒာဝင်းမောင်(97-CIVIL)၊ မဝေဝေနွယ်(97-MT)၊ မကြေးမုံဝင်း(99-EP)၊ မဇာဇာထွန်း(2000-CIVIL)၊ တို့  တက်ရောက်ခဲ့ကြပါတယ်။



ဒီဇင်ဘာလ အတွက် အလှူငွေထည့်ဝင်ခြင်းနှင့် ကန်တော့ခံ ဆရာဆရာမ ရွေးချယ်ခြင်း -

ဒီဇင်ဘာလအတွက်ကောက်ခံရရှိတဲ့အလှူငွေစာရင်းကိုဘဏ္ဍာထိန်းမဝေေ၀နွယ်ကသူငယ်ချင်းအားလုံးဆီကိုEmailနဲ့အကြောင်းကြားပေးပါလိမ့်မယ်။ ဒီဇင်ဘာလအတွက်ကန်တော့ခံဆရာဆရာမများအဖြစ်

၁။ဒေါ်ရီရီမြင့်(Civil)

၂။ဦးသိန်းဝင်း(Acd)

၃။ဦးဌေးဝင်း(Principle)

၎။ဦးအောင်ကျော်ဇော်(MP)

၅။ ဦးအေးကျော် (MT)

၆။ဒေါ်သင်္ဂီစိုး(EC) တို.ကိုရွေးချယ်ခဲ့ကြပါတယ်။

ငွေလွှဲလမ်းကြောင်းကတော့စင်ကာပူ-မကေသီထွန်း-ကန်တော့ခံဆရာဆရာမများဖြစ်ပါတယ်။စင်ကာပူရောက်ဆရာဦးအေးကျော်ကိုစောအောင်ထွန်းဦးမှဆက်သွယ်ပြီးကန်တော့ငွေပေးပို.မှာဖြစ်ပါတယ်။ မကေသီထွန်းဆီသို့ ကျန်ဆရာဆရာမ ၅ ဦးရဲ့ လိပ်စာများကို Email ပေးပို.ပါလိမ့်မယ်။

ကျေးဇူးတင်လွှာ

ကျွန်မတို့အဖွဲ.ရဲ.သက်တမ်းဟာ၂နှစ်ဆိုတဲ့နားကိုချဉ်းကပ်နေပါပြီး။ကျွန်မတို.မှာအားနည်းချက်တွေ၊လစ်ဟာမှုတွေရှိနေမှာပါ။ဝေဖန်အကြံပြုပါလို့  သူငယ်ချင်းညီအကိုမောင်နှမများအားလုံးကို ဖိတ်ခေါ်ပါတယ်။ အခုအချိန်ထိ စိတ်တူကိုယ်တူ ဆက်လှမ်းနေကြသူများကိုလည်း အဖွဲ.ကိုယ်စားကျေးဇူးအထူးတင်ရှိပါကြောင်း….။

လေးစားစွာဖြင့်

ကြေးမုံဝင်း(99-EP)

No comments:

Post a Comment