Wednesday, 23 December 2009
နိုဝင်ဘာလပတ်အစည်းအဝေးမှတ်တမ်း
မွန်ဂျီတီအိုင်ကျောင်းသူ/ကျောင်းသားဟောင်းများ၏ နိုဝင်ဘာလပတ်အစည်းအဝေးကို CHOA CHU KANG ရှိ မဇာဇာထွန်းရဲ.အိမ်တက်မင်္ဂလာနဲ.အတူ သူမရဲ.နေအိမ်မှာ (၁၅.၁၁.၂၀၀၉)က ကျင်းပခဲ့ပါတယ်။ အစည်းအဝေးသို. ကိုဝင်းကျော်မိုး(92EP)၊ ကိုအေးမင်းစိုး(92MP)၊ ကိုသောင်းဆွေဝင်း(95MP)၊ စောအောင်ထွန်းဦး(97MT)၊ ကိုကျော်လွင်ဝင်း(96-MP)၊ ကိုမင်းသူ(99-EP)၊ ကိုနိုင်ဝင်း(99-EC)၊ ကိုဇင်မင်းအောင်(2000-IT)၊ ကိုထွေးစိုးဟန်(2000-EP)၊ မခင်ထိပ်တင်(97-CIVIL)၊မနွယ်ဇင်နှင်း(97-MT)၊ မအိအိခိုင်(98-EP)၊ မစုမာဝင်း(97-CIVIL)၊ မဥမ္မာမြင့်(97-CIVIL)၊ မရည်မွန်သောင်း(97-CIVIL)၊မကြေးမုံဝင်း(99-EP)၊ မဇာဇာထွန်း(2000-CIVIL)၊ မပပဆွေ(2000-CIVIL) တို.တက်ရောက်ခဲ့ကြပါတယ်။
၁။ နိုဝင်ဘာလ အတွက် အလှူငွေထည့်ဝင်ခြင်းနှင့် ကန်တော့ခံ ဆရာဆရာမ ရွေးချယ်ခြင်း -
နိုဝင်ဘာလအတွက်ကောက်ခံရရှိတဲ့အလှူငွေစာရင်းကိုဘဏ္ဍာထိန်းမဝေေ၀နွယ်ကသူငယ်ချင်းအားလုံးဆီကိုEmailနဲ့ အကြောင်းကြားပေးပါလိမ့်မယ်။
နိုဝင်ဘာလလအတွက်ကန်တော့ခံဆရာဆရာမများအဖြစ်
၁။ဒေါ်မာမာစိန်(Civil)
၂။ဒေါ်သင်းသင်းအေး(Acd)
၃။ဦးကျော်တင့်ဆန်း(EP)
၎။ဦးစောဖောအောင်(Acd)
၅။ ဦးအောင်ခင် (MT)
၆။ဒေါ်အေးအေးမော် (EC) တို.ကိုရွေးချယ်ခဲ့ကြပါတယ်။
ယခုလ အတွက် စာပေဌာနမှ ဆရာနှစ်ဦးရွေးခြယ် ခဲ့ပြီးဖြစ်သောကြောင့်  2010 January လတွင် Mechanical ဌာန မှ ဆရာနှစ်ဦးရွေးခြယ် မည်ဖြစ်ပါသည်။
ငွေလွှဲလမ်းကြောင်းကတော့ စင်ကာပူ-မော်လမြိုင်-ဒေါ်ဥမ္မာသူ-ကန်တော့ခံ ဆရာဆရာမများ ဖြစ်ပါတယ်။
၂။ ရန်ကုန်ဆရာကန်တော့ပွဲအတွက် အလှူငွေထည့်ဝင်ခြင်း။
ရန်ကုန်ရှိGTI ကျောင်းသူကျောင်းသားဟောင်းများရဲ.နှစ်စဉ် December တွင်ကျင်းပသောအာစရိယ ပူဇော်ပွဲသို့  စင်ကာပူရောက် MON GTI ကျောင်းသူကျောင်းသားဟောင်းများအဖွဲ.မှ မြန်မာငွေကျပ် 2 သိန်း ကို ထည့်ဝင်လှူဒါန်းသွားဖို့  အတည်ပြုခဲ့ကြပါတယ်။ တစ်ဦးချင်းပါဝင်လှူဒါန်းလိုသူများ သက်ဆိုင်ကိုယ်စားလှယ်များသို.ဆက်သွယ်လှူဒါန်းနိုင်တယ်။
၃။ ဖြည့်စွက်အကြံပြုချက်များကိုဆွေးနွှေးခြင်း။
ဆရာဆရာမများရဲ့ နာမည်နှင့်လိပ်စာများကိုလည်းကျောင်းသူကျောင်းသားဟောင်းများလွယ်ကူစွာသိရှိနိုင်ဖို့ အတွက်www.mongti.comမှာ တင်သင့်ပါကြောင်း ကျောင်းသားဟောင်းတစ်ဦးမှ တင်ပြသွားပါတယ်။
၎။စာရေးသူအမှာ
အစည်းအဝေးတက်ရောက်လာပြီး ဝိုင်းဝန်းတိုင်ပင်ဆွေးနွေးပေးခဲ့ကြသော သူငယ်ချင်း၊ ညီအစ်ကိုမောင်နှမများအားလုံးကို အထူး ကျေးဇူးတင် ပါတယ်။ မိမိတို့ နှင့် နီးစပ်သော ၁၉၉၅ ခုနှစ်မတိုင်ခင် တာဝန်ထမ်းဆောင်သွားခဲ့ကြသော ဆရာ၊ဆရာမများကို နာမည်၊ နေရပ်လိပ်စာများ သိရှိပါက စာရင်းပေးသွင်းကြပါလို့ တိုက်တွန်းလိုပါတယ်။
တောင်းပန်လွှာ
အစည်းအဝေးမှတ်တမ်းကို အချိန်နှောင်းမှ upload  ပြုလုပ်ခြင်း ကို နားလည် ပေးကြပါလို.။
လေးစားစွာဖြင့်…….
မကြေးမုံဝင်း(EP,99)
No comments:
Post a Comment